Tuesday, August 31, 2010

ကိုကိုကျောင်းသွားနေတဲ့အချိန်ချစ်သူအပျင်းပြေဖတ်ဖို့ဟာသလေးများ

0

စွမ်းရည်...

ဂျွန်နဲ့တယ်ရီတို့က သင်္ဘောတစ်စင်းပေါ် အတူခရီးသွားရင်း အသိအကျွမ်းဖြစ်နေကြပါတယ်။
ဂျွန်က ရေမကူးတတ်သူမို့ အခုနေများ တစ်ခုခုဖြစ်ရင်
အသက်ဘေးနဲ့ ရင်ဆိုင်ရမှာကြောက်မိတယ်လို့ တယ်ရီကို ပြောပါတယ်။
ဒါကို တယ်ရီက "ဒီလောက်ကြီးလည်း စိတ်မပူပါနဲ့ဂျွန်ရာ... ငါရှိပါတယ်ကွ" လို့ အားပေးတော့
ဂျွန်က အားကိုးတကြီးနဲ့ "ဒါဆို မင်းရေကူးတတ်တာပေါ့နော်" လို့ မေးတယ်။
တယ်ရီက စိတ်မပူပါနဲ့ဆိုတဲ့အသွင်နဲ့ ဂျွန်ကို တရင်းတနှီးဖက်ရင်းဆိုတာက
"ငါက ရေတော့ မကူးတတ်ဘူးကွ။
ဒါပေမယ့် "ကယ်တော်မူကြပါဗျို့" ဆိုတဲ့ စကားကိုတော့
ဘာသာစကား ကိုးမျိုးနဲ့ ပြောတတ်တယ်" ။

မှားတဲ့အခါလည်း ရှိမှာပေါ့


Imageတစ်နေ့၌ အမျိုးသမီးတစ်ဦးသည် ကလေးငယ်တစ်ဦးနှင့် အထူးကုဆရာဝန်ထံသို့လာ၍
အမျိုးသမီး - ဆရာ… ဒီကလေးက တစ်နေ့တခြား ပိုပြီး ပိန်,ပိန်လာလို့ပါဆရာ။ နို့လည်း         ကောင်းကောင်းမစို့ဘူး ဖြစ်နေတယ်ဆရာ။
ထိုအခါ ဆရာဝန်က အမျိုးသမီး၏ အင်္ကျီကို ဖယ်၍ အမျိုးသမီး၏ ရင်သားအား ညှစ်ကြည့်ပြီး
ဆရာဝန် - ခင်ဗျားရဲ့ နို့ကမှ မထွက်တာ၊ ကလေး ဘယ်လိုလုပ်ပြီး နို့ကောင်းကောင်းစို့မှာလဲ။ ဒီတော့ ခင်ဗျားကလေး ပိန်,ပိန်လာမှာပေါ့။
အမျိုးသမီး - အဲဒီကလေးက ကျွန်မရဲ့ တူလေးပါဆရာ။

Bill Gates အနားယူရခြင်း အကြောင်းရင်း ....

Customer တယောက်စီမှ Microsoft သို့ပေးပို့သောစာ
Attn: Bill Gates
Subject: ကွန်ပျူတာအသစ်မှ problem များ.

1. ကွန်ပျူတာမှာ START ပဲပါပြီး STOP မပါပါဘူး.
ပြန်ပြီးဆန်းစစ်သင့်တယ်လို့ထင်
ပါတယ်.
2. ကွန်ပျူတာမှာ RUN ပါတာတွေ့ပါတယ်. အဲ့ဒါကို SIT
လို့ပြောင်းပေးသင့်ပါတယ်. ဒါမှ ထိုင် နေရင်း အဲ့ဒီခလုပ်ကို
နှိပ်နိုင်မှာပါ။
3. FIND button ပါတာတွေ့လိုက်ပါတယ်. ဒါပေမယ့် တကယ်အသုံးမ၀င်ပါဘူး.
ကျွန်တော့် မိန်းမ တံခါးသော့ပျောက်တာ FIND ကိုနှိပ်ပြီး ရှာပေမယ့်
ရှာလို့မရပါဘူး။ ပြန်ဆန်းစစ်ပေးပါ။
4.ကျွန်တော့်ခလေး Microsoft Word ကိုကောင်းကောင်းတတ်သွားပါပြီ. သူက
Microsoft Sentences ကိုလေ့လာချင်နေပါတယ်.
ဘယ်လို ၀န်ဆောင်မှုပေးနိုင်မှာလဲ ။ ဖြေကြားပေးပါ။
5. ကျွန်တော် COMPUTER, CPU, MOUSE, KEYBOARD အားလုံးဝယ်လာပါတယ်.
ဒါပေမယ့် MY COMPUTER ICON ပဲတွေ့ပါတယ်. ကျန်တဲ့ DEVICES တွေ
ဘယ်လိုလုပ်ပေးမှာလဲသိချင်ပါတယ်
6. အံသြစရာတခုရှိပါတယ်. MY PICTURE ထဲမှာ ၀င်ကြည့်လိုက်တော့
ကျွန်တော့်ပုံလဲ တစ်ပုံမှ မတွေ့ပါဘူး. ဘယ်အချိန် MY PICTURE ထဲမှာ
ကျွန်တော့်ပုံ ထည့်ပေးမှာလဲ။
7. MICROSOFT OFFICE ကိုတွေ့ပါတယ် ဒါဆို MICROSOFT HOME ရော. ကျွန်တော်က
အိမ်မှာပဲသုံးမှာမို့လို့ပါ။
8.MY RECENT DOCUMENTS ရှိပေမယ့် MY PAST DOCUMENTS မရှိပါဘူး။ ဘယ်တော့
ထည့်ပေးမှာလဲ။
9. MY NETWORK PLACES ရှိပါတယ်. ကျေးဇူးပြုပြီး MY SECRET PLACES
ထပ်ထည့်ပေးပါ. ကျွန်တော် ရုံးချိန်ပြီးရင် ဘယ်သွားတယ်ဆိုတာ
ကျွန်တော့်မိန်းမကိုမသိစေချင်လို့ပါ။

နောက်ဆုံးမေးခွန်းကတော့ MR BILL GATES လူကြီးမင်း နာမည်မှာ GATES ပါပြီး
ဘာလို့ WINDOWS တွေရောင်းနေရတာလဲဆိုတာပါ.**

