Sunday, April 10, 2011

ခေတ်အဆက်ဆက်မှ မြန်မာလူမျိုး စွမ်းဆောင်ရှင်များ

0

ပုံတောင် ပုံညာဒေသမှ နှစ်သန်းပေါင်း ၄၀ ရှိ ပရိုင်းမိတ်ရုပ်ကြွင်းများ တွေ့ရှိချက်အရ လူသားမျိုးနွယ်အစ မြန်မာကဆိုပြီးတော့ ပညာရှင်တွေက သက်သေပြခဲ့ကြပါတယ်။ အဆိုပါ ကမ္ဘာ့ ပထမဆုံး လူသားဖြစ်တဲ့ မြန်မာတွေဟာ  ရေကြည်ရာ မြက်နုရာသို့ လျှောက်သွားကြရာကနေ ကမ္ဘာ တစ်လွှားသို့ ပြန့်နှံ့သွားပါတော့တယ်။ အဲသလို ပြန့်နှံ့ရာကနေ ဘီစီ ၂၀၀ လောက်မှာတော့ မြန်မာတိုင်းရင်းသား တစ်မျိုးဖြစ်တဲ့ ချင်းလူမျိုး (Chin) တွေက Chin မင်းဆက် ကို တရုတ်ပြည်မှာ တည်ထောင် လိုက်ကြပါတယ်။ တရုတ်ပြည် မဟာတံတိုင်းကြီးကို ကာရံခဲ့တဲ့ Chin Shi Huangdi ဘုရင်ဟာ ချင်းလူမျိုးဖြစ်ကြောင်း သိရပါတယ်။ အေဒီ ၁၅ ရာစုမှာ မြန်မာလူမျိုး ဘုရားတကာမ ကျောင်းတကာမ ဖြစ်တဲ့ ဗာစကို ဒကာမ (Vasco  Da Gama) က အိန္ဒိယတိုက်ငယ် ကို တွေ့ရှိခြင်း၊ မြန်မာလူမျိုး  ကိုလံဘတ် (ကြီးလာတဲ့အခါ ဦးလံဘတ်) က အမေရိက တိုက်ကို တွေ့ရှိခြင်းနဲ့ အတူ  မြန်မာ လူမျိုးပေါင်းမြောက်များစွာဟာ အဲဒီ ဒေသတွေမှာ အခြေချခဲ့ကြပါတယ်။
၂၀ ရာစု အစောပိုင်းမှာ မြန်မာ အင်ဂျင်နီယာ တစ်ဦးဖြစ်တဲ့ ဂျာမနီနိုင်ငံဖွား ဇက်-ပလ္လင် (Zeppelin) က ရာဇပလ္လင်နဲ့ တူတဲ့ လေသင်္ဘောကို တီထွင်ခဲ့ခြင်း နဲ့  အတူ မြန်မာတွေဟာ လေသင်္ဘောစီးပြီးတော့ ဥရောပ အနှံ့ ခြေဆန့်ခဲ့ကြပါတယ်။ အီတလီကို ရောက်နေတဲ့ မြန်မာလူမျိုး မာ-ကိုနီ (Marconi) (မာ-ကိုပြာရဲ့ညီ) က ကြိုးမဲ့ကြေးနန်းတွေ တီထွင်ခဲ့လို့ ဆက်သွယ်ရေးတွေ တိုးတက်ခဲ့သလို  ပြင်သစ်နိုင်ငံရောက် မြန်မာ အမျိုးသမီး မဒမ် ကြူကြူရီ (Madame Curie) ဟာ  ရေဒီယမ်ကို တွေ့ရှိခဲ့လို့ နိုဗဲလ်ဆု ရခဲ့ပါတယ်။ ဒီလိုပါပဲ မြန်မာ့ ဆိုင်းပညာရှင်ကြီးဖြစ်တဲ့ ရွာဘုရင် တရာ နတ်တန်ခိုး (Rabindranath Tagore) ဟာ ဂီတဉ္ဇလီ ကဗျာနဲ့ နိုဗဲလ်ဆု ရရှိခဲ့ပါတယ်။ မြန်မာတွေအတွက် အခြား ဂုဏ်ယူစရာ တစ်ခုကတော့ “အဲဒီ-ဆင်” (Edison) ဆိုတဲ့ မြန်မာ့ ဆင်ပြောင်ကြီးရဲ့ အံ့မခန်း တီထွင်မှုတွေပါပဲ။ ဒီလိုပါပဲ အလက်ဇန္ဒား ဂရေဟမ် ဘဲ  ဆိုတဲ့ မြန်မာ ဘဲကြီးကလဲ တယ်လီဖုန်းကို တီထွင်ခဲ့ပါတယ်။ မြောက်အတ္တလန္တိတ် စာချုပ်အဖွဲ့ကြီးဆိုတဲ့ “နေတိုး” အဖွဲ့ကို  ဦးဆောင် ဖွဲ့စည်းခဲ့တဲ့သူဟာ မြန်မာ ရုပ်ရှင်မင်းသား နေတိုးဖြစ်ပြီးတော့ ဒီအဖွဲ့ကြီးကို နောက်ကွယ်ကနေ အဓိကကြိုးကိုင်ထားသူကတော့ မင်းသားနေတိုးနဲ့ ရုပ်ချင်းဆင်သော နေစိုးထိုက်တိုး ဖြစ်နေကြောင်း အံ့အားသင့်ဖွယ် သိရှိရပါသည်။ အာဆီယံ အဖွဲ့ကြီးဟာလဲ မြန်မာပြည်က လုပ်တဲ့ အာမီရမ် (Army Rum) ဆိုတဲ့ အမည်နာမကို သဘောကျလို့ အတုယူထားတာလို့ ဆိုပါတယ်။ ကေသီ-ပစိဖိတ် (Cathy-Pacific) ဆိုတဲ လေကြောင်းလိုင်းကို တည်ထောင်ခဲ့သူဟာ ဒေါ်ကေသီဆိုတဲ့ မြန်မာအမျိုးသမီး တစ်ဦးပါ။ ဒီလို တစ်ကမ္ဘာလုံးမှာ အောင်မြင်ကျော်ကြားခဲ့တဲ့ မြန်မာတွေဟာ နိုင်ငံပေါင်းများစွာမှာလဲ ထိပ်တန်း ခေါင်းဆောင်ကြီးတွေ ဖြစ်ခဲ့ကြတာ  တွေ့ရပါတယ်။ BS News က စုံစမ်းသိရှိရ သလောက် နိုင်ငံတကာက မြန်မာ့  ခေါင်းဆောင်တွေကို တင်ပြရရင်-    
၁။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း - ကော်ဖီ-အနံ့ (သူက ကော်ဖီ အရမ်းကြိုက်တော့ သူ့ဆီက ကော်ဖီအနံ့ ထွက်လို့ပါတဲ့) (Kofi Annan)    

၂။ အမေရိကန် သမ္မတ- ရော်နယ် ဦးရည်ခင် (Ronald Reagan)    

၃။ ဆိုဗီယက် သမ္မတ- မိခေးလ် ကိုဗချော (Gorvachev)

၎။ ဆိုဗီယက်ခေါင်းဆောင်ကြီး- ဂျိုးဇက် စန္ဒာလင်း (မိန်းမတစ်ဦး ဖြစ်ပါသည်) (Stalin)    

၅။ အမေရိကန် သမ္မတများ- ဂျော့ မောင်ပု (စီနီယာနှင့် ဂျူနီယာ) (George Bush and George W. Bush)    

၆။ ဗြိတိန် ၀န်ကြီးချုပ်- မာဂရက် ဒေါ်သေချာ (မိန်းမဖြစ်ကြောင်း သေချာပါသည်) (Magaret Thatcher)    

၇။ သူမကို ဆက်ခံသူ ၀န်ကြီးချုပ်- ဂျွန် မယ်ကြာ (မိန်းမဖြစ်ပါသည်) (John Major)    

၈။ ပြင်သစ် သမ္မတ- ဆာ ကိုစည် (ဆာဘွဲ့ရဖြစ်ပါသည်) (Sarkozy)    

၉။ ဂျာမနီ ၀န်ကြီးချုပ်- ဟဲလ် မီးခိုး (Helmut Kohl)    

၁၀။ အီတလီ ၀န်ကြီးချုပ်- ဘီလူး စကိုနီ (အစွယ်ငေါငေါနဲ့ ကြောက်စရာဘီလူးကြီး) (Berlusconi)    

၁၁။ နာဇီခေါင်းဆောင်- အံ့ခမန်း (အရမ်း အံ့မခန်း နိုင်လွန်းတဲ့ ပုဂ္ဂိုလ်ပါ) (Eichmann)    

၁၂။ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး- ၀ါရင့် ခရစ္စတိုဖာ (အရမ်း ၀ါရင့်တဲ့ ပုဂ္ဂိုလ်ပါ) (Warren Christopher)    

၁၃။ တိဗက် ဘာသာရေးခေါင်းဆောင်- ဒလိုင်း လန်ဘား (အရပ်ရှည်တဲ့ ကိုလန်ဘား ဖြစ်ပါသည်) (Dalai Lama)    

၁၄။ အိန္ဒိယ၀န်ကြီးချုပ်- ဂျာဝါဟလာ ကိုနေ-အရူး (Jawaharlal Nehru)    

