Tuesday, September 28, 2010

28.9.2010(တတိယမြောက်ချစ်ခွင့်)

0

အရမ်းချစ်ရတဲ့ချစ်သူလေးရေ ...ဒီနေ့က ကိုကိုမီးလေးကို ချစ်စကားပြောဖို့အတွက်တတိယအကြိမ်မြှောက်ရော်
တဲ့နေ့နော် ...ကိုကို မီးလေးကိုစပြောခဲ့တဲ့စကားလေးကိုဒီနေရာလေးမှာမှတ်တမ်းတင်ထားမယ်နော်
ဒါကကိုကိုမီးလေးကိုချစ်စကားပထမဆုံးပြောခဲ့တဲ့အချိန်ကစကားလေးတွေနော်မှတ်တမ်းတင်ထားတာ
ကိုကိုတို့အတွက်အမြဲတမ်းအမှတ်ရနေစေဖို့အတွက်လေ....
                                                                

ချစ်သူလေးကိုချစ်ခွင့်ပန်နေသောကိုကို
(............မီးလေး: စကားမပြောတော့ဘူးပေါ့
 me: ကြည့်လို့ လှလို့
 မီးလေး: ကြည့်ရင်းကြည့်ရင်း ဘီလူးနဲ့တူလာတာမဟုတ်ဘူးလား
 me: ဟဟ မဟုတ်ပါဘူး
 မီးလေး: သေချာတယ်ပေါ့
 me: အင်း
  သေချာတာပေါ့
မီးလေး
 မီးလေး: ပြောလေအကို
 me: အင်း
 မီးလေး: ဘာမှမပြောပဲ ထိုင်ကြည့်နေမှာလား
 me: ပြောမှာပေါ့
 မီးလေး: ဘာမှလဲ မပြောလို့
 me: မီးလေးကိုကြည့်ပြီးမေ့သွားတာဖြစ်မယ်
 ရယ်နေတယ်
 မီးလေး: မ၇ယ်တော့ဘူးနော်
 me: အင်း
 မီးလေး
 မီးလေး: ပြောလေအကို
 me: အင်း
 ပျင်းနေပြီလား
 မီးလေး: မပျင်းပါဘူး
  အကိုရော ပျင်းနေပြီလား
 me: အပျင်းပါဘူး
 ပါးဖောင်းပြန်ပြီ
 မီးလေး: မကြိုက်ဘူးလား
 me: ကြိုက်တယ် လေ
 အကိုမီးလေးကိုပြောစရာရှိလို့
 မီးလေး: ပြောလေအကို
  ဘာပြောမလို့လဲ
 me: အင်း
 မီးလေး: ပြောလေအကို
 me: အကိုမီးလေးကိုချစ်မိနေပြီ
 မီးလေး: မီးလေးကို စဉ်းစားချိန်လေးတော့ ပေးပါနော် မီးလေး အခုတော့ မစဉ်းစားချင်သေးဘူး
  အလုပ်ရအောင်အရင် ရှာချင်တယ်
 me: အင်းပါ သိပါတယ်
  အင်းပါ
  စိတ်မဆိုးဘူးမဟုတ်လား
 မီးလေး: အင်းမဆိုးပါဘူး
 me: အင်း တော်ပါသေးတယ်ကိုသိပါတယ်မီးလေး အလုပ်တွေများနေတယ်လို့ဒါပေ့မယ် မရတော့လို့ပြောလိုက်မိတာမီးလေး: ရပါတယ်
 me: လက်တွေတုန်နေတယ်ကိုမီးလေးကိုတကယ်ချစ်မိလို့ပြောတာနော် ခဏပျော်မိလို့ပြောတာမဟုတ်ဘူး အမြဲတမ်း အတွက်ပါ မီးလေး: ဟုတ်ကဲ့
 me: အင်း ပါးဖောင်ရင်အကိုမနေတက်ဘူး
  အူယားတယ်
 မီးလေး: ဒါဆို ပါးမဖောင်းပဲနေရမှာပေါ့
 me: မဟုတ်ပါဘူး............)
အခုပြောမှာကကိုကိုမီးလေးကိုတတိယအကြိမ်အတွက်နော် .....ညီမ အကိုညီမကိုချစ်မိနေပြီ
အရမ်းချစ်မိနေလို့ပါ စိတ်မဆိုးနဲ့နော်  အမြန်စဉ်းစားပေးနော် အကို့အတွက် :)
ကိုကို ဒီနေ့လေးမှာ ပြောမယ်နော် တစ်ဘ၀လုံး ကိုကိုမီးလေးကိုချစ်မြတ်နိုးသွားမယ်နော်
အမြဲလည်းကိုကို့ကြောင့်မီးလေးပျော်ရွှင်စေရမယ်လို့ကတိပေးပါတယ် ....... ဘယ်တော့မှမျက်နှာမငြိုးစေရဘူးနော် ကိုကိုကြောင့်ကိုကို့ချစ်သူလေး
အဲဒါကိုကိုမီးလေးကိုအရမ်းချစ်လို့ပါ .....အရမ်းချစ်တယ်မီးလေးကို
တစ်သက်တာအတွက်ချစ်နေမဲ့ .......မီးလေးရဲ့စည်စည်

Wednesday, September 15, 2010

မီးလေးအတွက်ကိုကို့အချစ်.......