အသဲကွဲသူနှင့် စာအုပ်ဆိုင် ၀န်ထမ်းလေး


Image
ရည်စားများ အမြဲ ပစ်ထားခံထိလေ့ ရှိသည့် အမြဲလိုလို အကွဲသဲလေ့ ရှိသူ အဲလေ  :haa  အသဲကွဲလေ့ရှိသူ ကိုစိုးထိုက်တစ်ယောက် စိတ်ညစ်ညစ်နှင့် လမ်းလျောက်နေစဉ် စာအုပ်ဆိုင် တစ်ဆိုင်ကို တွေ့ပြီး ရည်စားနိုင်နည်းလေးများ ရမလားဟုဆိုကာ အဆိုပါ စာအုပ်ဆိုင် အတွင်းသို့ ၀င်ကာ အရောင်းဝန်ထမ်းလေး မောင်အ၀မ်အား မိန်းမများအား စိုးမိုးနိုင်သည့် နည်းလမ်းကဲ့သို့သော စာအုပ်များ ရှိမလားဟု အောက်ပါအတိုင်း မေးလေတော့သည်။

ကိုစိုးထိုက် ။ စာအုပ်လိုချင်လို့ဗျာ
်မောင်အ၀မ် ။ ဟုတ်ကဲ့....ဘာစာအုပ်များလဲ ရှင်
ကိုစိုးထိုက် ။ နာမည်တော့ မမှတ်မိတော့ဘူး။ စာအုပ်ရေးတဲ့ အကြောင်းအရာက "
ယောင်္ကျားတွေဟာ မိန်းမတွေအပေါ် ဘယ်လို လွှမ်းမိုးချုပ်ကိုင်ထားသလဲ " ဆိုတဲ့ အကြောင်းပါ
မောင်အ၀မ် ။ ဒါဆို ညာဘက်တန်းက " စိတ်ကူးယဉ် စာပေများ " ဆိုတဲ့ စင်မှာ ရှာကြည့်ပါရှင်

ရီသောသူအသက်ရှည်ပါစေ. . . . (၂)

အောက်ပါတို့ကို ဘာသာပြန်ပါ။

အမေး။ How do you do?
အဖြေ။ ခင်ဗျား ဘယ်လို လုပ်လိုက်တာလဲဗျာ။

အမေး။ Long time no see.
အဖြေ။ အရှည်ကြီးက အချိန်မမြင်ဘူးဟ။

အမေး။ Fine for smoking
အဖြေ။ ဆေးလိပ်သောက်လို့ အဆင်ပြေပါတယ်။

အမေး။ We need to check the time table.
အဖြေ။ ကျုပ်တို့ နာရီစားပွဲနဲ့ ကျားထိုးရဦးမယ်ဗျ။

အမေး။ Free Burma.
အဖြေ။ မြန်မာပြည်ကြီးကို အလကားယူသွားဗျာ (ပိုက်ဆံပေးဖို့မလို)

အမေး။ Save the forest.
အဖြေ။ တောအုပ်ကြီးကို သိမ်းထားစမ်းပါ။

အမေး။ Free Alcohol Zone
အဖြေ။ အရက်အလားကား ရသော နေရာဖြစ်သည်။

အမေး။ Wash Basin
အဖြေ။ ရေဇလုံကို ဆေးပါ

ဟာသ

ဖခင်း သား.. ဘယ်သူကိုအချစ်ဆုံးလဲ! မေမေကိုလား! ဖေဖေကိုလား!
သားး နှစ်ယောက်စလုံးကို ချစ်တယ်။

ဖခင်း တကယ်လို့ ဖေဖေက အမေရိကားကိုသွားမယ်။ မေမေက ပဲရစ်ကိုသွားမယ်ဆိုရင် ဘယ်သူ့နောက်သားလိုက်မလဲ?

သားး မေမေနောက်လိုက်မယ်။

ဖခင်း ဘာဖြစ်လို့လဲ!

သားး ပဲရစ်မြို့က လှတယ်လေ...

ဖခင်း ဒီလိုဆိုရင် တကယ်လို့ ဖေဖေက ပဲရစ်ကိုသွားမယ်။ မေမေက အမေရိကား ကိုသွားမယ်ဆိုရင်ကော ဘယ်သူ့နောက်သားလိုက်မလဲ?

သားး မေမေနောက်လိုက်မယ်။

ဖခင်း ဘာဖြစ်လို့ မေမေနောက်ပဲ လိုက်ရတာလဲ?

သားး ပဲရစ်ကို အခုနားကပဲ သားသွားပြီးပြီလေ


အသည်းကွဲနေသူများအတွက်

တစ်ခါက ဆော့ခရတ္တိဟာ ပန်းခြံတစ်ခုမှာလမ်းလျှောက်ရင်း
ရှိုက်ကြီးတငင်ငိုကျွေးနေတဲ့ Cryလူတစ်ယောက်ကိုတွေ.သတဲ့။ အဲဒီလူကို ဆော့ခရတ္တိက
ဘာလို.ဒီလောက်တောင်ငိုနေတာလဲလို.မေးတော့ ငိုနေတဲ့လူက
“ကျွန်တော်သိပ်ချစ်ရတဲ့ချစ်သူက ပြစ်သွားလို.ပါဗျာ”တဲ့
အဲဒီမှာဆော့ခရတ္တိက Laughingဟက်ဟက်ပက်ပက်နဲ့ အကျယ်ကြီးရယ်လိုက်တယ် အဲဒါကိုငိုနေတဲ့လူက
“ဒါရယ်စရာမှ မဟုတ်တာ ခင်ဗျားဘာလို.ဒီလောက်ရယ်နေရတာလဲ”
လို.မေးလိုက်တော့ ဆေခရတ္တိက ဘယ်လိုပြန်ဖြေလဲဆိုတော့
“ဒါမင်းငိုရမှာ မဟုတ်ဘူးကွ မင်းကိုပြစ်သွားတဲ့သူငိုရမှာ ဘာလို.လဲဆိုတော့ မင်းကမင်းကို
မချစ်တဲ့လူတစ်ယောက်ပဲဆုံးရှုံးသွားတာ သူကမှသူ.ကိုအရမ်းချစ်တဲ့
လူတစ်ယောက်ဆုံးရှုံးသွားတဲ့အပြင် ချစ်တတ်တဲ့စွမ်းရည်ပါဆုံးရှုံးသွားတာ
အဲဒီတော့ မင်းဘာမှဝမ်းနည်းနေစရာမလိုဘူး” Winkလို.ပြန်ပြောလိုက်တယ်။