၁၅။ တရုတ်ခေါင်းဆောင်ကြီး- မော်-ဇီးတုံး (Mao Zedong)    

၁၆။ စင်ကာပူ ၀န်ကြီးချုပ်- လီကွမ် အရူး (Lee Kuan Yew)    

၁၇။ သူ့ကို ဆက်ခံသူ- ကိုကျောက်တောင် (Goh Chok Tong)     

၁၈။ မြောက်ကိုးရီးယား ခေါင်းဆောင်- ခင်ချိုအေး (မိန်းမတစ်ဦးဖြစ်ပါသည်) (Kim Jong Il)    

၁၉။ ပါကစ္စတန် ၀န်ကြီးချုပ်- ဘရာဇီယာ ပုတို (အရပ်ပုပု ဂင်တိုတို - ဘရာဇီယာရောင်းသူ) (Benazir Bhutto)    

၂၀။ ထိုင်းဝန်ကြီးချုပ်- အဘိသေက ၀ိဇ္ဇာဇီဝ (ပါဠိနဲ့ မင်းစိုးရာဇာဘွဲ့ ခံယူထားသူ) (Abhisit Vejjajiva)    

၂၁။ မလေးရှား ဒုဝန်ကြီးချုပ်- အဏ္ဏ၀ါ အီဘရာဟင် (အဏ္ဏ၀ါဇီဝဘာသာရပ်ဖြင့် ဘွဲ့ရထားသူ) (Anwar Ibrahim)    

၂၂။ ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီး- ငုယင် ကိုသက် (Nguyen Co Thach)    

၂၃။ မြန်မာပြည်ဘုရင်ခံ- ဆာ ဦးဘရန် (Sir Hubert Rance)  

၂၄။ မြန်မာပြည်ဘုရင်ခံ- ဆာ ဒေါ်မန်စမစ် (မိန်းမ ဖြစ်ပါသည်) (Sir Dorman-Smith)    

၂၅။ မြန်မာပြည် ဘုရင်ခံ- ဆာ ဟာကုတ် ပတ္တလား (ပတ္တလား ဆရာ ဖြစ်ပါသည်) (Sir Harcourt Butler)    

၂၆။ အရှေ့တောင်အာရှ စစ်သေနာပတိချုပ်- လော့ မောင်ဘက်တန် (ငယ်ငယ်က ဘက်တန်ရိုက်ဝါသနာကြီးသဖြင့် မိတ်ဆေါများက ချစ်စနိုးပေးထားသောနာမည်) (Lord Mountbattan)    

၂၇။ ကုလသမဂ္ဂကိုယ်စားလှယ်- ဦးနံပြား (Nambiar)  တို့ဖြစ်ကြပါတယ်။    

၂၈။ ယခုလက်ရှိ ကုလသမဂ္ဂအတွင်းရေးမှူး မစ္စတာ ဘန်ဂီမွန်းဟာလည်းပဲ မွန်လူမျိုးဖြစ်ကြောင်း သိရှိရပါတယ်။

ဒါတင် မကပါဘူး...
ကမ္ဘာ့ အချမ်းသာဆုံးစာရင်းထဲမှာပါတဲ့ သူဌေးကြီး ၀ါရင့်-ဘူဖေး (Warren Buffett) ဆိုတာ ၀ါရင့် မြန်မာ စီးပွားရေး လုပ်ငန်းရှင်ကြီး ဖြစ်ပါတယ်။ ကမ္ဘာ့ဘောလုံးလောကမှာ ရီးရဲမက်ဒရစ်အသင်းနည်းပြ မောင်ရင်ညို (Mourinho) ၊ ပြင်သစ်နိုင်ငံက ဂိုးသမား ဘသက် (Barthez) ၊ ဒေးဗစ် ဘခမ်း (David Backham) ၊  တို့ဟာ ထင်ရှားတဲ့ မြန်မာတွေပါ။ ကမ္ဘာ့ရုပ်ရှင် လောကမှာဆိုရင် ဟောလီးဝုဒ်က ကိတ်-၀င်းလဲ့ (Kate Winslet)၊ စန္ဒာ-ဗူးလော့ (Sandra Bullock) ၊ ဂျွန်ထရာ ဘိုတာ ( John Travolta ) ( နာမည်အရင်း တာတီး မှ သူငယ်ချင်းများမှ ဘိုတာ လို့ခေါ်ရင်း နာမည်ပြောင်းသွားသူ ) ၊ နာရီ အရမ်းပတ်တဲ့ ဂျိမ်းစ်ဘွန်းမင်းသား ရှောင်ကွန်-နာရီ (Sean Connery) ၊ ရန်ဗိုလ် (Rambo) ၊ တရုတ်ပြည်က ပေါင်ချိန် (၀လွန်းလို့ ပေါင် ခဏခဏ ချိန်ရသူ) နဲ့ ကိုရီးယား နိုင်ငံက မင်းသမီး ဆောင်းဟေကို (မိုးဟေကိုရဲ့အစ်မ၀မ်းကွဲဖြစ်ြေ
ကာင်းသိရ ) (Song  Hayko) တို့ဟာ နာမည်ကျော်ကြားတဲ့ မြန်မာ လူမျိုးများ ဖြစ်ကြပါကြောင်း BS News က လေ့လာ တွေ့ရှိရပါတယ်။

Tuesday, April 5, 2011

သီချင်းဟာသများ

0


၁)စိုးစန္ဒာထွန်း..............လကွယ်ည...သန်းခေါင်ယံ.....မိုးမှောင်ကျပြန်တော့....

မေ့ဘ၀ညဥ့်နက်ရပြီကွယ်......သစ်ရွက်ကလေးတွေမြေမှာဝဲ.....

ဂျီလတ်...........နှစ်ယောက်စလုံး....မှားခဲ့တယ်.....အချိန်လွန်မှပြန်လှည့်ဖို့ ခက်..... .နင့်ဘ၀ကိုတည်ဆောက်ပြီး...ငါ့ဘ၀ပျက်ရတယ်.....နင်ညဏ်ကောင်းလွန်းခဲ့တယ်

(အမယ်လေးနော်......ယောကျာ်းလေးကပဲ...နာအံ့ထင်နေတယ်နော်....ပြောမပြောလိုက်ချင်တော့ပါဘူး....ဟိဟိ)

( ၂ )တွံတေးသိန်းတန်........၄၀ ကျော် ၅ နှစ်စွန်းမှပြန်ဆုံရတယ်....ငယ်ချစ်ဦးရယ်...အခုများကြည့်ရင်....

ထွန်းအိဒ္ဒြာဗိုလ်.......ဟယ်လို ...ဒါလင်..မတွေ့ တာ...ကြာပြီနော်....အရင်လို ကြည့်ကောင်းနေတုန်းပဲကွယ်..ဆုံတွေ့ရတာ....ဒို့ ဝမ်းသာ.....

(ဟိဟိဟိ...သူငယ်ပြန်နေကြပြန်တယ်နော်.....ပြောလိုက်ရရင်ဖြင့်....မကောင်းတော့ပါဘူးလေ....ဟဲဟဲဟဲ)
( ၃ ) အေနွန်... ......ရိုမီယို ...ဂျူးလီးယက် မမှီနိုင်ဘူးဆို ....အာဒမ်

ဧ၀ထက်ဒို့ ချစ်မယ်ဆို....အခုတော့လည်းလေ.. ..ပုံပြင်ထဲမှာချန်ထားရစ်သူရေ...

တင့်တင့်ထွန်း...............ပုံလာလာ ပြောတိုင်းယုံ....ပါလာလာ....အားလုံးကုန်...ကုန်ပြီပေါ့ကွယ်

( မှတ်ထားနော် ပုံလာလာပြောတိုင်းယုံတတ်တဲ့..သူငယ်ချင်းလေးတွေ ....တော်ကြာ ရိုမီယို ...ဂျူးလီးယက် မမှီနိုင်ဘူးဆို ပြီးတော့အော်ဆိုနေရအုံးမယ်....)

( ၄ ) No ..................ဒို့  Show သွားတိုင်းတကောက်ကောက် လိုက်နေသလား..ဒီကောင်လေးအတွက်နဲ့ 
စိတ်ညစ်ရပါလား....လူမိုက်လေးရယ်....ကျောင်းရောတက်ရဲ့ လား....

အဲလက်စ်..................... ငယ်သေးတဲ့ ..အချစ်မို့ မလေးစားတာလား ပြောပါ....ကျွန်တော် သိပ်ချစ်တတ်တာ....ကျွန်တော်သာ....အသိပါ.....ညတိုင်းပဲအိပ်ပျက်ခံပြီးလွမ်းတာ....ကျွန်တော့်ရဲ့ အချစ်ကို နားလည်ပါ

( အေးလေနော်....သူလဲငယ်သေးပေမဲ့...အဓိကဟာ...ပါတာပဲလေ.....အော်...ချစ်တတ်တဲ့ အသည်းနှလုံးပါတယ်လိုပြောတာပါနော်...)

( ၅ ) ထွန်းအိဒ္ဒြာဗိုလ်..............ကိုလေ..အရောက် လာမယ် မင်းလေးအနားကို.တစ်ချိန်လုံးမင်းကို ချစ်တဲ့ အတွေးများနဲ့ 

မျိုးကြီး...............မလာပါနဲ့  အချစ်ရေ.....မလာနဲ့ တော့.....