0

ဖြစ်ခဲ့တဲ့အရာ
နှောင်းခဲ့တဲ့အတိတ်
ပြီးခဲ့တဲ့အဖြစ်ပျက်......အားလုံးဟာ
ကိုကို့အချစ်ကို
မငြိုးမှိန်စေပါဘူး.......ချစ်သူ
နောင်လာမဲ့အနာဂတ်မှာ
ကိုကိုတို့နှစ်ယောက်ရဲ့
အချစ်တွေနဲ့ရှေ့ဆက်ပြီး
ဘ၀ကိုငြိမ်းချမ်းစေမယ်.......
နောင်အနာဂတ်မှာ
သစ္စာတရားကို...အုတ်မြစ်တည်
အချစ်တွေကို.....နံရံအဖြစ်ပြုလုပ်
တစ်ယောက်အပေါ်တစ်ယောက်
ယုံကြည်မှု့ကို.....အမိုးမိုးပြီး
ကိုကိုတို့ရဲ့အချစ်အိမ်လေးကို
ထာဝရတည်မြဲစေမယ်နော် .....ချစ်သူ(မီးလေး)

Tuesday, September 14, 2010

ချစ်သူလေးအပျင်းပြေဖို့နော် ......

0

တန်ရာတန်ကြေး


နယူးဒေလီမြို့ရှိ လူစည်ကားသော လမ်းတစ်လမ်းအတွင်း ဇနီးမောင်နှံနှစ်ဦး လက်တွဲဝင်ရောက်လာသည်။ လမ်းဘေးတစ်နေရာမှ သူတောင်းစားတစ်ဦးက အမျိုးသမီးကို လှမ်းကြည့်ပြီးပြော၏။
"သိပ်ချော၊ သိပ်လှ၊ သိပ်ကျက်သရေရှိတဲ့ အစ်မကြီးရယ်။ ကျွန်တော် မျက်မမြင်တစ်ယောက်ပါခင်ဗျာ။ ငါးဒေါ်လာလောက် ဒါနပြုစွန့်ကြဲခဲ့ပါနော်"
ယင်းစကားသံဆုံးသည်နှင့် အမျိုးသားဖြစ်သူက အမျိုးသမီးကို ပြောသည်။
"မိန်းမ သူပြောတာအမှန်ပဲ။ မင်း သံသယမရှိနဲ့။ သူတောင်းသလောက် ပေးလိုက်။ သူသာ မျက်စိမြင်ရင် ဒီလိုစကားမျိုး မင်းသေတဲ့အထိ ကြားရမှာမဟုတ်ဘူး။ တန်ပါတယ်ကွာ။ ပေးလိုက်…. ပေးလိုက်
                   
   စစ် အလိုမရှိပါ

မော်စကိုမြို့ လယ်ခေါင်ရှိ ရင်ပြင်နီတွင် ငန်းကြီးတကောင်ကို  ကြိုးနဲ့ ဆွဲရ်ျ လူတယောက်  လမ်း
လျောက်လာသည်။ ငန်းသည် သခင်ရှိဆွဲခေါ်သည့် အတိုင်း  လိုက်ပါလာရင်း  လမ်းတွင် မစင်စွန့် လိုက်သည် ။ထိုအခါ ရဲသားကပြေးလာပြီး ငန်းပိုင်ရှင်ကိုပြောသည်။
       “ဟေ့ လူ  ခင်ဗျားငန်းဟာ  ရင်ပြင်နီမှာအီးအီးပါချလိုက်တယ်  ဒါကြောင့် ခင်ဗျား ဒဏ်ငွေဆောင်ပါ”
          ငန်းပိုင်ရှင်က ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး  ဆင်ခြေတက်လိုက်တယ်
        “ဟောဟိုမှာ  ခိုတွေအများကြီး ။ သူတို့ လည်း အီးအီး ပါချထားတာပဲ ဗျ”
ရဲသားကစဉ်းစားဟန်ပြုပြီးပြန်ပြောသည်။
          “ဟာခင်ဗျားကလည်း   ခိုဆိုတာက  ငြိမ်းချမ်းရေးသင်္ကေတလေဗျာ”
လက်တဖက်ကိုရင်ဘတ်ပေါ်တင်ပြီး ငန်းပိုင်ရှင်ကပြောလိုက်တယ် ။
          “ဘုရားပေးပေး ကျမ်းပေးပေး ကျွန်တော်ကျိန်ရဲ ပါတယ်။ ကျွန်တော့် ငန်းဟာလည်း စစ်ကို
လုံးဝမလိုလားပါဘူးဗျာ“