ကဲ ........မငိုနဲ့တော့နော်

တိုတိုထွာထွာဟာသများ

ကိုတောသား "ဟေ့လူအိမ်သာတက်နေပါတယ်ဆိုဘာတွေလာမေးနေတာလဲ"
တစ်ဖက်မှလူ "ကျွန်တော်လာခဲ့ရမလား"
ကိုတောသား "ဟာဟေ့လူမလာနဲ့လေ မလာနဲ့မလာနဲ့"
ထိုစဉ်တစ်ဖက်အခန်းမှလူကတံခါးဝုန်းဆိုပိတ်ခါ
"ဟေ့သူငယ်ချင်းငါနောက်မှဖုန်းပြန်ဆက်လိုက်မယ်။ဒီမှာ တစ်ဖက်အခန်းက အူကြောင်ကြောင်ကောင်က ငါမင်းကိုမေးသမျှကို လိုက်ဖြေနေလို့။"

 အကောင်းဆုံးသမားတော်


အရင်တုန်းကမြို့ တစ်မြို့ မှာဆေးဆရာတွေချည်းဘဲ့စုပြီးနေတဲ့ရပ်ကွက်တစ်ခုရှိတယ်........
ထူးခြားတာက ဆေးဆရာတစ်ယောက်ယောက်ကကုလို့ လူနာတစ်ဦးဦးသေဆုံခဲ့ရင် အုန်ခွံ တစ်ခု
ကို ကုတဲ့ဆရာရဲ့ အိမ်ရှေ့မှာလူမြင်အောင်ချိပ်ဆွဲထားရတယ်.......၂ယောက်သေရင် ၂ခု ။ ၃ ယောက်
သေရင်ရင် ၃ ခုပေါ့.........
           တစ်နေ့ ....
တခြားရပ်ကွက်က သားဖနှစ်ဦးမှာ ဖအေလုပ်တဲ့သူကအတော်ကြီးနေမကောင်ဖြစ်တော့ သားဖြစ်တဲ့သူ
ကို ဆေးဆရာ ရပ်ကွက်သွားပြီး အကောင်းဆုံး သမားတော်ကိုရွှေးပြီး ပင့်ခဲ့ဖို့ ခိုင်းလိုက်တယ်.....
သားဖြစ်တဲ့သူလည်း အဲဒီရပ်ကွက်သွာပြီး အကောင်းဆုံး သမားတော်ကို လိုက်ရှာတယ်.......
ဒါပေမယ့် ...တစ်ယောက်မှစိတ်တိုင်းမကျဘူးတဲ့....ဘာကြောင့်လဲဆိုတော့ ဆေးဆရာတွေရဲ့ အိမ်ရှေ့တွေမှာက အုန်ခွံတွေ ပလူပျံနေလို့ လေ......တစ်ချို့ အိမ်တွေက အခု ၂၀  ၊ ၃၀ ...တစ်ချို့ 
အိမ်တွေဆိုအများကြီးဘဲ့တဲ့....အုန်ခွံ ဆွဲမထားတဲ့အိမ် ကတော့ တစ်အိမ်တောင်မရှိဘူးတဲ့.....
    သားဖြစ်တဲ့ သူလည်းစိတ်ညစ်ညစ်လိုက်ရှာလိုက်တာ...
   ရပ်ကွက် အစွန်နားရောက်တော့ အုန်ခွံနှစ်ခုတည်းဘဲ့ဆွဲထားတဲ့ ဆေးဆရာတစ်ယောက်ရဲ့ အိမ်ကို
ရှားရှားပါးပါးတွေရသတဲ့......သားဖြစ်တဲ့ သူလည်းဝမ်းသာအားရနဲ့ အိမ်ကိုပင့်လာပေါ့.....
       ဆေးဆရာ လည်းအိမ်ရောက်တော့...
လူနာအခြေအနေကြည့်ပြီး....ဆေးတွေတိုက်....ဆေးတွေပေးပြီး .....အပြန်ကျတော့ သားဖြစ်
တဲ့သူကပြန်လိုက်ပို့ တာပေါ့......
   လမ်းရောက်တော့ သားဖြစ်တဲ့သူကစကားစတယ်......
"ဆရာက အိမ်ရှေ့ မှာအုန်းခွံ နှစ်ခုတည်း ဘဲ့ ဆွဲထားတယ်ဆိုတော့ အတော်စွမ်းတာဘဲ့နော်"..တဲ့.....
"ဒါနဲ့ ဆရာကလူနာဘယ်နှစ်ယောက်ကု ဖူးလဲ"....လို့ ဆက်မေးတယ်....
       ဆေးရာကြီး ရဲ့ အဖြေစကားကြောင့် သားဖြစ်တဲ့သူ မျက်လုံးပြူးသွားတယ်......
ဆေးဆရာကြီးက လက်ညိုးနှစ်ချောင်းထောင်ပြီးတော့ ပြန်ဖြေတယ်......
              " ..နှစ်ယောက်......."

စစ်တပ်ထဲကအင်တာဗျူး


ကိုလိုနီနယ်ချဲ့လက်ထက်ကဖြစ်သည်။ နောက်နေ့တပ်အတွင်းသို့အင်္ဂလိပ်အရာရှိလာရောက်စစ်ဆေးမည်ဖြစ်သဖြင့်တပ်တွင်းအင်္ဂလိပ်စာတတ်သူမြန်မာအရာရှိကတပ်သားများအားအင်္ဂလိပ်စာသင်ပေးနေသည်။
ရဲဘော်တို့အင်္ဂလိပ်အရာရှိလာရင်မေးခွန်းကိုသိစရာမလိုတဲ့အတွက်မေးခွန်းကိုမသင်တော့ဘူး။ မေးခွန်းပါသင်ရင်မမှတ်မိဖြစ်ကုန်လိမ့်မယ်။ ဒီတိုင်းပဲမေးမှာဖြစ်တဲ့အတွက်ဒီတိုင်းပဲဖြေ။
အင်္ဂလိပ်အရာရှိလာရင်ပထမဆုံးမေးမဲ့မေးခွန်းက အသက်ဘယ်လောက်ရှိပြီလည်းလို့မေးလိမ့်မယ်။ အဲဒီအခါအသက်၃၀နှစ်(30years)လို့ဖြေပါ။
နောက်စစ်မှုထမ်းကာလဘယ်လောက်ရှိပြီလဲမေးရင်၅နှစ်(5years)လို့ဖြေပါ။
အဖေကဗမာလားမေးရင်ဟုတ်ပါတယ်(yes)လို့ဖြေပါ။
အမေကရောဗမာလားမေးရင်နှစ်ယောက်လုံးအတူတူပါပဲ(both)လို့ဖြေပါ။
ဒါနဲ့ပဲတပ်သားတွေအဲဒါကိုအသေကျက်ထားကြလိုက်တယ်။ နောက်နေ့အင်္ဂလိပ်အရာရှိလာစစ်တော့ တပ်သားအားလုံးကိုအဲဒီအတိုင်းပဲမေးတယ်။ ဒါပေမယ့်နောက်ဆုံးတပ်သားကိုဘောလုံးအလှည့်ရောက်တော့မေးခွန်းပြောင်းမေးဖို့စိတ်ကူးလိုက်တယ်။ ဒါနဲ့ "ရဲဘော်စစ်သက်ဘယ်လောက်လဲ။"
ကိုဘောလုံး "၃၀နှစ်ပါ။"
"ဒါဆိုအသက်ကရော။"
ကိုဘောလုံး '၅နှစ်ပါ။"
အရာရှိမျက်လုံးပြူးသွားပြီး "ရူးနေလား"လို့မေးလိုက်တယ်။
ကိုဘောလုံး "ဟုတ်ပါတယ်။"
အရာရှိက"အိုးမိုင်ဂေါ့မင်းပဲရူးလားငါပဲရူးလားမသိတော့ပါဘူး။"
ကိုဘောလုံး "နှစ်ယောက်စလုံးပါပဲ။"