( ရော်ခက်ပြီနော်..လာ၇မဲ့သူတောင် တန်းလန်းကြီးဖြစ်သွားတယ်....ဟွန့်  )

( ၆ ) စိုးစန္ဒာထွန်း............မလှဘူးပြောရင် စိတ်ဆိုးတယ်.....မချစ်ဘူးပြောရင် ငိုလိုက်မယ်...

R ဇာနည်..........လှပါတယ်....ဆိုနေမှ ဒီထက် ပိုလှချင်သူလေးရေ...ကိုဟာ..မင်းကို လှလို့ ချစ်တာ မဟုတ်..ချစ်လို့ လှတာပါ

( အလှအပ ကြိုက်တဲ့  ကိုယ့်ချစ်သူတွေကို Rဇာနည်..လို ပဲ ပြောပေးလိုက် သိလား...)

( ၇ ) ဟေမာနေ၀င်း .........ပြန်ခဲ့ပါတော့ ဦးရယ် ဦးရယ်....ပြန်ခဲ့ပါတော့ဦးရယ်ဦးရယ်...

L လွန်းဝါ....................ပြန်မလာတော့ ဘူး....ငါ လိမ်ပြာမလုံဘူး...ဟူး....ဟူး...

( ဟောကြည့် ....ဘာတွေ မဟုတ်တာ လုပ်ထားလဲ

သိဘူးနော်...ငါလိမ်ပြာမလုံဘူး...ဆိုတော့ .:P...)

( ၈ ) ဆုန်သင်းပါရ်.........အဖြူရောင်လေးကို ဆေးလဲမဆိုးနဲ့  အရောင်ပြန်လွင့်အောင်လဲမင်းမလုပ်နဲ့  အဖြူထည်လေးရယ်...အတိုင်းပဲထားကွယ်....သူငယ်ချင်းရယ် ခင်မင်မှုတွေလဲ.. မလျော့လိုက်နဲ့  ...ခင်တာထက်ပိုပြီးမတိုးနဲ့ . . . . အဖြူရောင်မြစ်ငယ်လေးရယ်... အတိုင်းပဲစီးဆင်းသွားချင်တယ်.... သူငယ်ချင်းရယ်

ကြက်ဖ..........................သူငယ်ချင်းကို ..ရည်စားမလုပ်ဖို့ ...ဘယ်သူတွေက တားမြစ်ထားလဲ....

( ၉ ) ထွန်းအိဒ္ဒြာဗိုလ်........ခါးကလေးလှုပ်ကာ ...လမ်းလျှောက်သွားရင်..ကောင်လေးတွေ ကြည့်တယ်.. မျက်လုံးလေး တစ်ဖက်ကို မှိတ်ပြလိုက်ရင်...

J Me ...........ကဲသာကဲ ..ကဲသာကဲ...ငါတို့ ကတော့....ဆွဲမှာပဲ....ဆွဲမှာပဲ.....

( ကောင်မလေးတွေ လမ်းလျှောက်ရင်ကြည့်လျှောက်ကြနော်....ကောင်လေးတွေက J Me လိုပဲပြောနေကြလိမ့်မယ်နော်....ဟဲဟဲ....)

( ၁၀ ) ဂရေဟမ်............တကယ်တန်းကျွန်တော့်ရဲ့ အဖြစ်ဟာ... မကြင်နာလေသူကိုမှ.... သွားချစ်မိနေတာ....

ရတနာဦး.............မကြာခင်မှာ...ကြင်နာမယ်...သူ့ ကိုအဖြေပေးလိုက်တော့မယ်......

( သူများတွေတော့ အိုကေမှာစိုပြေနေကြပြီနော်....အားကျလိုက်တာ....အားဆေး ၀ယ်မစားနိုင်တာ
ကြာလို့ လေ... )

( ၁၁ ) R ဇာနည်............ ရွှေလည်တိုင်ကိုကွယ်...အနမ်းလေးပေးစဉ်ဝယ်......

တင့်တင့်ထွန်း.............နမ်းပါ ..နမ်းပါ...နမ်းပါ...နမ်းမလား....

(ကဲကောင်းရောပဲနော်...စိတ်ကြိုက်သာ....ကဲပေတော့...ဟီးဟီး...)

( ၁၂ ) Cobra ..........ငါလေမင်းနဲ့ ချစ်ခဲ့ပြီးတဲ့ ...နောက်ပိုင်းမှာမင်းကိုငါယုံကြည်ခဲ့လို့ ...အခြေအနေပေးရင် ဒို့ ရဲ့ အချစ်တွေခိုင်မြဲအောင်....မိဘတွေဆီမှာလာတောင်းမယ်

မီးမီးခဲ............မေမေနဲ့ လာတွေ့ ပါ အချစ်ရယ်...မေမေကခေါ်ခဲ့ပါပြောတယ်....

( သူများအတွဲတွေကတော့ ဟုတ်နေကြတာပဲ....ရေခဲမုန့် တွေ ကိတ်မုန့် တွေ အုန်းသီးတွေ

စားကြရတော့မယ်နော်...တစ်ခါ အားကျမိပြန်ရော...)

(၁၃ ) CNC..........ဖြူစင်နေပါ...ကြင်နာသူရယ်....ကိုယ်တိုင်မင်းအနားရှိတိုင်းမှာ..ပေးဆပ်ရင်းနဲ့ 

့လွမ်းနေတာ...ကိုယ်တစ်ယောက်တည်းပါ...

ရှင်ဖုန်း..............လွမ်းတော့ ပြန်လာပါ အသည်းလေးရာ...ကိုယ့်အချစ်တွေ မင်းနားလည်ရင်....

( အေးလေ...လွမ်းရင် ပြန်လာပေါ့ ..လေယာဉ်ခက ဈေးကြီးတာမှတ်လို့  နော့်လေ...)

( ၁၄ ) R ဇာနည်..........အသည်းလေးမျာခွဲလည်း ကိုယ် ခွင့်ပြုမှာ...နောက်တစ်ယောက်နဲ့ တွဲလည်း... ကိုယ် ခွင့်လွှတ်တာ....သူမသိဘူး...အချစ်ဦးမို့ ပါ...

No ..........နောက်တစ်ယောက်နဲ့ တွဲတယ်ဆို...မင်းကငါ့ကိုအထင်တွေလွဲ...ရှုပ်တယ်လို့ နံမည်ကြီးတော့ ရှင်းပြဖိုကခက်နေတယ်....လိုရင်းက ဘာလဲ ..ဘာလဲ...

( ဟုတ်တယ်...လိုရင်းက ဘာလဲ.ဘာလဲ...အထင်တွေလွဲတာ...ဘာတွေလဲ...ရှင်းပြပေးမှာပေါ့လို့  :PPP)





( ၁၅ ) ကဗျာဘွဲ့ မှုး... .....တစ်ယောက်က ခေါင်းလေးကိုဖြီးပေးမယ်...တစ်ယောက်က

ငါ့ဖိနပ်ကိုစီးပေးမယ်....တစ်ယောက်ကို ငါကန်တော့ရင် ..တစ်ယောက်က ငါ့ကိုကန်တော့လိမ့်မယ်...ရည်းစား နှစ်ယောက်ရှိရင် ...... ရည်းစားနှစ်ယောက်ရှိရင် ...သိပ်သိပ်ပြီးတော့ ကောင်းမှာပဲ

Big Bag ..............ဟိုလူနဲ့  တွဲလိုက် ....ဒီလူနဲတွဲလိုက်.....ကြာလာရင်.... မင်းစိတ်ဖေါက်ကာ... ငါ့ဘက်ရောက်လာ....

( ကောင်မလေးတွေ အဲဒီ လို လုပ်နဲ့ နော်...တော်ကြာ..ကောင်လေးတွေက .ဖြေးဖြေးသတ်ပါလို့  ..ဖြေးဖြေး သတ်ပါလို့အော်နေလိမ့်မယ်....အဟီး)
( ၁၆ ) Lဆိုင်းဇီ.............ဟိုတုန်းကလိုမျိုးကို...ကိုယ့်ကိုချစ်သေးလား...အချစ်ရယ်

Bunny Phyo.......ဟိုအရင်လို အချိန်တွေကို ပြန်လွမ်းနေလိုလဲမထူး...လက်ရှိလျှောက်ရမဲ့ ဘ၀ကို ရွေးချယ်ခု....

( အော်ခက်ပြီ....ဒါလေးတောင်မမေး၇တော့ဘူးလား...သိဘူးနော်....)

( ၁၇ ) မို့ မို့ ...........မကြာခင်မှာ ဒို့ နှစ်ယောက်အရမ်းပဲချစ်တော့မယ်......ရည်းစားဖြစ်ဖို့  ၅ မိနစ်လိုပါတော့တယ်.....

ဘာဘူ.............မင်းနဲ့ ငါနဲ့ ရည်းစားဖြစ်ရင်....ဘာတွေလုပ်မလဲ စဉ်းစားပါ....မင်းကို ငါက နားနား...နာ့နာ့ ...မင်းစိတ်ဆိုးမှာလား....

( ကောင်လေးတွေများလုံးဝလွယ်ဘူးနော်....ရည်းစားတောင် မဖြစ်သေးဘူး...အခွင့်အရေးက

ယူချင်နေပြီ.....ပြောလိုက်ချင်ပါဘူး.....ဟဲဟဲ...)