complain



သူစီးရမယ့် လေယာဉ်ထိုင်ခုံနေရာကိုရောက်တော့ ကိုထုံတယောက် တော်တော်အံ့သြသွားတယ်။
သူ့ဘေးကပ်လျက်ခုံမှာ ကြက်တူရွေးတကောင် ထိုင်နေတာကိုး...
ဒီလိုနဲ့လေယာဉ်ထွက်လာလို့မကြာခင်မှာဘဲ အစားအသောက်တွေ စတင်ကျွေးမွေးတော့ လေယာဉ်မယ်လေးက မေးလာတယ်...
"အစာမစားမီ ဘာများ သောက်ချင်ပါသလဲ ရှင်"
ကိုထုံက... "ကော်ဖီတစ်ခွက် ပေးပါ" လို့ မှာတယ်။
ကြက်တူရွေးက..."ငါ့ အတွက် ဝီစကီတစ်ခွက်ပေးစမ်း ကောင်မ...ကြားလား"...တဲ့။
လေယာဉ်မယ်လည်း အံ့သြသွားပေမယ့် ဘာမှ မပြောဘဲ ဝီစကီတစ်ခွက်ယူလာပေးတယ်၊ ကော်ဖီကတော့ မေ့ပြီး ပါမလာဘူး။
ခဏနေတော့ ကြက်တူရွေးက ထပ်မှာပြန်တယ်..."ဝီစကီတခွက် ထပ်ယူပေးစမ်း...သောက်ရူးမလေး"...........
လေယာဉ်မယ် ဒေါသနဲနဲထွက်ပြီးမျက်မှောင်ကြုပ်လို့ ဝီစကီတစ်ခွက်ထပ်ယူလာပေးပြန်တယ်။
ဒီတခါလည်း ကော်ဖီက ပါမလာပြန်ဘူး.......
ကိုထုံလည်း ကြက်တူရွေးလမ်းစဉ်လိုက်ပြီးမှာမှရမယ်လို့ တွေးပြီး......
"ငါ့ကော်ဖီကိုမြန်မြန်သွားယူစမ်း ဝက်မလေး၊ မဟုတ်ရင် နင့်ကို ကန်မိတော့မယ်"
ခဏနေတော့ လေယာဉ်မောင်ခပ်ထွားထွား ၂ယောက် ရောက်လာတယ်။
ကိုထုံ နဲ့ ကြက်တူရွေးကို ဖမ်းချုပ်ခေါ်လာပြီး အရေးပေါ်အပေါက်ကနေ လေယာဉ်အပြင်ကို ပစ်ချလိုက်ပါတော့တယ်....
ဒီမှာတင် ကြက်တူရွေးက ကိုထုံ့ ကို လှမ်းပြောတယ်... .... ...
"မင်းက ပျံလည်းမပျံတတ်ဘဲနဲ့ Complain တယ်များကိုးကွ"....တဲ့။

ဆရာဝန်တွေ ပြောတဲ့အတိုင်း

အရက်သမားတစ်ယောက် ဆရာဝန်ထံလာပြီး အရက်ဖြတ်လိုကြောင်းပြောတယ်။
ဒီတစ်ခါတော့ အရက်ကိုအမြစ်ဖြတ်ဖို့ သံဓိဌာန် ချထားတယ်လို့ ပြောတယ်။
ဒီတော့ဆရာဝန်က..
” ကူညီရမှာပေါ့ဗျာ။ ကောင်းတာလုပ်တာဘဲ။
အရက်ဆိုတာ တဖြည်းဖြည်းချင်းမျှဉ်းပြီး ဖြတ်ရတယ်။
ဒါကြောင့် ဒီနေ့ကစပြီး တစ်ရက်ကို နှစ်ပက်ထက်ပိုပြီး မသောက်မိစေဘဲ နေကြည့်စမ်းပါ။
နောက်တစ်ပတ် ကျွန်တေ့်ကိုပြန်လာပြပါ။ တိုးတက်မှုအခြေအနေကို ကြည့်ရအောင် “

၇-ရက်ကြာတော့ ထိုလူနာ တစ်ခေါက်ပြန်ရောက်လာတယ်။
သူ့ကိုယ်က အရက်နံ့တွေကတစ်ထောင်းထောင်း ထွက်နေတယ်။
ဒီတော့ ဆရာဝန်က မနှစ်မြို့စွာနဲ့ ..
” ဘယ်လိုလည်းဗျ၊ တစ်ရက်ကို နှစ်ပက်ထက်ပိုမသောက်ရဘူးလို့ ခင်ဗျားကို ကျွန်တော် ပြောထားတယ်လေ။
ခုတော့ အရက်ကန်ထဲ ကျလာသလား မှတ်ရတယ်။ မွှန်ထူနေတာဘဲ “

ဒီတော့အရက်သမားက လျှာလေး အာလေးနဲ့ပြောလိုက်ပုံက..

” ဘာလဲ.. ခင်ဗျားတစ်ယောက်ဆီမှာဘဲ ကျုပ်ကကုတယ်ထင်လို့လား “

မထင်လိုက်ဘူးကွယ် ...