 တစ်ယောက်မှ မရှိပါ

 လူဆိုးများ လက်မှ လွတ်အောင် ကိုချူချာပြေးရင်း ရေတွင်းထဲ ဆင်းပုန်းသည်။ လူဆိုးဂိုဏ်းခေါင်းဆောင်က ရေတွင်းထဲ ကြည့်ပြီး အော်သည်။

"တစ်ယောက်ယောက်ရှိသလားဟေ့"

ကိုချူချာက ပဲ့တင်သံပုံစံဖြင့် ပြန်အော်သည်။

"တစ်ယောက်ယောက်ရှိသလားဟေ့၊ တစ်ယောက်ယောက်ရှိသလားဟေ့"

"တစ်ယောက်မှ မရှိဘူးထင်တယ်"

"တစ်ယောက်မှ မရှိဘူးထင်တယ်၊ တစ်ယောက်မှ မရှိဘူးထင်တယ်"

 "ဗုံးတစ်လုံး ပစ်ချလိုက်ရင် ကောင်းမလား"

 "မပစ်နဲ့၊ မပစ်နဲ့ တစ်ယောက်မှ မရှိတာပဲ"

ချစ်သူဖတ်ရန်ဟာသများ

0

ဥာဏ်ကြီးရှင် လေးနှစ်သားကိုတိုး

နှင့် ခြောက်နှစ်သားကိုဖြိုးတို့ မျောက်ညီနောင် သူတို့


အဘွားအိမ်သို့ အလည် ရောက်နေသည်။
ညအိပ် ချိန်တွင် မျောက်ညီနောင်အား အဘွားမှ ဘုရားရှိခိုး ခိုင်းဧ။်၊
ဘုရားရှိခိုးပြီးသောအခါ
ကိုတိုး ။ ။ စက်ဘီးတစ်စီးနဲ့ ဂိမ်းစက် တစ်လုံး ရ ရိုရပါလိုဧ။် ဘုရား
(ကျယ်လောင်စွာဆုတောင်းလေသည် )။
ကိုဖြိုး။ ။ ဟေ့ကောင် ဘာလို့ အကျယ်ကြီးဆုတောင်းနေတာတုန်းကွ ၊ ဘုရား က နား
မလေး ပါဘူး။
ကိုတိုး။ ။ အင်း ဘုရား က တော့ နားမလေးပါဘူး ၊
ဒါပေမယ့် အဘွားကတော့ နားလေးတယ်ဟ ။... 

မှတ်မိပုံက

နာမည်ကျော် တက္ကသိုလ်ပါမောက္ခကြီးတစ်ဦးဟာ သူ့ရဲ့ သုတေသနလုပ်ငန်းတစ်ခုအတွက် တပည့်တစ်ချို့နဲ့အတူ ကျေးရွာတစ်ရွာကို လေ့လာရေးခရီးထွက်ခဲ့သတဲ့။ ရွာရဲ့စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ လူနေမှုဘဝတွေကို ပါမောက္ခကြီးဟာ စနစ်တကျ လေ့လာတယ်။ မှတ်သားတယ်။ မေးမြန်းတယ်။

တစ်နေ့မှာတော့.....

မွေးမြူရေးသမားတစ်ဦးနဲ့ ဆွေးနွေးနေစဉ်မှာ မွေးမြူရေးသမားက သူမွေးထားတဲ့ နို့စားနွားမတွေ လွှတ်ကျောင်းထားတာကို ကြည့်ပြီး...

"ဟို စာဥဆိုတဲ့ ကောင်မ ဘယ်သွားဦးမှာလဲ?"

"တိမ်ပြာဆိုတဲ့ ဟာမကလည်း ဟိုဘက်ခြံစည်းရိုးတိုင်ကို သွားပွတ်နေပြန်ပြီ"

"ဟဲ့ ဖြူ မြက်ကောင်းကောင်းမစားဘဲ ဘာဖြစ်လို့ တခြားကောင်မတွေကို လိုက်ဝှေ့နေတာလဲ" စသည်ဖြင့် လှမ်းလှမ်းပြီး မြည်တွန်တောက်တီးနေတယ်။ ပါမောက္ခက လယ်သမားကို အံ့သြတကြီး ကြည့်ပြီး....

"ခင်ဗျားက ခင်ဗျားနွားမတွေအားလုံး နာမည်မှတ်မိတာပဲလား" လို့ မေးလိုက်တယ်။

"မှတ်မိတာပေါ့ ဆရာကြီးရယ်။ သူတို့နာမည်မှတ်မိမှ သူတို့ကို ထိန်းရလွယ်တာ"

"တော်တယ်ဗျာ၊ ကျုပ်ကတော့ ကျုပ်တပည့်မတွေ နာမည်ကို မမှတ်မိပါဘူး"

ဒီအခါမှာ မွေးမြူရေးသမားရဲ့ ဇနီးက ဝင်ပြောတယ်။ သူမရဲ့ ပြောစကားကြောင့် ပါမောက္ခကြီးရဲ့ ဘေးက ကျောင်းသားတွေ ပြုံးစိစိ ဖြစ်သွားကြသတဲ့။

မိန်းမကြီး ပြောတာက ဒီလိုလေ...

"ဆရာကြီးက ဘယ်မှတ်မိမလဲ၊ ကျွန်မယောက်ျားလို တစ်နေ့နှစ်ကြိမ် နို့မှ မညှစ်ရဘဲ" 

မလိမ်ရဘူး . . .