(၁၈)ဗဒင်.......လမ်းကြားမှာ....အလစ်သုတ်ပြီး.ခိုးနမ်းတုန်းကတော့.....သွား..မုန်းတယ်...လူကြီးကိုကတဲ့...

သင်ဇာဝင့်ကျော်........................ချစ်တော့ ချစ်တယ်.....အစ်ကို ရဲ့ ဒီလိုမလုပ်နဲ့ 

( ....ဟိဟိ...ယောင်းမတို့ ရေ...လမ်းကြားရောက်ရင်...သတိသာ ဆွဲထားပေတော့....အဲဒီလို အလစ်သုတ်သမားကောင်လေးတွေနဲ့  တွေ့ နေအုံးမယ်နော်...ဟိဟိ )

( ၁၉ ) Example.....ရည်းစားတွေ အများကြီးပဲ....ကိုတစ်ချိန်ကထားခဲ့ဘူးတယ်....မင်းနဲ့ လေတွေ့တော့မှ....

မေခလာ...........စောစောစီးစီး ......သိလိုက်ရတာ.....ကံကောင်းလို့ တည့်တည့်တိုးတိုး မှ ရိပ်မိလိုက်တာ....ကိုညံ့လို့ ....ဘ၀နဲမလဲလိုက်ရတာ....ကံကောင်းလို့ ...

( ဟိဟိ...ယောင်းမတို့ ရေ.....ကောင်လေးတွေနဲ့ ကြိုက်မိသွားရင်တော့...မေခလာရဲ့ ကံကောင်းလို့  သီချင်းကို...အလွတ်ကျက်ထားကြပေတော့....ဟီးဟီး...)

( ၂၀ ) Rဇာနည်...........ရေမြေခြားသွားရတော့....မင်းလေးကိုထားခဲ့ရပြီပေါ့....မျက်ကွယ်ရာမှာ....ကိုယ်....

မေဆွိ..............ကိုကိုရေ....ကွယ်ရာမှာခြေမများနဲနော်....ကိုကိုရေ...စာမှန်မှန်ရေးပါနော်...နော်....ကိုကိုနော်....

( နိုင်ငံခြားထွက်သွားတဲ့ ချစ်သူတွေဆိုတော့နာနာသာ မှာပေး...စင်ကာပူမှာ...ကောင်လေးတွေ ဖားရိုက်ရိုက်နေကြတာ...ကညာသိတယ်နော်....ဟွန်း...)

( ၂၁ ) အစ္စဏီ...........ရင်ခုန်စရာ...အိမ်မက်လေးတော့ ..တစ်ခါပြန်လည်မက်ခွင့်ပေးတော့.....အိမ်မက်တွေထဲမှာ...နင်နတ်သမီးပေါ့.....

ချောစုခင်............မင်းလေးမက်တဲ့အိမ်မက်ထဲမင်းသမီးလေးဟာ....ကိုယ်ပါပဲ....ဟေ့...ဟေ့...ဟေ့...ဟေ့ဟေ့ဟေ....

( ကညာထင်ပါတယ်..အင်တာနက်ချစ်သူဆိုဒ်ထဲက ကောင်လေးတွေရဲ့ အိမ်မက်ထဲမှာတော့ ...၉ ၁၀ ဂျတ်..ကင်း ..ကွင်းတွေနဲ့ ..KTV ကကောင်မလေးတွေနဲ့ ဘီယာတွေပဲမက်နေမှာ....ကညာတော့ မြင်ယောင်တယ်.....ဟိဟိဟိ...)

( ၂၂ ) တွယ်တာ..........နင်ရည်းစားရှိရှိ ..မရှိရှိပါကွယ်..ငါကချစ်မှာပဲ....လူတိုင်းက မြင်ရင် ဂရုမစိုက်ပါကွယ်...တကယ်ဇွတ်ချစ်မှာပဲ.......ဟိတ်..ဟိတ်...ဇွတ်ချစ်တတ်တာ ငါပဲ....

ဟဲလေး..............မမျှော်လင့်ပဲဇွတ်ချစ်မိတာ...နင်ပါ....မျှော်လင့်ခြင်းအဆုံးမသတ်သူဟာ... နင်ပါ...ကြုံလာသမျှကို..ဖွဲစကွဲသတ်မှတ်လို့  .အရာရာထက်ကိုဦးစားပေးချစ်ခဲ့လဲ...နင်မသိတာ့ ခံစားရ....

( ၂၃ ) Blueberry ...........မင်းပါ မင်းပါ...ငါ့ဘ၀အတွက်အရာရာဟာ..မင်းလေးပါ...မင်းနဲ

့ဝေးရရင်တော့ ကွာ...ငါ့အသည်းတွေ ကွဲကြွေပြီ....

လေးဖြူ............မယုံနိုင်ဘူး....သံယောဇဉ် တွေ ဖြတ်ခဲ့ပြီးတဲ့နောက်.....မယုံနိုင်ဘူး.....

( ၂၄ ) ရှင်ဖုန်း........ကြင်နာသူ.....မင်းဆီမှာရှိသေးလာချစ်သူရာ..ဦးထားတဲ့ အသည်းတစ်နေရာ.....

ဇော်ဝင်းထွဋ် ..........ဘာမှမရှိတော့ဘူး...တစ်ခုမှမရှိတော့ဘူး.....

( ဖြေးဖြေး ပြောလဲ ရပါတယ်နော့်လေ....အင်တာနက်ချစ်သူဆိုဒ်ထဲက

ကောင်လေးတွေ ကညာ့ကိုတော့ ...ဘာမှ မရှိတော့ဘူး..ဆိုပြီးတော့ အော်မပြောနဲ.့နော်..ကညာက မရှိရှိတာကို အတင်းချွတ်ယူပြစ်လိုက်မှာ....အော်...လက်စွပ်တို့ .ဆွဲကြိုးတို့ ကိုပြောတာပါနော်....အဟီး.....)

( ၂၅ ) ပိုးအိစံ.............အချစ်ဆိုတာ ရယူခြင်းမှမဟုတ်ပဲ မဏိစန္ဒာ...

မျိုးကြီး..............ရယူခြင်းမဟုတ်ရင် အချစ်က ဘာလဲ...ငါ့ကိုလဲပြောပြသွားအုံး

( မျိုးကြီး မေးတဲ့မေးခွန်းကို ...ပိုးအိစံကအခုထက်ထိကိုပြန်မဖြေနိုင်သေးဘူးလေ....ဟိဟိ )
( ၂၆ ) ကိုကိုမောင်….......မချစ်နဲ့ တော့….ဖြေသိမ့်စာအဖြေမရှိတော့ မချစ်နဲ့ တော့ .........တိမ်တိုက်လိုထွက်သွားတော့.

NO …........ဘယ်သူပြောပြော မကောင်းဘူးလို့ ချစ်မှာပဲ..ငါ့ကအမြဲတန်း မင်းရှေ့ ကချစ်မှာပဲ…ချစ်မှာပဲ......

( ဟာ...ကညာတို့ မိန်းကလေးတွေ ကိုရီးယားခေတ်ကို အမှီ လိုက်နေကြပြီနော်....ဟဲဟဲဟဲ....)

( ၂၇ ) NO.......ဒီတစ်သက်လုံးမှာတော့ကွာ …ငါရည်းစားရဖို့ လုံးဝမမြင်ပါ.... သေချာပြောချင်သေးတာတော့.. .ငါရွေးရင်းရွေးရင်း အကြိုက်မတွေ့ နိုင်ပါ...

ဟဲလေး…...........အပျိုကြီးတွေ …လင်မရလို့ လန်ဒန်မြေပဲယို ….

( အမယ်....အမယ်.....အပျိုကြီးလုပ်တာ....မရလို့ မဟုတ်ပါဘူးနော်

ကောင်လေးတွေကို ကြောက်လို့  သိလား....:P )

( ၂၈ ) အေသင်ချိုဆွေ….......နင်လေ..သတိရရင်ဖုန်းဆက်ပါ အချိန်တိုင်း.
လေပြေစကားနဲ့ .့တင်ကျေနပ်တယ်....

R ဇာနည်….........မိုးလင်းသွားအောင်... ညညဖုန်းဆက်ဖို့..ကိုယ်ကြိုးစားရင်း
နဲ့ ......အိပ်ရေးပျက်မယ်….ဒါပါပဲ……

( စိတ်ကြည့်ပဲ စိတ်ရှည်ရှည်ထားပြီးတော့ ဆက်ပါနော်...ဟိဟိ )

( ၂၉ ) ချစ်ကောင်း..........ကော်ဖီဆိုရင်...ခါးခါးသောက်မိတယ်...၀ိုး..နိုးနိုး...၀ိုး..အို..အိုး...

ရတနာဦး............ကော်ဖီသောက်တိုင်း...မင်းကို လွမ်းနေတယ်....အချိုလျော့သောက်တာ

မင်းအကျင့်လား.......အကြိုက်ချင်းလဲတူ....ခံစားချက်တူ....အခုတော့ ဒို့ တစ်ယောက်တည်း...ကော်ဖီကြိုက်တဲ့ အချစ်ရေ...မင်းဘယ်မလဲ....