လူတစ်ယောက်က အိတ်ကြီးနှစ်အိတ်ကို စက်ဘီးပေါ်တင်လာတာတွေ့ တော့ နယ်စပ် ဖြတ်ကျော် ဂိတ်က ရဲက အိတ်ထဲ မှာ ဘာတွေ ပါလဲ လို့ မေးလိုက်ပါတယ်။ ဒါနဲ့ စက်ဘီးသမားက သဲတွေလို့ ဖြေတာနဲ့စစ်ကြည့် တော့လည်း သဲကလွဲရင် ဘာမှမတွေ့ပါဘူး။

ဒီလိုနဲ့ စက်ဘီးသမား က နေ့တိုင်းပဲ သဲအိတ်တွေ တင်ပြီး ဖြတ်နေတာ ကို ရဲက တစ်ခုခုကို မှောင်ခိုကုန်ကူးနေမှန်း သိပေမယ့် လက်ဆုပ်လက် ကိုင်ပြလို့မရဖြစ်နေပါတယ်။ ခြောက်လလောက်ရှိလာတော့ မနေနိုင်တဲ့ အဆုံးဖွင့်မေးပါတယ်။

"မင်းတစ်ခုခုကိုမှောင်ခိုလုပ်နေတယ်ဆိုတာတော့ ငါသိတယ်။ဒါပေမယ့် ဘာမှန်းမသိဘူးဖြစ်နေတယ်။ ငါ့ကို အမှန်အတိုင်းပြော..ငါမင်းကို မဖမ်း ဘူး" ဆိုပြီးမေးတော့ အဲဒီ လူပြန်ဖြေတာက "ကျွန်တော်ကစက်ဘီးတွေ မှောင်ခိုသွင်းနေတာပါ"တဲ့။

အားနာလို့ပါ

ဖာသာသူကြီးသာစိန် တရားဟောနေသည်။
ကဲ...ကောင်းကင်ဘုံသွားချင်သူများ မတ်တပ်ရပ်ကြပါခင်ဗျာ
ဘုရားကျောင်းလာကြသူအားလုံး မတ်တပ်ရပ်ကြသည်။
ဖာသာသူကြီးသာစိန် ပြန်ထိုင်လို့ရပါပီခင်ဗျာ
ထို့နောက် ဖာသာသူကြီးသာစိန် ပရိသတ်ဘက်လှည့်ကာ ထပ်မေးလိုက်သည်။
ကဲ...ငရဲပြည် သွားချင်တဲ့သူရှိရင် မတ်တပ်ရပ်ပါခင်ဗျာ
ပရိသတ်များညိမ်သက်ကာ ဘယ်သူမှ မတ်တပ်မရပ်ကြ။
သို့သော် ဂေါ်ဘလင်တယောက်သာလျှင် မတ်တပ်ရပ်နေတာကို တွေ့ရလေသည်။
ထိုအခါ ဖာသာသူကြီးသာစိန်မကျေမနပ်လေသံဖြင့် မောင်ဂေါဘလင် မငိးက ဘာလို့ ငရဲပြည်သွားချင်ရတာလဲကွ
ထိုအခါ ဂေါဘလင်ဖြေလိုက်တာကတော့... ကျနော် ဖာသာတယောက်ထဲ မတ်တပ်ရပ်နေတာကို မကြည့်ရက်လို့ အားနာလို့ မတ်တပ်ရပ်တာပါခင်ဗျာ...

ဒရိုင်ဘာ

အဝေးပြေးလမ်းမကြီးပေါ်တွင် ကားတိုက်မှုဖြစ်ပွားသည်။
ကားပေါ်မှလူများ ပွဲချင်းပြီးသေဆုံးကုန်သည်။
ထိုနေရာသို့ ရဲအရာရှိတစ်ယောက်ရောက်လာကာ စိတ်ပျက်လက်ပျက်ဖြင့် ပတ်ဝန်းကျင်ကိုကြည့်သည်။
မျောက်မတစ်ကောင် မှိုင်တိုင်တိုင်ဖြင့် လမ်းလျှောက်နေသည်ကို တွေ့ရသည်။
“အင်း ..မင်းသာ ငါ့ကို ဘာဖြစ်ခဲ့တယ်ဆိုတာ ပြောပြရင်သိပ်ကောင်းမှာပဲ။
ငါကလည်း မျောက်စကားမတတ်။ မင်းကလည်း လူစကားမတတ်နဲ့။
ဘယ်လိုလုပ်ရပါ့”
“ဟေ့ မင်း ငါပြောတာ နားလည်တယ်မဟုတ်လား ဘာတွေဖြစ်ခဲ့လဲ
ငါ့ကို ပြောပြစမ်း”
မျောက်မက ခေါင်းညိမ့်သည်။
အရက်သောက်သည့် ဟန်လုပ်ပြသည်။
“သူတို့ အရက်သောက်ကြတယ်။ ဟုတ်လား။ နောက်တော့ကော”
မျောက်မက နှုတ်ခမ်းနှစ်ခုကိုစုကာ နမ်းသည့်ဟန် လုပ်ပြသည်။
“သူတို့ နမ်းကြတယ် ဟုတ်လား။ နေပါဦး အဲဒီအချိန် မင်းက ဘာလုပ်နေတာလဲ”
မျောက်မက လက်နှစ်ဖက်ကိုဝှိုက်ကာ ကားမောင်းဟန်လုပ်ပြလေသည်။