၂၁ ရာစုအစမှာပဲ စက်ရုပ်တွေဟာ လူတစ်ယောက် လိမ်တယ် မလိမ်ဘူး ဆိုတာကို
မျက်နာကြည့်ပြီး သိနိုင်အောင် တီထွင်နိုင်ခဲ့ပါပြီ။
ထူးခြားချက်အနေနဲ့ အဲဒီစက်ရုပ်ဟာ လိမ်တဲ့သူကို ချက်ချင်း ပါးထရိုက်တာပါပဲ။
မယုံဘူးလား... အောက်ကအဖြစ်အပျက်ကိုဖတ်ကြည့်ပါ။

ကိုဇော်ဂျီနဲ့ ပွင့် တို့ရဲ့ သားလေး မောင်မောရစ်တစ်ယောက် အိမ်ကို
နောက်ကျပြီးမှပြန်ရောက်လာသည်။
       ကိုဇော်ဂျီ ။    ။ သား မင်းဘာလို့ ကျောင်းနောက်ကျတာလဲ။
မောင်မောရစ် ။     ။ ဒီနေ့ကျောင်းက အချိန်ပိုရှိလို့ နောက်ကျတာအဖေရဲ့။
ဖြန်း.........................
................
အံ့သြစရာကောင်းလောက်အောင်ပဲ ဘေးမှာရှိနေတဲ့စက်ရုပ်က မောင်မောရစ်ပါးကို
ရိုက်ထည့်လိုက်သည်။
      ကိုဇော်ဂျီ ။     ။ ဒီစက်ရုပ်က လိမ်ပြောတာကို အာရုံခံစားနိုင်တဲ့
စက်ရုပ်ကွ။ မှန်မှန်ပြောစမ်း။ လိမ်ပြောရင်မင်းကိုပါးထပ်ရိုက်လိမ့်မယ်။
မောင်မောရစ် ။     ။ ဟုတ်ကဲ့. .. ကျနော်ရုပ်ရှင်သွားကြည့်နေတာပါ။
      ကိုဇော်ဂျီ ။     ။ ဘာရုပ်ရှင်လဲ။
မောင်မောရစ် ။      ။  "The Ten Commandments" ဇာတ်ကားပါ။
ဖြန်း..............................................
စက်ရုပ်က ရိုက်ထည့်လိုက်ပြန်သည်။ မောင်မောရစ်တစ်ယောက် မလိမ်ရဲတော့ပေ။
မောင်မောရစ် ။     ။ ဟုတ်...ဟုတ်.. Sex Queen ဇာတ်ကားပါ။
ကိုဇော်ဂျီ အတော် ပေါက်ကွဲသွားသည်။
ကိုဇော်ဂျီ ။     ။ မင်းမရှက်ဘူးလားကွ ဒါမျိုးဇာတ်ကားကြည့်တာ။
                      မင်းအသက်အရွယ်လောက်တုန်းက
ငါဒါမျိုးရှက်စရာဘယ်တုန်းကမှ မလုပ်ခဲ့ဘူး။
ဖြန်း............................................................
တော်တော်လေးကို အသံကျယ်ပါဧ။်။ ကိုဇော်ဂျီကို စက်ရုပ်က
ပါးချလိုက်ခြင်းပင်ဖြစ်ချေသည်။
ဆူညံဆူညံအသံများကြောင့် မိခင်ဖြစ်သူ  ပွင့် မီးဖိုချောင်မှ ထွက်လာပြီး
ပြောလိုက်သည်။
ပွင့် ။     ။ ရှင်လည်း လိမ်တာပါပဲလား။ အင်းလေ.. ရှင်နဲ့တူမှာပေါ့
အဲဒါရှင့်သားပဲလေ ။
ဖြန်း.....................................................................
ဒီတစ်ခါစက်ရုပ်ဧ။် ပွင့်ကိုပါးရိုက်ချက်ကား အသံအကျယ်ဆုံးဖြစ်တော့သည်။

အားလုံးပေါင်းတော့

အန်တီကြီး ။ ။ ဟေ့ .. အန်တီ့ကိုကြည့်ပြီးအသက်ဘယ်လောက်
ရှိမယ်ဆိုတာ ခန့်မှန်းကြည့်စမ်း ..
လူငယ် ။ ။ အင်း ဆံပင်ကိုကြည့်ပြီးပြောရင် 15 နှစ်အရွယ်၊ အန်တီ့သွားတွေကိုကြည့်ပြီးပြောရရင် အသက် 20 အရွယ်၊ ကိုယ်လုံးကိုကြည့်ပြီးပြောရရင်တော့ အသက်အစိတ်မကျော်ဘူးလို့ထင်ရတယ် ..
အန်တီကြီး ။ ။ ဟယ် .. တကယ်ပဲလားဟင် ..
လူငယ် ။ ။ တကယ်ပါ .. အဲ့ဒါတွေအားလုံးပေါင်းလိုက်ရင်တော့ အသက် 60 အရွယ်ပေါ့ .
မပြောချင်တော့ဘူး

သားသမီး ၈ ယောက်ရှိပြီး လက်ရှိကိုယ်ဝန် အမွှာပူးလွယ်ထားရသော လူနာအား ဆရာဝန်ကလေးက
မေးမြန်းနေသည်..
"ဒါ... ဘယ်နှစ်ယောက်မြောက်လဲ"
"၉ ယောက်မြောက်ပါဆရာ..."
"ဟင် ဟုတ်လား..... သားကြောမဖြတ်သေးဘူးလား ....... အမျိုးသားကဘာလုပ်သလဲ.."
"ဆရာရယ်... အမျိုးသားကဘာလုပ်သလဲဆိုတော့ ကျမ ကလေးတစ်ယောက်ပြီး
တစ်ယောက်မွေးနေတာသာ ကြည့်ပါတော့ရှင်.."