( ကော်ဖီကြိုက်တဲ့ ကောင်မလေးတွေ...ရည်းစားကို လွမ်းရင်

အဲဒီသီချင်းလေးကိုသာ..ဆိုလိုက်နော်....ကညာကတော့ ကော်ဖီကြိုက်တဲ့ချစ်သူကိုမရှာဘူး..ဘီယာကြိုက်တဲ့ ချစ်သူပဲရှာမှာ ကညာ ဘီယာသောက်တိုင်း လွမ်းရအောင်လို့ လေ...ဟိဟိ )

( ၃၀ )R ဇာနည်…...........မင်းလက်လေးကိုင်ချင်လို့  1 second လောက်ခွင့်ပြုပါ….

ယုဇန…. .................. ဖြည်းဖြည်းပေါ့… မပိုင်ခင်မှာဖြည်းဖြည်းပေါ့…. လက်ကလေးပြီးတော့…. ပါးလေးပေါ့..လူ့ပါးလေးပေါ့…

( အေးလေနော်...တစ်စက္ကန့် လောက်နဲ့  ဘာလုပ်လိုရမှာလဲနော်...ဖြေးဖြေးပေါ့နော့်လေ....ဟီးဟီး...)

( ၃၁ ) ထွန်းအိနြာဗိုလ်….........အားရားရာ…..အားရားရား…မောင်ဘာကိုငြင်းမလဲ….

စိုင်းစိုင်းခမ်းလှိုင်…............မဟုတ်ပါဘူး….မရှုပ်ပါဘူး….မင်းထင်သလို မယုတ်မာဘူး….

( ဘာ အခုမှမဟုတ်ပါဘူးလဲ...ဟွန်း....အမျိုးသမီးရေးရာ...ရှိတယ်နော်...

နာသွားမယ်....ဟိဟိ)

( ၃၂ ) L ဆိုင်းဇီ…........မလွမ်းရဲသေးဘူး…မောင်၇ယ်..ခဏတော့မထားခဲ့ပါနဲ့ …အချစ်ရိပ်ကလေးမှာ အိပ်နေချင်သေးတယ်….

ကိုင်ဇာ….........မောင်လေချော့ကာ…သိပ်ပါ့မယ်….အေးအေ..အိုးအိုး….အိုမေရယ်....အိပ်တော့ကွယ်...

( ကညာလဲ အဲဒီလို ချော့သိပ်မဲ့ ရည်စားလေးတစ်ယောက်တော့

လိုချင်လိုက်တာ...နောက်တာနော်.....)

( ၃၃ ) Black Hole….......ပါးပေါ်မှာသနပ်ခါးလေးနဲ့ ….ချစ်စရာကောင်းလိုက်တာကွာ….

မေဆွိ….......သနပ်ခါးလိမ်းတာ ..ကို ကို့ အတွက်ပါပဲ….

( ဟုတ်သားပဲ...သွား လူဆိုး...မသိတာ ကြလို့ ...ဟွန်း....)

( ၃၄ ) စိုင်းစိုင်းခမ်းလှိုင်….......109 ..110 …ဘ၀ဆိုးလှတယ်….

မေခလာ….........ကိုကိုရေ..မြန်မြန်အလုပ်ရှာ…အချိန်မဆွဲနဲ့ …ကိုကိုနဲ့ နေချင်လှပြီ..ချစ်လွန်းလို့ 

( ဟုတ်ပါ့တော်...ဒီခတ်ကြီးမှာ အလုပ်မရှိအကိုင်မရှိတစ်ယောက်ကိုတော့ ...စဉ်းစားတော်ရဲဘူးတော်ရေ့ ..:P)

( ၃၅ ) Rဇာနည်…......အိမ်မှာထမင်းစားရတာ..မကောင်းလို..အပြင်မှာဝယ်စားကြည့်တဲ့အခါ….ဆိုင်ကချက်တဲ့ ထမင်းနဲ့ ဟင်းက......

ဆုန်သင်းပါရ်…...........ကောင်းလား…အချစ်ရေ....ဒီမေးခွန်းကိုမေးမယ်…ကောင်းလား….

( R ဇာနည်တော့ မသိဘူး...အင်တာနက်ချစ်သူဆိုဒ်ထဲက ကောင်လေးတွေကတော့

ကောင်းတယ်လို့  ပြောမှာသေချာတယ်.....စားပွဲထိုး...ကောင်မလေးတွေကိုငမ်းရလို့ လေ....ဟုတ်တယ်မလား....ဟိဟိ )

( ၃၆ ) တူးတူး…..........ချာတိတ်….ညညမနက်နက်..အိမ်မက်ထဲမှာ.. မင်းကိုယ့်ကို..စိုးမိုးလွန်းတယ်ကွယ်…ချာတိတ်လေးရဲ့ သံယောဇဉ်တွေ

မီးမီးခဲ…........ကိုကိုကျွန်တော့်ကို….ချာတိတ်လို့ မခေါ်နဲ့ နံမည်ရှိတယ်…မကြိုက်ဘူး…သိရဲ့ လား.. ကိုကိုနဲ့ ကျွန်တော်အရပ်ချင်းတိုင်း ကြည့်မလား..မှီခါနီး ပြီ...ဒါကလေးလား....ဟားဟား...ဟာ....

( ၃၇ ) Rဇာနည်…..........ရောက်လာချိန်မှာတော့…အဆင်သင့်ဖြစ်အောင်…အမြဲတန်းပဲရှင်းလို့ ထားပါတယ်.
ချစ်သုဝေ….......တိုးတိုးလေး.....အနားကပ်ပြောမယ်....ဟင့်အင်းအမေက ဆူလိမ့်မယ်….

( ချစ်သု့ ဝေကလဲ ....ကညာလိုပဲ.....အကောင်ပြရင်...အရိပ်တန်းမြင်တာပဲနော်....ဟီဟိ....)

( ၃၈ ) ဟဲလေး….........နင်မလိမ်မာလဲ ချစ်ပါ့မယ်....အပေအတေဆိုလဲ...ချစ်ပါ့မယ်..... ကိုယ့်ဘက်ကလိုက်လျောယုံပဲ......နင်ဘာပဲဖြစ်ဖြစ်ချစ်တယ်… မလိမ်မညာပါကျိန်ပြောဝံ့တယ်…
ဆူဇီ….........မင်းပြောတဲ့စကားတွေ …သေသေချာချာမှတ်ထား….လမ်းရောက်တော့မေ့မှာလား….

( သူငယ်ချင်းယောင်းမတို့ ရေ.... ကောင်လေးတွေက အဲဒီလို

ပြောရင် ယုံနဲ့ နော်....သူတို့ တွေက ပြောပြီးသား... စကားတွေကိုလမ်းရောက်ရင်.. မေ့သွားကြတာ....ဟိဟိ....ကညာကတော့..ယုံဘူးဆို...ယုံဘူး...ယုံဘူး..ဟီးဟီး...)

( ၃၉ ) နန်းစုရတီစိုး...............ကျွန်မနောက်ကို မလိုက်ခဲ့ပါနဲ့ ...မေမေဆူလိမ့်မယ်.....

အဲလက်စ်..........သွားစမ်းပါ...မာယာတွေရိုးနေပြီကွာ....ကြုံလာတဲ့ မိန်းမတိုင်း....ဒါမျိုးတွေ ကြည့်ကွာ....အိုးအို...မာယာတွေ တကယ်ရိုးပြီ..သိရဲ့ လား...

( မိန်းကလေးတိုင်း.... မဟုတ်ရပါဘူးရှင်...... ကညာ့နောက်ကို.လိုက်ခဲ့ရင်တော့.... ဘီယာဖိုးရှင်းရမယ်...လိုက်ချင်လိုက်ခဲ့ပေါ့....ဟိဟိ....)

( ၄၀ )ပိုးအိစံ........ .မောင်ခေါ်ရာ လိုက်ခဲ့တော့မယ် ရွှေမြို့ မောင်ကြီးရေ...ဆယ်ကမ္ဘာ အဆုံးထက်တိုင်ရယ်....အဆုံးထက်တိုင်ကွယ်...

အနိုင် ...............အချစ်ရေ အချစ်ရေ နောက်မခေါ်တော့ဘူး......

(အိမ်လည်ခေါ်သွားတာ....နောက်မခေါ်တော့ဘူးဆိုတော့...အစားပုပ်လို့ ပဲ

ဖြစ်ရမယ်နော်...အဟိ....)

( ၄၁ ) စိုးစန္ဒာထွန်း...... .......မောင့်အချစ်မြားစူး ရူးရပြီပေါ့လေ....

လေးဖြူ.......... ........ရူးချင်ယောင်ဆောင်မနေနဲ့ ဟေ့ ရူးချင်ယောင်ဆောင်မနေနဲ့....

( ဟုတ်....ဆောင်ရဲတော့ပါဘူးနော်....ဟီဟိ....)

( ၄၂ ) အငဲ .........ဟောင်းသွားပြီလား ....ဟောင်းသွားပြီလား.....

စိုးစန္ဒာထွန်း...........မနှောင်းသေးပါဘူး...မဟောင်းသေး ပါဘူး အချစ်ရေ.....

( အကောင်းကြီးပဲ ရှိပါသေးတယ်တဲ့နော်...မဟောင်းသေးပါဘူးတဲ့...:P )

( ၄၃ ) Lဆိုင်းဇီ ..............ဖုန်းဆက်လည်း မပြောချင်ဘူးလား.......