Tuesday, September 7, 2010

ချစ်သူလေးဖတ်ကြည့်ပြီးပျော်ရွှင်နိုင်ပါစေနော်

0

မှားပါတယ် ....... ကိုဘစီရယ်


ကိုဘစီတစ်ယောက် ၇ွာမှ၇ုပ်၇ှင်ကြည်.၇န်တက်လာသည်။ ရုပ်ရှင်ကြည့်ရန် လက်မှတ်ရုံတွင် လက်မှတ်ဖြတ်နေသည်။ တခဏ… အကြာတွင် ကိုဘစီ တစ်ယောက် လက်မှတ်လာ ဖြတ်ပြန်သည်။ သိပ်မကြာလိုက် လက်မှတ်ရုံသို့ ကိုဘစီ ပြန်ရောက်လာကာ လက်မှတ် ဖြတ်ပြန်သည်။ လက်မှတ်ရောင်းသူ- (အံသြ စွာဖြင့်) စောစောတုန်းက လက်မှတ်နှစ်ခါ လာဝယ်တာ နောင်ကြီးပဲ မဟုတ်လား၊ ဒါကောဆို သုံး ခါရှိသွားပြီနော်။ ဘာလို့လဲဗျ။
ကိုဘစီမှာစိတ်ညစ်နေဟန်ဖြင့် ...
ဘာဖြစ်ရမှာလဲဗျ။ ရုံပေါက်က လူပေါ့၊ တော်တော်ဆိုးတယ်ဗျာ… ကျုပ်လက်မှတ်ကို တောင်းပြီး စုတ်ဖြဲပစ်လိုက်တယ်။  .....

အလှူငွေ


             အောင်မြင်မှုအရဆုံးဟု အများကသတ်မှတ်ထားသည့် ရှေ့နေကြီးသည် ယခုချိန်ထိ အလှူငွေတစ်ပြား တစ်ချပ်မှ
ထည့်ဝင်ခြင်းမပြုသေးကြောင်း သတိထားမိသော ပရဟိတအသင်းတစ်ခုသည် မိမိဧ။် ကိုယ်စားလှယ် တစ်ဦးကို ရှေ.နေကြီး
ဧ။်အိမ်သို. စေလွတ်လိုက်သည်။ ရောက်သည်နှင့် အသင်းကိုယ်စားလှယ်က စကား စ သည်။
            " လူကြီးမင်းဟာ ...ဒီမြို.မှာ အောင်မြင်မှုအရဆုံး ရှေ.နေကြီးပါ။ ကျနော် တို. အသင်းအတွက် အလှူငွေ
               မထည့်နိုင်ဘူးလား ခင်ဗျာ။"
              ရှေ.နေကြီးက ပြန်ပြောသည်။
             "ကျနော့် အမေ ဟာ နာတာရှည်ရောဂါနဲ့ ဝေဒနာပြင်းပြင်းထန်ထန်ခံစားပြီး မနက်ဖြန် တဘက်ခါ
             သေတော့မယ်ဆိုတာ ခင်ဗျားသိသလား"
             ကိုယ်စားလှယ်သည် မျက်နှာပျက်ပျက်နဲ့ ရှေ့နေကြီးကို တောင်းပန်သည်။
             " ကျနော် တောင်းပန်ပါတယ်။ ကျနော် ...ဒါတွေကို ဘာမှ မသိပါဘူး"
              ရှေ.နေကြီး ဆက်ပြောသည်။
              "စစ်ပြန်ဖြစ်တဲ့ ကျနော့် ညီလေးဟာ မျက်လုံးကန်းနေတယ်။ အိပ်ရာထဲက မထနိုင်ဘူး။ သူ.မိန်းမ ကလေးခြောက်ယောက်နဲ့ ။
               အဲဒါကော ခင်ဗျားသိသလား။"
               " ကျနော် အထူးတောင်း...တောင်းပန်ပါတယ်။ ဒါတွေကို ကျနော် ဘာမှ မသိပါဘူး"
               အသံမြှင့်ပြီးေ၇ှ.နေကြီး ဆက်ပြောသည်။
              " ကျနော့် ညီမလေး ယောက်ျားဟာ ကားတိုက်ပြီး သေသွားတယ်။ ကျနော့်ညီမဟာ ကြွေးတွေ ပတ်လည် ၀ိုင်းပြီး
              ကလေး သုံးယောက်နဲ့ ကျန်ခဲ့တယ်ဆိုတာကော ခင်ဗျား သိသလား ဟင် "
             " ဘုရား...ဘုရား သနားစရာပါလား ခင်ဗျာ "
             ရှေ.နေကြီး စကားကို အဆုံးသတ်သည်။
              " အေး... အဲဒါတောင် သူတို.ကို ခုချိန်ထိ  ကျုပ် တစ်ပြားတစ်ချပ်မှ မပေးခဲ့ရင် ခင်ဗျားတို့ကိုတော့
                ကျနော် ပေးမှာပဲလို. ဘာလို.ထင်ရတာလဲဗျ ... ဟင် "


ကောင်းရော...