သူ့အလှ

သူငယ်ချင်း ၂ ယောက် စကားပြောနေကြသည်....
"သူငယ်ချင်း ..... ခုငါကြိုက်နေတဲ့ ကောင်မလေးက တော်တော်ကိုလှတာကွ"
"ဟုတ်လား "
"အေး.... သူ့မျက်ခုံးလေးတွေက ဇင်ယော်တောင်လေးတွေလိုပဲ..... မျက်လုံးလေးကလည်း
ရွှေသမင်မျက်လုံးလေး... သူ့လည်တိုင်ကလေးဆိုရင် ဗျိုင်းကလေးလိုပဲ .....
လမ်းလျှောက်ရင်လည်း ဆင်မယဉ်သာလေး...."
"ဟင်.....ဟုတ်လား........ဒါဆို မင့်ကောင်မလေးက လူနဲ့ မတူဘူးပေါ့... "

နားလည်မှု

မြန်မာနိုင်ငံ ကျေးလက်ဒေသမှ တောင်သူဦးကြီးတစ်ယောက် ရန်ကုန်သို့လာလည်သည်...
ရန်ကုန်သို့ရောက်ပြီးနောက် ဘုရားသွားရန်အတွက် လိုင်းကားတက်စီးသည်...
ဘေးခုံတန်းတွင် တစ်နေရာစာထိုင်လို့ရနိုင်သည်ကို
တွေ့သဖြင့် ထိုင်နေသောမိန်းကလေးအား ပြောလိုက်သည်...
"သမီး...... ဟိုဘက်နည်းနည်းတိုးပါလား ...... အဘ ဖင်ကလေးချချင်လို့"
"ဘာ..... ရှင် ရိုင်းလှချည်လား ...... အသက်ကိုမှ အားမနာ... မဖယ်ပေးနိုင်ဘူး....
ဟွန်း.."
"ဒါဆိုလည်း ရပါတယ်ကွယ် .... အဘ နောက်ကပဲ တွယ်လိုက်တော့မယ်....."

ဘယ်လိုလဲ

ဆရာဖြစ်သူက တပည့်များအား အလုပ်ကို ကောင်းကောင်းမွန်မွန်လုပ်ရန် ဆုံးမနေသည်
"အေး ငါ့တပည့်တို့ .... မင်းတို့ မသေမချင်းမှတ်ထား ...... ဘယ်အလုပ်မဆို
အောက်ခြေကစရတယ်ကွ...
ပြီးမှ တဖြည်းဖြည်းချင်း အပေါ်ကို တက်ရတယ်..."
တပည့်တစ်ယောက်ကမေးသည်..
"ဆရာ ..... ရေတွင်းတူးရင်ကော ဟင်..."

ပညာရှိ

ပညာရှိကြီးတစ်ဦးက သူ့တပည့်အား မှာကြားနေသည်....
"ငါ့တပည့် ဆရာ့ကို ခပ်မြင့်မြင့် စာအုပ်တစ်အုပ်ပေးကွာ "
တပည့်က ဆရာ့ဗီရိုထဲမှ အတွေးအခေါ်စာအုပ်ကို ယူလာသည်...
"နိမ့်သေးတယ်.... မြင့်တာယူခဲ့"
နောက်တစ်ခါ ဗေဒင်ပညာ စာအုပ်ကို ယူပေးပြန်သည်...
"နိမ့်သေးတယ် "
နောက်တစ်ခါ ခန္ဓာဗေဒ ကျမ်းစာအုပ် ယူလာပေးသည်.....

"နိမ့်သေးတယ်"
နောက်တစ်ခါ နက္ခတ်ပညာအကြောင်းစာအုပ်ကို ယူပေးပြန်သည်.....
"မရဘူး.... နိမ့်သေးတယ်..."
တပည့်ဖြစ်သူ စိတ်ရှုပ်လာသဖြင့်ဆရာအားမေးသည်..
.
"ဆရာခင်ဗျား.... ဒီစာအုပ်တွေက ဆရာ့ဆီမှာ ရှိတဲ့ အမြင့်ဆုံး
စာအုပ်တွေပါခင်ဗျာ..... ဒါတွေကိုတောင် ဆရာက နိမ့်သေးတယ်ဆိုတော့
ဘယ်လိုစာအုပ်မျိုးကိုများ အလိုရှိတာပါလဲခင်ဗျာ......"
"အိမ်း..... နေ့လည် တရေးတမော ခေါင်းခု အိပ်လို့ရအောင် မြင့်တဲ့
စာအုပ်လိုချင်တာက



ကောင်းေ၇ာ......

တစ်ခါက လယ်ထဲကပြန်လာတဲ့ လူတစ်ယောက် ... ဖိုးသူတော်ကြီးစားဖို့ဆိုပြီး ဂဏန်းတွေလက်ဆောင်ပေးသွားပါတယ်...။ ဆိုးတာက..ကျွပ်ကျွပ်အိတ်ကိုဖြည်ကြည့်တော့ ..ဂဏန်းတွေက အ၇ှင်တွေ....။ရွှံ.တွေသဲတွေထဲမှာ လှုပ်စိလှုပ်စိဖြစ်နေတဲ့ ဂဏန်းတွေကိုကြည့်ပြီး ဖိုးသူတော်ကြီး မသတ်ရဲဘူး။စားတော့စားချင်တယ်..ငရဲကြီးမှာလည်းကြောက်တယ်ပေါ့...။ခဏနေတော့ အကြံရပြီး .ဒန်အိုးကြီးတစ်လုံးနဲ့ရေနွေးတည်တယ် ။ရေနွေးဆူတော့ တုတ်တစ်ချောင်းကိုဒန်အိုးပေါ် ကန့်လန့်တင်ပြီး ဂဏန်းတွေကိုဒီဘက်ကနေ ဟိုဘက်ကိုကူးခိုင်းတယ်။အောက်ကို ပြုတ်ကျတဲ့ အကောင်ကတော့ပြုတ်ပြီးသားပေါ့။အောင်မြင်စွာကူးနိုင်တဲ့ကောင်ကို ချမ်းသာပေးတယ်ပေါ့လေ။သူ့ဟာနဲ့သူတော့ဟုတ်နေတာပဲ.။ဒါနဲ့အကောင်ကြီးတစ်ကောင်အလှည့်ရောက်ရော...
ဂဏန်းကြီးက တုတ်ချောင်းပေါ်ကနေ တစ်ဖက်ကို အောင်မြင်စွာရောက်သွားပါလေရော...အဲ့ဒီတော့ဖိုးသူတော်က
ဂဏန်းကိုကောက်ကိုင်လိုက်တယ်။ပြီးတော့အိုးရဲ့တစ်ဖက်ကို ပြန်ရွှေ့ပြီးပြောလိုက်တာက