ဝိုင်ဝိုင်း....... ..တော်ပြီကွာ ဒီဖုန်းစုတ်ကြီးကို လွှင့်ပစ်လိုက်စမ်းပါ.....

( အော် လတ်စသတ်က သူ့ ဖုန်းခေါ်လို့ မရတာ...စကားမပြောချင်လို့ မဟုတ်ဘူး...

သူ့ ဖုန်းစုတ်နေလို့ ကိုး...ဟဲဟဲ..ကောင်းလေးတွေ ...ကိုယ့်ဖုန်းကိုစုတ်မစုတ်...စစ်ပေးနော်..တော်ကြာ ..ဖုန်းဆက်လည်းမပြောချင်ဘူးလား.....မေးနေအုံးမယ်....ဟဲဟဲ...)

( ၄၄ ) ထွန်းအိနြာဗို.......... ငါလေ ဖြစ်နိုင်ရင် နင့်ကိုပြချင်တယ်.....

. ဗဒင် .................မြင်တယ် အိပ်မက်ထဲလည်းမြင်တယ်၊ စိတ်ကူးထဲလည်းမြင်တယ်...

( ဒါမျိုးဆို.... ကောင်လေးတွေကလဲ.မြင်ပြီးသားပဲနော်...ကညာပြောတာ ဟုတ်တယ်...ဟုတ်....)

( ၄၅ ) ဖြိုးကြီး ... ...........ဝေးဝေးသွားလို့ မရအောင် အချစ်ရယ်ဖက်ထားချင်တယ်......

မေဆွိ.......................မိန်းကလေးဘ၀ က ဖက်ပါ ကိုကို ..ဖက်ပါကိုကို

( မေဆွိ..ပြောတဲ့ ဖက်က ...ထမင်းထုပ်စားလို့ ရတဲ့ ဖက်ကိုပြောတာနော်....အတွေးချော်မနေနဲ့ ...ကညာကတော့ချော်လိုက်ပြီလေ....ဟိဟိ )

( ၄၆ ) လေးဖြူ............မင်းလေးငါ့ကိုမေ့လိုက်တော့...မျှော်လင့်ချက်ထားတာ...မှားပြီပေါ့...

ဖြူဖြူကျော်သိန်း...... ....ငါတော့မေ့လို့မရနိုင်ဘူး အချစ်ဆုံးရေ..........

( အေးလေ....သူနောက်တစ်ယောက်အသစ်မြင်တိုင်း... သူများကို မေ့ခိုင်းနေတယ်နော်...ဟွန်း...မသိတာကြလို့  )

( ၄၇ ) လွှမ်းမိုး ..........စိတ်ညစ်လို့အရက်ကိုသောက်တယ်........အရက်သောက်တော့ သိပ်စိတ်ညစ်တယ်....အကြောင်းရှာတော့ခေါင်းမှာ ချာချာလည်....

မေဆွိ...........စိတ်ညစ်လို့ အရက်သောက်တာ.....ဘာဆိုင်လိုလဲ....ကိုကို ရဲ့ 

ဘ၀ကို အရှုံးမပေးပါနဲ့ ...ကိုကိုထင်ရာ မလုပ်နဲ့ ...စိုးရိမ်လိုပြောမယ်.... စိတ်ညစ်ရင် ဂစ်တာတီးပါလား ကိုကိုရယ်.........

( ကောင်လေးတွေကလေ...အရက်ကို .စိတ်ညစ်လဲ သောက်

ပျော်လဲသောက်.။..မပြောလိုက်ချင်ဘူး....ကညာ့အတိုင်းပဲ....အဟီး....)

( ၄၈ ) ခင်ဘုဏ်း ..... ............ မင်းကြောင့် မင်းကြောင့် ပါနော်.......

စည်သူလွင်...... .....အချစ်ရေ ......ကိုယ့်ကြောင့်.....မင်းမှာ တာဝန်မရှိ

( တော်သေးတာပေါ့...ကိုယ့်အပြစ်ကို ...၀န်ခံလို့ ..


နို့ မို့ ဆို...ပိုင်ရှင် မရှိသေးတဲ့...ဗိုက်ကြီးသည်နဲ့ ဖြစ်တော့..အော်....


ယောင်လို့ ...ပိုင်ရှင်မရှိသေးတဲ့...အချစ်လေးရယ်လို့ ပြောတာပါနော်....အဟီး.....)


( ၄၉ )ရွှေပြည်တန်သိန်းဇော် ...........အိစက်ညက်ညောတဲ့ ဖဲမွေ့ယာပေါ်ဝယ်.........

သီရိဆွေ .......... နင်နဲ့ငါနဲ့ ...ငါနဲ့နင်နဲ့....အိုး...အိုး......ပြိုလဲကြေကွဲ...အို အို....

( ဟဲဟဲ....သားစိုး...သီချင်းလို ...လှုပ်လို့ ရပြီ. ..လှုပ်လို့ ရပြီ.ပေါ့.. .ဟိဟိ....ကိုယ့်ဘာသာ...တွေးကြည့်ကြတော့....ကညာပြောပြတော့ဝူး .ဟဲဟဲ...ပေါက်တယ်နော်....)


( ၅၀ )စန္ဒရားလှထွတ်...............အိပ်မပျော်သော ညတစ်ည သံသရာဝယ်....

မေဆွိ ..........ကြင်နာစွာ အိပ်ဆေးလေးများ ပေးပါ.........ဘယ်မှာအိပ်ဆေးရှိပါ့မလဲ.... သန်းခေါင်ကျော် အိပ်မရ အချစ်ရယ်...လွမ်းတယ်....

( ကညာ့ ဆီမှာတော့ ရာသက်ပန် ...အိပ်ဆေးရှိတယ်....ကြွက်သတ်ဆေးလေ.... ဟီဟိ....ယူမလားဟင်..:P..)

( ၅၁ )ဖိုးသောကြာ ..... ........ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းကကွယ်

ပြောချင်တာတွေလည်းပြောကြပါစေကွယ်...

သျှားအိဘိုဘိုဟန် .........အဖေအမေတွေကပြောတာလား. ..အကိုမောင်တွေကပြောတာလား........

( ဘယ်သူပြောတာလဲဟင်.....အဖေအမေတွေက

ပြောတာလား...အကိုမောင်တွေက ပြောတာလား....အဲဒါဆိုရင်တော့.သည်းခံပေးလေနော်....ဟာဟ....) ..


( ၅၂ ) ပန်းအိဖြူ............နေညိုချိန် တိမ်တောက်တဲ့ခါရွာလမ်းနဘေးမှာ....စာဥတို့သူငယ်ချင်းမတွေ ရေခပ်ဆင်းလို့လာ......

စိုင်းစိုင်းခမ်းလှိုင်.......... .အိုးလေးလှုပ်ပါဟေ့ ....ရေအိုးလေးလှုပ်ပါဟေ့ ...ရေအိုးလေး....လှုပ်ပါဟေ့ (.ဒါမျိုးဆို ကောင်လေးတွေ မသင်ပဲနဲ့ တတ်ကြတယ်..ဟီဟိ )

( ၅၃ ) ကဗျာဘွဲ့မှူး ............ကိုကိုယောင်္ကျားမဟုတ်ဘူး......................................

တွံတေးသိန်းတန်...... .......မိန်းမတွေ မာယာလောက်တော့ ပျင်းသေးတယ် ပျင်းသေးတယ်.......

( သူ ဘယ်လို သိသွားတာလဲ သိဘူးနော်....ကိုကိုယောင်္ကျားမဟုတ်ဘူးတဲ့...ဟိဟိ )

( ၅၄ ) Rဇာနည်...........မျက်နှာချင်းဆိုင်...လမ်းမှာတွေ့ လာ...ရှောင်လွဲစရာ... လမ်းကျည်း မြောင်းလွန်းပြီကွယ်.....

ကဗျာဘွဲ့ မှုး..........ခြေစုံကို ရပ်လို့ တွေဝေနေဆဲကွယ်..နောက်ဆုတ်ဖို့  ကျောခိုင်းစို့...ဒါလဲမဖြစ်နိုင်ဘူး....

( ဘယ်လောက် ကျည်းတဲ့ လမ်းလဲ မသိဘူးနော်....ရှောင်လို့ တောင်မရဘူး..ဆိုတော့...ဟိဟိ....)