ဆေးကျောင်းတခုတွင် ဖြစ်သည်။
ဆရာပေါက် ၂ ယောက် က ကျောင်း သား ကျောင်း သူ များ အား စာမေး ပွဲ စစ်နေသည်။
ဆရာပေါက်စ ၂ ယောက် က ခွက် ပုံး ကစ် ရင်း စစ် နေ ကြခြင်းဖြစ် သည်။
စစ် တဲ့ ပုံ စံ က တော့... ကြွတ်ကြွတ် အိတ်လေး တခု စီထဲ မှာ. လူ့ ကိုယ် တွင်း မှာ ရှိတဲ့.. အင်္ဂါ အစိတ် အပိုင်း တ ခု စီထည့် ထား သည်... ပြီး တော့.
ကျောင်း သား၊ ကျောင်း သူများက မိ မိ စိတ် ကြိုက် အိတ်ကို ရွေး ချယ် ပြီး
ထို အစိတ်အပိုင်း သည် ဘာ ဖြစ် တယ်.. ဘယ် လို အလုပ် လုပ် တယ် ဆို တာ ကို ဖြေ ဆို ရမှာ ဖြစ် ပါတယ်..
အဲ ဒီလိုနဲ့..
ကျောင်း သား ကျောင်း သူ တွေ ဖြေဆို သွား လိုက် ကြတာ..
ကျေားင်းသူလေး တ ယောက် အလှည့် ကြတော့....
ကျွတ်ကျွတ် အိပ်ကို စမ်း ကြည့်ပြီး...
မျက်လုံး.. ပြူး မျက်စံ ပြူး နဲ့..
"ဟင် .. ဟင်.. ဒါ....ဒါ ... ဒါ .. ၀က် အူချောင်း...၀က် အူ ချောင်း" ..
လို့ ပြော ပါတယ်..
အဲဒီမှာ ဆရာ ၂ ယောက် က...
"သမီး ဒါ စာမေး ပွဲစစ် တာ လေ...သေချာစဉ်းစား သမီး... "
"သမီး မှာ chance ရှိ တယ် စဉ်းစား လို့ ရသေးတယ် "... လို့ ပြောပါတယ်..
အဲဒီမှာ.. ကျောင်းသူ လေး က...
"မ.. မဟုတ်ဘူး.. ဒါ ၀က်အူချောင်း မှ ၀က် အူချောင်း အစစ်.." လို့.. ပြောပါတယ်.
ထို အခါ ဆရာကလည်း.
"မဟုတ်သေးဘူးလေ သမီး... ဒါလူ့ ကိုယ် အင်္ဂါ အစိတ် အပိုင်း တွေ.. လေ"
"ဘယ်လို လုပ် ၀က် အူချောင်း ပါမှာလည်း... သေသေ ချာချာစဉ်းစား သမီး"
"ပြီးတော့ သမီးက ဆရာဝန်လုပ်မှာလေ.. မရှက် ရဘူး..." လို့ ပြော သတဲ့..
ကျောင်း သူလေး က လည်း..
"မဟုတ်ဘူး သမီး သိ တယ် ဒါ ၀က် အူချောင်း မှ ၀က် အူချောင်း အစစ်.."
ထိုအခါ ဆရာ ၂ ယောက် မှာ မနေသာတော့ပဲ.
"ကဲ ဒါဆို ဖွင့် ကြည့် ကြရအောင်" ဆို ပြီး ဖွင့် ကြည့်လိုက် တဲ့ အခါ...
တ ကယ် ပဲ.. ၀က် အူ ချောင်း ကြီး ထွက်လာ သတဲ့.....
ထို အခါ ဆရာ တစ် ယောက် ပြောလိုက် ပုံ က..
"ဟာ .. ခွီး တဲ့ မှ ပဲ... ငါ တို့.. ၀က် အူ ချောင်း နဲ့ မှား မြည်း မိပြီ"...တဲ့...

ကားဖိုး

လူနာ       ။     ။ ဒေါက်တာ၊ ကျွန်တော့် ရောဂါကို ကုဖို့ ဘယ်လောက်ကုန်ကျမလဲ။
ဒေါက်တာ ။     ။ ဒေါ်လာ ၈၀၀၀၀ လောက်တော့ ကုန်လိမ့်မယ်။
လူနာ       ။     ။ ဗျာ၊ ဒေါ်လာ ၈၀၀၀၀၊ အဲဒီကုန်ကျငွေက ကားတစ်စီး
လောက်ဝယ်လို့ရတဲ့ဗျ။
ဒေါက်တာ ။     ။ သိပ်မှန်တာပေါ့ဗျာ၊ ကျုပ်စီစဉ်နေတာလဲ ဒီကိစ္စပဲလေ။