“မင်းကအကောင်ကြီးတော့ နှစ်ခါလျှောက်” တဲ့...။

အပြေးမြန်တဲ့ဆေး

အပျော်တမ်းပြိုင်မြင်းမွေးသောလူတစ်ယောက်တိရိစ္ဆာန်ဆရာဝန်နှင့်လာတွေ့ သည်။
မြင်းမွေးသူ။ ။ ကျတော့် မြင်းလေးဟာ သွက်သွက်လက်လက်မရှိဘဲ အမြဲမှိုင်နေတယ် ဆရာ
ဆရာဝန် ။ ။ခင်ဗျားမြင်းကို သွက်သွက်လက်လက်ဖြစ်စေချင်ရင် ဒီဖယောင်းတိုင်အပြာကို မြင်းရဲ့စအိုထဲထည့်လိုက်ပါ။
ပိုမြန်စေချင်ရင်တော့ ဒီဖယောင်းတိုင် အနီ ထည့်လိုက်ပါ။ ဒုံးဆိုင်းပြီးတော့ကို ပြေးလိမ့်မယ်။
ဖယောင်းတိုင် နှစ်ချောင်းကို ယူပြီးထိုလူပြန်သွားသည်။နှစ်ပတ်ခန့်ကြာသောအခါ ဆရာဝန် နှင့် မြင်းမွေးသူ တစ်နေရာတွင်ပြန်ဆုံ
ကြသည်။
ဆရာဝန်။ ။ခင်ဗျားမြင်း ဘယ်လိုလဲဗျ....
မြင်းမွေးသူ။ ။ဟာ ဆရာရယ် ....အိမ်ပြန်ရောက်တာနဲ့ ကျနော် ဖယောင်းတိုင်အပြာကို မြင်းရဲ့ စအိုထဲထည့်လိုက်တာ
တစ်ခါတည်း ထွက်ပြေးတော့တာပဲ မြို့ပြင်ကို....
ဆရာဝန်။ ။ဟာ ခင်ဗျားဘယ်လိုပြန်ဖမ်းလဲ......
မြင်းမွေးသူ။ ။ဖယောင်းတိုင် အနီကို ကျနော့် ဖင်ထဲ ထည့်လိုက်တယ်လေ....မြို့ပြင်မရောက်ခင်ပြန်မိတယ်.....။ွ..."




Sunday, August 29, 2010

Happy Anniversary (30.8.2010)

0

(30.8.2010) ကိုကိုအရမ်းချစ်ရတဲ့ချစ်သူလေးရေဒီနေ့ ဟာကိုကိုတို့ရဲ့ချစ်သူသက်တမ်းတစ်လပြည့်တဲ့နေ့
လေးပေါ့......ဒီနေ့လေးမှာကိုကို  တိုပျော်ရွှင်စွာဖြတ်သန်းကြမယ်နော် ..ပြီးတော့ကိုကိုသိလိုက်တာတစ်ခုရှိ
တယ်...ဒီနေ့လေးမှာ...ကိုကို ကမီးလေးကို တစ်သက်လုံးမခွဲနိုင်ပဲချစ်နေမယ်ဆိုတာကိုပေါ့......ဒီနေရာလေး
က ကိုကိုတို့ရဲ့တစ်လပြည့်အမှတ်တရနေရာလေးပေါ့ ..ပြီးတော့ဒီနေရာလေးက ကိုကို့ရဲ့ပထမဦးဆုံး ချစ်သက်တမ်းတစ်လပြည့်.....ချစ်သူအတွက်
လက်ဆောင်လေးပေါ့......တန်ဖိုးရှိလားဆိုရင်တော့ငွေကြေးနဲ့ကြည့်ရင်ဘာမှမရှိပါဘူး ..ဒါမယ့်ကိုကိုဒီလက်
ဆောင်းလေးပေးဖို့ဆုံးဖြတ်ခဲ့တာက ဒီနေရာလေးက ကိုကိုတို့နဲ့အတူတစ်သက်လုံးတည်ရှိနေနိုင်လို့ပေါ့ ပြီးတော့ကိုကို
တို့ချစ်သူနှစ်ယောက်ဘယ်လောက်ချစ်တယ်ဆိုတာ ဒီနေရာလေးကိုကြည့်တာနဲ့သက်သရေပြလို့ရတာပေါ့....
ဒါကကိုကို့ရဲ့ပထမဆုံးတစ်လပြည့်လက်ဆောင်းလေးပါ.....ကိုကိုကြိုးစားပြီးတည်ဆောက်ထားတဲ့နေရာလေးပေါ့
နောက်တစ်လပြည့်မှာတော့ကိုကိုရဲ့ valentine လက်ဆောင်ဟာတစ်မျိုးဖြစ်မှာပေါ့ ....ဒါမယ့်အဲတာလည်း နောက်လ (၃၀) ရက်နေရောက်မှသိရအောင်လုပ်မယ်နော် ဒါမှကိုကို့ချစ်သူလေး ရုတ်တရပ်ပျော်ရွှင်သွားအောင်လို့ပါ.........ကိုကိုဒီတစ်လပြည့်နေ့လေးမှာလေးလေးနက်နက်စကားပြောမယ်
နော်.....အဲဒါဘာလည်းဆိုတော့..( ကိုကိုမီးလေးကိုတစ်သက်လုံးချစ်သွားမယ်...တစ်သက်လုံးအတူနေမယ်..
ကိုကိုဘယ်တော့မှမီးလေးအပေါ်သစ္စာမဖောက်ဘူး) ဆိုတာကိုကိုကတိပေးတယ်နော် ....ကိုကိုမီးလေးကိုအရမ်းချစ်တယ် ......ကိုကိုတစ်လပြည့်ချစ်သတမ်းနေ့လေးမှာဆုတောင်းမယ်နော်
ကိုကိုတို့ဒီတစ်လပြည့်လိုပဲနောက် valentine နေ့တွေမှာလည်းပျော်ရွှင်စွာကုန်ဆုံးနိုင်ပါစေ ..ပြီးတော့ကိုကို
တို့ချစ်သူနှစ်ယောက်တစ်သက်လုံးပေါင်းသင်းနေထိုင်နိုင်ပါစေလို့...ကိုကိုဆုတောင်းလိုက်တယ်နော် ....