Wednesday, March 23, 2011

ကိုကို့ရဲ့ ထာဝရလက်တွဲဖော် ချစ်သူလေးဖတ်ဖို့အတွက်

0

အချစ်နဲ့ ပတ်သက်လာရင်   ဒီ့ထက်ပိုကောင်းတဲ့အချစ် ရှိနိုင်သေးတယ်လို့ မထင်လိုက်ပါနဲ့။ အခုလက်ရှိပိုင်ဆိုင်ထားတဲ့ အချစ်ကအကောင်းဆုံးပါ။   အသက်ငယ်သေးတယ် နောက်ကျမှအိမ်ထောင်ပြုလည်းရတယ်လ
ို့ မထင်လိုက်ပါနဲ့။ အချစ်က အသက်အရွယ်ကို စောင့်လိမ့်မှာမဟုတ်ဘူး။   အကွာအဝေးကြောင...့် အချစ်ကို လက်လွတ်ဖို့ မကြိုးစားပါနဲ့။ အချစ်က ကိုယ်နဲ့အတူ ရထား၊ လေယာဉ်စီးလို့ရပါတယ်။   ငွေကြေးမချမ်းသာတဲ့ ချစ်သူကို မစွန့်လွတ်လိုက်ပါနဲ့။ အသုံးမကျတဲ့လူကလွဲလို့ လုံ့လဝီရိယရှိသူဆိုရင် သင့်ကိုချမ်းသာအောင်ထားနိုင်ပါတယ်။   အချစ်က ရိုးရှင်းလေ ပျော်ရွှင်လေဖြစ်တယ်။ တစ်သက်မှာ တစ်ယောက်တည်းချစ်တာက အကောင်းဆုံးဖြစ်တယ်။ ချစ်တာများပြီး ခံစားချက် အတွေ့အကြုံများရင် ထုံကျင်သွားတတ်တယ်။ လမ်းခွဲကြိမ်များရင် ကျင့်သားရသွားတတ်တယ်။ ချစ်တာများရင် နှိုင်းယှဉ်မှုတွေများသွားတတ်တယ်။ နောက်ဆုံးမှာ အချစ်ကို အယုံအကြည်မဲ့သွားတတ်တယ်။   အချစ်က ဝမ်းနည်းစရာကောင်းတဲ့ ဒဏ္ဍာရီပုံပြင်တစ်ပုဒ် ဖြစ်ကောင်းဖြစ်မယ်။ ကိုယ့်ကိုချစ်တဲ့ လူတစ်ယောက်ကို စွန့်ရတာ သိပ်မနာကျင်ပေမယ့် ကိုယ်ချစ်တဲ့လူတစ်ယောက်ကို စွန့်ရတာလောက် နာကျင်တာမရှိပါဘူး။ ကံအကြောင်းပါခဲ့ရင် အချိန်၊ နေရာဆိုတာ အကွာအဝေးမဟုတ်ပါဘူး။ ကံအကြောင်းမပါခဲ့ရင် အတူဆုံမိလည်း တစ်ယောက်ကိုတစ်ယောက် မနှစ်လိုတတ်ကြဘူး။   အချစ်ကို ကျေကျေနပ်နပ်ခံစားရင် ထိခိုက်နာကျင်ခဲ့လည်း နောင်တမရတတ်ဘူး။ အချစ်ကို အတွေ့အကြုံတစ်မျိုးလို့ မှတ်ယူခဲ့ရင် အသဲကွဲချိန် ချိုမြိန်တာကို ခံစားမိမယ်။ အချစ်ကို ဖြတ်သန်းမှုတစ်ခုလို့ မှတ်ယူခဲ့ရင် လဲပြိုချိန် လှပတယ်လို့ ခံစားမိမယ်။ အထီးကျန် စိတ်လေလို့ လူတစ်ယောက်ကို မှားချစ်မိတာမျိုး မဖြစ်စေပါနဲ့။ လူတစ်ယောက်ကို မှားချစ်မိလို့လည်း တစ်သက်လုံး အထီးမကျန်ပါစေနဲ့။ အချစ်က ရိုးရှင်းလေ ပျော်ရွှင်လေဖြစ်တယ်။   ဘဝဖော်ဆိုတာ   ဘဝဖော်ဆိုတာ ကိုယ်ကလွဲရင် ဘယ်သူကိုမှမယူဘူးဆိုတဲ့လူ မဟုတ်ပါဘူး။ ဘဝဖော်ဆိုတာ ကိုယ့်အားနည်းချက်အားလုံးကို သိသည့်တိုင် ကိုယ့်ကိုရွေးချယ်သူဖြစ်တယ်။   ဘဝဖော်ဆိုတာ ကိုယ်ကိတ်မုန့်ကြိုက်လို့ သူကိတ်မုန့်လိုက်ကြိုက်တဲ့လူ မဟုတ်ဘူး။ ဘဝဖော်ဆိုတာ ကိုယ်ကြက်ဥအကာစားပြီး သူကြက်ဥအနှစ်စားသူဖြစ်တယ်။   ဘဝဖော်ဆိုတာ မိုးချုပ်တာနဲ့ ကိုယ့်လက်ကိုဆွဲပြီး စားသောက်ဆိုင်ထဲဝင်တဲ့လူ မဟုတ်ဘူး။ ဘဝဖော်ဆိုတာ ကိုယ်အပြန်ကိုမျှော်ပြီး ထမင်းအတူစားဖို့ စောင့်နေသူဖြစ်တယ်။   ဘဝဖော်ဆိုတာ အချစ်အကြောင်းပဲဖွဲ့နွဲ့ပြီး "ချစ်တယ်"ဆိုတဲ့စကားကို ပါးစပ်ဖျားကမချသူ မဟုတ်ဘူး။ ဘဝဖော်ဆိုတာ ဆန်၊ ဆီ၊ ဆား၊ အိုးခွက်ပန်းကန်အကြောင်း မြည်တွန်တောက်တီး ပြောတတ်တဲ့သူဖြစ်တယ်။   ပျော်ရွှင်တဲ့အိမ်ထောင်ရေးမှာ ဘဝဖော်ဆိုတာ ကိုယ်အတွက် အတိအလင်း သတ်မှတ်ထားသူဖြစ်ရုံမက ကိုယ်နဲ့အတူ အိမ်ထောင်သက်တမ်းတစ်လျှောက်မှာ အတိုင်အဖော်ညီမှု၊ ကြင်နာမှု၊ သာမန်ရိုးရှင်းမှု၊ နားလည်မှု၊ ခွင့်လွတ်မှုတွေ မျှဝေပေးသူဖြစ်တယ်။   ဂတိနဲ့ပတ်သက်ရင်   ရှေးဂရိရာဇဝင်ပုံပြင်မှာ ချစ်သူတွေက ကိုယ်ချစ်တဲ့သူရဲ့လက်ခလယ်မှာ အချင်းချင်း လက်စွပ်တွေ ဝတ်ဆင်ပေးကြတယ်။ အကြောင်းက လက်ခလယ်မှာရှိတဲ့ သွေးကြောတစ်ချောင်းက နှလုံးနဲ့တိုက်ရိုက် ဆက်သွယ်ထားလို့ဖြစ်တယ်။ ဒါကြောင့် လက်စွပ်ရဲ့အဓိပ္ပါယ်က နှလုံးသားရဲ့ အာမခံချက်ဖြစ်တယ်။ ဒါပေမယ့် လူ့လောကမှာ ဆံဖြူသွားကျိုးတဲ့အချစ်က နည်းခဲ့ပါတယ်။ ရိုးမြေကျဆိုတဲ့ ချစ်သူတွေ ရှားခဲ့ပါတယ်။ ကိုယ်နဲ့တစ်သက်အတူနေဖို့ ရွေးခဲ့သူက ကိုယ့်အချစ်ဆုံး ဟုတ်ချင်မှလည်းဟုတ်မယ်။ ကိုယ့်အချစ်ဆုံးက ကိုယ်နဲ့တစ်သက်အတူ နေရချင်မှလည်း နေရမယ်။ တချို့ချစ်သူတွေကတော့ ဒီတစ်သက်အတူမနေရရင် နောင်ဘဝမှာနေရဖို့ တောင်းဆုပြုတတ်ကြတယ်။ အရမ်းချစ်ကြတဲ့ချစ်သူတွေ လက်ထပ်ခြင်းဆိုတဲ့တံခါးဝကို ဖြတ်ကျော်ပြီးနောက် အချင်းချင်း တန်ဖိုးမထားကြသူတွေလည်း ရှိကြတယ်။   ဂတိသစ္စာတွေ အကြိမ်ကြိမ်ပေးစရာ မလိုပါဘူး။ ချစ်နေချိန် အတူနေချိန်မှာ တစ်ယောက်ကိုတစ်ယောက် တန်ဖိုးထားတတ်ကြမယ်၊ တစ်နေ့တာကို နောက်ဆုံးချစ်ရမယ့်ရက်လို့ သတ်မှတ်ပြီး ချစ်ကြမယ်၊ ချစ်သူလက်ကို တင်းတင်းဆုပ်ထားမယ်၊ ရုပ်ရည်အိုမင်းသွားလည်း၊ ပါးရေတွေတွန့်သွားလည်း ကိုယ့်မှတ်ဥာဏ်ထဲမှာ ချစ်သူကိုအလှဆုံး သိမ်းထားနိုင်ခဲ့ရင် ဂတိတည်ရာရောက်ပါတယ်။   လူ့ဘဝနဲ့ ပတ်သက်ရင်   ဘဝဆိုတာ ပြဇာတ်တစ်ပုဒ်နဲ့တူတယ်။ နှစ်လရာသီတွေက အညှာတာကင်းမဲ့တယ်။ အတိတ်ကိုပြန် မှန်းမျှော်ကြည့်တော့ လူတွေအသက်ရှင်တာက စိတ်ခံစားမှုတစ်မျိုးလို့ ဆိုနိုင်တယ်။ ဆင်းရဲတာပဲဖြစ်ဖြစ်၊ ချမ်းသာတာပဲဖြစ်ဖြစ်၊ ရယူတာပဲဖြစ်ဖြစ်၊ ဆုံးရှုံးတာပဲဖြစ်ဖြစ် အရာအားလုံးက လျှပ်တစ်ပြက်အတွင်းမှာဖြစ်ပြီး လျှပ်တစ်ပြက်အတွင်းမှာ ပျောက်သွားနိုင်တယ်။   မနေ့က၊ ဒီနေ့၊ မနက်ဖြန် ဘာနေ့ပဲဖြစ်ဖြစ် စိတ်ရွှင်လန်းတဲ့နေ့က အလှဆုံးနေ့ဖြစ်တယ်။ မိသားစုအချစ်၊ သူငယ်ချင်းအချစ်၊ ချစ်သူအချစ် ဘာအချစ်ပဲဖြစ်ဖြစ် တန်ဖိုးထားမြတ်နိုးနိုင်ရင် ခံစားချက်ကောင်းတွေပေးတယ်။   စကားတစ်ခွန်းက ဒီလိုဆိုပါတယ်။   "ပိုင်ဆိုင်ခဲ့ဖူးတာကို မမေ့နဲ့၊ လက်ရှိပိုင်ဆိုင်တာကို ပိုတန်ဖိုးထားပါ။ ကိုယ့်အတွက် သတ်မှတ်ထားတဲ့အရာကို လက်မလွတ်နဲ့၊ ဆုံးရှုံးခဲ့ဖူးတာကို အမှတ်တရထားပါ။ လိုချင်တာကို ရအောင်ကြိုးစားပါ။ မောပန်းလာရင် စိတ်ကို ကမ်းကပ်ဖို့ မမေ့ပါနဲ့။ ရွေးချယ်ပြီးနောက် နောင်တမရနဲ့၊ အပင်ပန်းခံမှ ပြည့်ဝတာကို နားလည်မယ်၊ အနာခံမှ ဘဝကိုနားလည်မယ်။ စိတ်ထိခိုက်အားငယ်မိမှ ကြံ့ခိုင်တာကိုနားလည်မယ်။   လေတိုက်တဲ့မနက်ဆိုတာရှိသလို လှပတဲ့ညနေဆည်းဆာလည်း ရှိမယ်။ ကြယ်ကြွေညတွေလည်း ရှိနိုင်မယ်။ ဘဝဆိုတာ အပြန်မရှိတဲ့ လက်မှတ်တစ်စောင်နဲ့တူတယ်။ ဘဝဆိုတာ အစမ်းလေ့ကျင့်မှုတွေမရှိတဲ့ တိုက်ရိုက်သရုပ်ဆောင်မှုတွေဖြစ်တယ်။ သရုပ်ဆောင်မှုတိုင်းကို ပိုင်ပိုင်နိုင်နိုင်လုပ်နိုင်တာက လူ့ဘဝကို အကောင်းဆုံး တန်ဖိုးထားနည်းပဲဖြစ်တယ်"   သူငယ်ချင်းနဲ့ပတ်သက်ရင်   တစ်နေ့မှာ သူငယ်ချင်းနဲ့ ချစ်သူထိပ်တိုက်တွေ့တော့ ချစ်သူကပြောတယ်။   "လောကကြီးမှာ ငါရှိနေပြီပဲ။ မင်းရှိဖို့ မလိုတော့ဘူး!"   ချစ်သူရဲ့အပြောကို သူငယ်ချင်းက ရယ်ပြီးပြန်ဖြေတယ်။   "ချစ်သူက လူကိုမျက်ရည်ကျစေတယ်။ သူငယ်ချင်းက အဲဒီကျလာတဲ့မျက်ရည်ကို သုတ်ပေးသူဖြစ်တယ်"   သူငယ်ချင်းဆိုတာ တစ်ခါတရံမှာ သင့်ကို စိုးရိမ်ပူပန်တတ်သူ၊ သင့်ကို ဂရုစိုက်စောင့်ရှောက်သူ၊ သင့်သောကကို မျှသူ၊ သင့်ကို ပျော်ရွှင်စေချင်သူ၊ သင့်ကိုရယ်အောင် စနောက်တတ်သူဖြစ်တယ်။   သူငယ်ချင်းကြားမှာ အချင်းချင်းဂရုစိုက်မှုဆိုတာ အဖိုးတန်ရှားပါးတဲ့အရာဖြစ်တယ်။ စိတ်ထိခိုက်ချိန် ကိုယ့်ကိုရင်ဖွင့်ပါ၊ နာကျင်ဝမ်းနည်းချိန် ကိုယ့်ကို မေ့မထားနဲ့။ ဖျားနာချိန် ကိုယ့်ကိုအကြောင်းကြားဖို့ သတိရပါ။ အခက်အခဲကြုံချိန် ကိုယ်နဲ့တိုင်ပင်ဖို့ မမေ့နဲ့။ မျှော်လင့်ချက်မဲ့ချိန် အနားမှာကိုယ်ရှိသေးတယ်ဆိုတာကို သတိရပါ။ ပျော်ရွှင်ချိန် ကိုယ့်ကိုမေ့မထားနဲ့... သူငယ်ချင်းဆိုတဲ့ အဓိပ္ပါယ်က "ငါတို့ကသူငယ်ချင်း" ဆိုတာနဲ့တင် လုံလောက်ခဲ့ပါတယ်။   ရယ်(ပြုံး)တာနဲ့ပတ်သက်ရင်   နားလည်မှုလွဲတာနဲ့ ကြုံတဲ့အခါ ခပ်ဟဟရယ်နိုင်တာက ရည်မွန်ခြင်းတစ်မျိုးဖြစ်တယ်။ မှားယွင်းမှုနဲ့ကြုံတဲ့အခါ ခပ်ပွင့်ပွင့်ရယ်နိုင်တာက သဘောထားကြီးခြင်းတစ်မျိုးဖြစ်တယ်။ အကျိုးမဲ့စေတာနဲ့ကြုံတဲ့အခါ ခပ်ပျော်ပျော်ရယ်နိုင်တာက ရက်ရောခြင်းတစ်မျိုးဖြစ်တယ်။ ရှေ့မတိုးနောက်မဆုတ်သာတဲ့ကိစ္စနဲ့ ကြုံတဲ့အခါ ကိုယ့်ကိုယ်ကို ပြက်ချော်ချော်ရယ်နိုင်တာက အသိဥာဏ်တစ်မျိုးဖြစ်တယ်။   အပျက်အဆီး၊ ဒုက္ခနဲ့ကြုံတဲ့အခါ စိတ်အနှောင့်အရှက်ကင်းကင်း ရယ်နိုင်တာက သဘောထားကြီးခြင်း တစ်မျိုးဖြစ်တယ်။   မထေမဲ့မြင်ပြုခံရတဲ့အခါ တည်တည်ငြိမ်ငြိမ် ရယ်နိုင်တာက ကိုယ့်ကိုယုံကြည်မှုတစ်မျိုးဖြစ်တယ်။ အသဲကွဲတဲ့အခါ သိမ်သိမ်မွေ့မွေ့ ရယ်နိုင်တာက ချုပ်ချယ်မှုကင်းနည်းတစ်မျိုးဖြစ်တယ်။ ဘယ်လိုအခြေအနေမျိုးမှာဖြစ်ဖြစ်... ဘယ်လိုအကြောင်းမျိုးမှာဖြစ်ဖြစ် နေ့တိုင်းပြုံးရယ်နိုင်ဖို့ လိုအပ်ပါတယ်။   ပျော်ရွှင်ခြင်းနဲ့ ပတ်သက်ရင်   ပျော်ရွှင်ခြင်းဆိုတာ လှပတဲ့ဖန်ဂေါ်လီနဲ့တူတယ်။ ကမ္ဘာ့နေရာအနှံ့မှာ ပြန့်ကျဲနေတယ်။ အဲဒီဖန်ဂေါ်လီကို လူတချို့က များများကောက်တွေ့တယ်။ တချို့က နည်းနည်းကောက်တွေ့တယ်။ တချို့ကလုံးဝကောက်မတွေ့ဘူး။ လက်ရှိအခြေအနေကို တန်ဖိုးထားမြတ်နိုးပါ။ စိတ်နဲ့ခံစားမျှဝေတတ်ရင် ပျော်ရွှင်ခြင်းက ကိုယ်နဲ့တစ်သက်လုံးရှိနေပါတယ်။   လူတွေက ကိုယ်ပိုင်ဆိုင်ချိန် တန်ဖိုးထားကောင်းမှန်းမသိဘဲ ဆုံးရှုံးသွားမှ နှမြောသတဖြစ်တတ်ကြတယ်။ ကိုယ်ပိုင်ဆိုင်တဲ့ပစ္စည်း ဆုံးရှုံးသွားရတော့မယ်လို့ သိချိန်ရောက်မှ လက်ကမလွတ်စတမ်း ဆုပ်ကိုင်ထားချင်ကြတယ်။ အဲဒီလိုပဲ ဘဝမှာ တဇွတ်ထိုးခေါင်းမာမှုတချို့က သေဆုံးချိန်မှ လက်လွတ်ကြရတယ်။

Sunday, February 27, 2011

တစ်မိုးအောက်

0

ကိုကို့ရဲ့အချစ်ရဆုံးသူလေးနားဆင်ဖို့နော်
ကိုကိုအရမ်းချစ်တယ် ....မီးလေးကို