မျက်မမြင်ရဲ့ ဒုက္ခ
ဂေါ်ဒွန်သည် မျက်မမြင်ဖြစ်ပြီး သူ၏မျက်လုံးများနှင့် ပတ်သက်၍ ဒုက္ခရောက်နေသည်။
ထို့ကြောင့် ဆရာဝန်တစ်ယောက်အား အကူအညီတောင်းကြည့်သည်။
`ဆရာရယ်၊ ကျွန်တော့်မှာ ဒီထူးဆန်းတဲ့ ပြဿနာ ဖြစ်နေတယ်ဗျာ၊
ကော်ဖီတစ်ခွက်သောက်တိုင်း ကျွန်တော့် ညာဘက်မျက်လုံး နာတယ်ဗျ´
'နောက်တစ်ကြိမ်မသောက်ခင်မှာ ခွက်ထဲက ဇွန်းကို ထုတ်လိုက်ဖို့ အကြံပေးမယ်ဗျာ´

သိပ်မရှင်းလို့

တရားသူကြီးတစ်ဦးသည် အန္တရာယ်ဖြစ်လောက်သော ကားမောင်းနှင်မှုကြောင့်
ပြစ်ဒဏ်ခံရသည့် လူတစ်ယောက်အား စီရင်ချက်ချမှတ်ရန် လုပ်နေ၏ ။
`တရားခံမောင်မင်းက အရှိန်လွန် ကားမောင်းခဲ့ ပြင်းထန်တဲ့
ယာဉ်တိုက်မှုဖြစ်စေခဲ့တာကို ၀န်ခံတဲ့အတွက် ရုံးတော်က မောင်မင်းမှာ
အပြစ်ရှိကြောင်း တွေ့ရှိခဲ့တယ်။ ဒါကြောင့် ပြစ်ဒဏ်စီရင်ချက်ကတော့ ဒဏ်ငွေ ပေါင်
၅၀၀ သို့မဟုတ် ထောင်ဒဏ်ခြောက်လ ကျခံစေ´
`အဲ...ကျွန်တော်မျိုးကတော့ ဒီဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ သိပ်အကြာကြီး
စဉ်းစားနေစရာ မရှိပါဘူး တရားသူကြီးမင်းရယ်....၊ ကျွန်တော်မျိုး ပေါင်ငွေ ၅၀၀
ကိုပဲယူပါ့မယ်ခင်ဗျာ´

ကြွားတာတောင် မသိဘူးလား

ဘုရားကျောင်းသို့  အသက်၇၅နှစ် အရွယ်အဖိုးအိုတစ်ဦး ရောက်လာပြီး
အပြစ်ဖွင့်ဟ၀န်ခံရအခန်းသို့ သွား၍ ဘုန်းကြီးအား ပြောသည်။
'ကျွန်တော် အပြစ်ပြုမိခဲ့ပါတယ် ဖာသာ၊ ကျွန်တော့်ကို ခွင့်လွှတ်ပါ၊ ကျွန်တော်ဟာ
အသက်၂၀ အရွယ် မိန်းမပျိုလေးဦးကို တစ်ပြိုင်တည်း ချိန်းတွေ့ခဲ့ပါတယ်´
`ခင်ဗျားရဲ့ နောက်ဆုံးအပြစ်ဝန်ခံတာပြီးတဲ့နောက် ဘယ်လောက်အကြာမှာ

ဒီကိစ္စဖြစ်တာလဲ´
`ကျွန်တော် ဘယ်တုန်းကမှ အပြစ်ဝန်မခံခဲ့ပါဘူး၊ ကျွန်တော်ဂျူးပါ´
`ဒီလိုဆို ခင်ဗျားဘာလို့ ကျွန်တော့်ကို လာပြောနေရတာလဲ´
`ခင်ဗျားကို ပြောနေတယ်မဟုတ်လား၊ ကျွန်တော်က လူတိုင်းကို ပြောနေတာဗျ´

မိုက်လိုက်တဲ့ငါ

ကျွန်တော်၏ လုပ်ဖော်ကိုင်ဘက် အမျိုးသမီးတစ်ဦးသည် တစ်နေ့လုံး
မတော်တဆဖြစ်မှုများနှင့် အမှားအယွင်းများစွာ ကျူးလွန်ပြီးနောက်
အတော်စိတ်ကုန်သွားသည်။
သူမက စိတ်မရှည်နိုင်တော့ဘဲ အော်ပြောသည်။
`ဘယ်နှယ့်ကြောင့် လူနုံလူမိုက်တွေဖြစ်နေကျ ကိစ္စတွေမှ ငါ့မှာ လာဖြစ်နေရတာလဲ´

တစ်ဝက်ရရင်တော်ပါပြီ

ချမ်းသာသော လုပ်ငန်းရှင်တစ်ဦးသည် စားသောက်ဆိုင်တစ်ဆိုင်တွင် စားသောက်ရင်း
လည်ပင်းအတွင်း ငါးရိုးမျက်သွားသည်။ အနီးရှိစားပွဲတွင် ထိုင်နေသူ ဒေါက်တာတစ်ဦး
ထလာပြီး `ဟိန်းမ်လစ်ခ်ျ´နည်းစဉ်ဖြင့် ငါးရိုးကျသွားအောင် လုပ်ပေးလိုက်၍
သူအသက်ချမ်းသာရာရသွားသည်။
လုပ်ငန်းရှင်က ပြောသည်။
`ကျေးဇူးတင်ပါတယ်ဗျာ၊ တကယ်ကိုကျေးဇူးပါ၊ ခင်ဗျားကို ကျွန်တော်ပေးကို
ပေးမှဖြစ်မယ်၊ ဒီတော့ ကျေးဇူးပြုပြီး အဖိုးအခကို ပြောပါဗျာ´
ဒေါက်တာကပြောသည်။
`အိုကေ...ခင်ဗျားလည်ချောင်းထဲ ငါးရိုးစူးနေတုန်းက ပေးချင်နေတဲ့ ပိုက်ဆံရဲ့
တစ်ဝက်ပဲပေးပါ´