မီးလေးချစ်တဲ့ကိုကို

Saturday, August 28, 2010

28.8.2010

0

အရမ်းချစ်ရတဲ့ကိုကို့ချစ်သူလေးရေ.......ဒီနေ့က ကိုကိုကမီးလေးကို ချစ်စကားပြော ခဲ့တာတစ်လပြည့်တဲ့နေ့
လေးပေါ့....တစ်လကို ဒီနေ့လေးမှာတစ်ခါရောက်တိုင်းကိုကိုချစ်သူလေးကိုချစ်စကားတွေပြန်ပြောမယ်နော်
ကိုကိုတို့ အဲဒီနေ့လေးကိုအမြဲအမှတ်ရနေအောင်လေး ...ဒီနေ့လေးမှာပဲထူးထူးခြားခြားကိုကို့ချစ်သူကဖုန်းပြော
ရင်းအိပ်ပျော်သွားတယ်လေ ...ဒါမယ့် ကိုကို့ကိုအလေးမထားဘူးဆိုပြီးကိုကိုစိတ်မဆိုးပါဘူး....ဘာလို့လည်းဆို
တော့ကိုကိုမှာမီးလေးကိုချစ်နေတဲ့စိတ်တွေပဲရှိနေလို့လေ .....ကိုကိုမီးလေးကိုအရမ်းချစ်တယ်မီးလေးရယ်
ကိုကိုကိုယ့်ကိုကိုသိနေတယ် ....အခုဆို ကိုကိုဘာပဲဖြစ်ဖြစ်အလျောပေးဖို့နဲ့ အပြစ်မမြင်အောင်ချစ်နေမိပြီ
မီးလေးကို......ကိုကိုမျက်လုံးမိတ်ပြီးပဲချစ်နေချင်တယ်နော် ကိုကိုတို့ထာဝရလက်တွဲသွားကြမယ်နော် .......
တစ်သက်လုံးမခွဲပဲပေါ့...........ကိုကို့ချစ်သူလေးဖတ်ဖို့အတွက်ကဗျာလေးတစ်ပုဒ်ရေးထားတယ်ဖတ်ကြည့်နော်.


ချစ်စိတ်နဲ့ဖန်ဆင်းမယ်ဆိုရင်
မြတ်ပင်တွေတောင်ပန်းတွေဖြစ်မယ်
ငရဲမီးလိုပူလောင်လွန်းတဲ့
ချော်ရည်တွေတောင်စမ်းရေဖြစ်မယ်
တစ်ယောက်နဲ့တစ်ယောက်ကြားမှာထားတဲ့
အမုန်းတွေလည်းအနမ်းတွေဖြစ်မယ်
ငါကလည်းပြောမယ်....ငါတကယ်နင့်ကို
အရမ်းချစ်တယ်...........
ကိုကိုတို့ထာဝရချစ်သွားကြမယ်နော် နောက်နှစ်ပေါင်းများစွာအထိမခွဲပဲ.............................................
ကိုကိုအရမ်းချစ်တယ်မီးလေးကို
မီးလေးရဲ့ကိုကို......

Thursday, August 26, 2010

ကိုကိုကြေကွဲပြီးရေးမိတဲ့ကဗျာလေးပေါ့

0

ငါ့ရဲ့လေးနက်မူ့တွေကို....ဘာလို့ဟာသလုပ်ရတာလည်းဟာ
တကယ်ဆိုပူမှန်းသိရက်နဲ့....ငါတိုးနေတာပါ
နင်ပြောသလိုပေါ့...ငါက ချစ်လို့ "အ"နေတဲ့ကောင်ပါ
ငါမရှိလို့ဖြစ်သွားတဲ့တစ်နေ့
ငါဘယ်နေရာမှာနေရမယ်ဆိုတာမသိဘူး....
ဖြစ်နိုင်ရင်တော့.......ပူနေရင်တောင်
နင့်ရင်ခွင်ထဲမှာပဲ..ထာဝရအရည်ပျော်သွားချင်တယ်...ချစ်သူ

အရမ်းချစ်မိသောကောင်းမလေးနှင့်တွေ့ဆုံခြင်း

0

အရမ်းချစ်ရသော်ကိုကို့ချစ်သူလေး...အခုဆိုကိုကိုတို့ချစ်သူတွေဖြစ်တာတစ်လပြည့်တော့မယ်နော်
ကိုကိုကတော့အခုချိန်ထိစတွေ့မိတဲ့မီးလေးရဲ့ပုံရိပ်လေးကိုအမှတ်ရနေမိတုန်းပဲ....ရယ်ပြရင်သွားတက်
လေးပေါ်တက်တဲ့ချစ်စရာကောင်မလေးကိုလေ .....ကိုကိုအရမ်းချစ်တယ်မီးလေးရယ်...တစ်သက်လုံးအတွက်ပဲ
ဒီနေရာလေးကို ..ကိုကိုလုပ်ထားတာ အများကြီးရည်ရွယ်ထားတယ်..ကိုကိုတို့တစ်ယောက်နဲ့တစ်ယောက်ဝေး
နေတဲ့အခါတွေမှာ ..ဒီနေရာလေးမှာကိုကိုတို့ရဲ့ အငွေ့သက်လေးတွေကိုအလွမ်းပြေကြည့်လို့ရအောင်အတွက်
ကိုကိုတို့ရဲ့ကမ္ဘာငယ်လေးလို့နာမည်ပေးထားတာပေါ့...ပြီးတော့မီးလေးကိုပြောချင်တဲ့ရင်ထဲကစကားလေးတွေကို
လည်းပြောလို့ရအောင်လို့..နောက်ကျရင်လည်းကိုကိုတို့  အိမ်ထောင်ကျပြီးရင်သားသားမီးမီးလေးတွေ အထိပါ
ကိုကိုတို့ရဲ့ချစ်ခြင်းတွေကိုသက်သရေပြလို့ရအောင်ရယ်ပေါ့.....ကိုကိုရဲ့စိတ်ကူးလေးတွေသဘောကျမယ်လို့ထင်
တယ်မီးလေးလည်း......အခုဒီနေရာလေးကိုလုပ်တာကိုကိုတို့ရဲ့ ပထမဆုံးတစ်လပြည့်အမှတ်တရလေးပေါ့...တစ်လကိုအမှတ်ရစရာတစ်ခုစီနဲ့ ကိုကိုတို့အချစ်တွေရှင်သန်သွားကြမယ်နော်...ဘယ်တော့မှမခွဲပဲပေါ့...ကိုကိုအခုထိအမှတ်ရတုန်းပဲ
ထီးလေးကိုင်ပြီးဓာတ်ပုံရိုက်ခံနေတဲ့ကောင်မလေးကိုလေ....ပြီးတော့မီးလေးကိုလည်းကိုကိုကျေးဇူးတင်ပါတယ်
ကိုကို့ကိုထာဝရလက်တွဲဖော်အဖြစ်ရွေးချယ်ခဲ့လို့ရယ်ကိုကို့ကိုချစ်နေလို့ရယ်လေ...ကိုကိုဒီနေရာလေးမှာကတိ
ပေးတယ်နော် ..ကိုကို့ချစ်သူလေးကိုတစ်သက်လုံးသစ္စာရှိရှိနဲ့ချစ်မြတ်နိုးသွားမယ်ဆိုတာကိုလေ....
ပြီးတော့အခုတစ်လပြည့်ကစပြီးကိုကိုတို့ နောင်နှစ်တစ်ရာတိုင်အောင်လက်တွဲမဖြုတ်ပဲချစ်နေကြမယ်နော်..

....မီးလေးချစ်တဲ့ကိုကို