အတွေ့အကြုံရှိပါတယ်

အရောင်းဆိုင်ကြီးတစ်ဆိုင်အတွက် အလုပ်နေရာတစ်ခုကို လာလျှောက်သူလူငယ်တစ်ဦးအား
ကျွန်တော်က အင်တာဗျူးလုပ်သည်။
ကျွန်တော်က မေးသည်။
`ရည်မှန်းချက် ပန်းတိုင်းတစ်ခုကို ရောက်ဖို့ အသင်းလိုက်လှုပ်ရှားတစ်ခုမှာ
မင်းပါဝင်လုပ်ဆောင်ခဲ့ဖူးရင် အဲဒီတုန်းက အကြောင်းကို ပြောပြပါ´
`ကျွန်တော်တပ်ထဲမှာ သင်တန်းတက်တုန်းက မြစ်တစ်စင်းကို ဖြတ်ဖို့ ဖောင်တစ်စင်း
 ဖွဲ့တာလုပ်ဖူးပါတယ်´
`လက်တွေ့ကျတဲ့ နမူနာပဲ´ ဟုကျွန်တော်တွေးမိသည်။
`ဒီတော့ မင်းတို့အဖွဲ့အတွက် မင်းဘာလုပ်ပေးခဲ့သလဲ´
`ပေးထားတဲ့ ပစ္စည်းတွေနဲ့ ဖောင်တစ်စင်း ဖြစ်အောင် စုစည်းတပ်ဆင်ပါတယ်´
ဟုတ်တော့ ဟုတ်နေပြီ´ဟု ကျွန်တော်သဘောကျသွားသည်။
`ဒီတော့ ရလဒ်က ဘာဖြစ်လာတာလဲကွာ´
`ဖောင်မြုပ်သွားပါတယ်´

မှန်တာကို သစ္စာဆိုပါမည်

နှစ်ပေါင်းများစွာ ဆေးလိပ်သောက်လာခဲ့ခြင်းက နောက်ဆုံးတွင် နှိပ်စက်လိုက်သဖြင့်
ကျွန်တော့်သူငယ်ချင်းဂျွန်သည် တစ်နံနက်ခင်းတွင် အလုပ်ခွင်၌ ရင်ဘတ်ကို လက်ဖြင့်
အုပ်၍ လဲကျသွားသည်။ သူ့ကို ဆေးရုံသို့ အမြန်ပို့ကြသည်။ ဆေးရုံတွင်
သူမေးခွန်းများစွာ အမေးခံရသည်။
ဆေးအကူ ၀န်ထမ်းတစ်ဦးက မေးသည်။
`ခင်ဗျား ဆေးလိပ်သောက်သလား´
ဂျွန်က လေသံပျော့ပျော့ကလေးဖြင့် ဖြေသည်။
'မသောက်ပါဘူး၊ ကျွန်တော်ဖြတ်ထားပါတယ်´
`အဲဒါကောင်းတယ်၊ ဘယ်တုန်းက ဖြတ်လိုက်တာလဲ´
`ဒီ မနက်၉နာရီ ခွဲလောက်ကပါ´

မြင်ဆရာဆိုသော်လည်း

အိမ်ထောင်ကျကာစ သမီးထံသို့ ကျွန်တော်တို့ ဇနီး မောင်နှံအလည်သွားကြရာ သမီးကို
ညနေစာချက်ရန် စီစဉ်နေစဉ်တွေ့ရသည်။ ကြက်တစ်ကောင်ကို အေးခဲထားရာမှ
ပြန်လည်ပျော့ပြောင်းလာစေရန် မီးဖိုခန်းရှိ ကြွေခွက်ထဲတွင် ချထားသည်ကို
တွေ့ရသည်။ ကြက်အပေါ်တွင် ပန်းကန်များရေစစ်သောဆန်ခါ အုပ်ထားသေးသည်။
ကြက်အပေါ်တွင် ဆန်ခါဘာကြောင့် အုပ်ထားရသနည်း ဟု ကျွန်တော်ကမေးရာ
သမီးကပြန်ဖြေသည်။
'အမေပဲ အဲသလို အမြဲလုပ်ခဲ့လို့ လိုက်လုပ်တာလေ´
ကျွန်တော့်ဇနီးက ပြန်ပြောသည်။
`အေး...ငါအုပ်တာ ဟုတ်တယ်၊ ဒါပေမဲ့ ညည်းက ကြောင်မရှိဘဲနဲ့ ဘာလို့ အုပ်တာလဲ´

 အဖိုးအခ
အုန်းပင်ပိုင်ရှင်တစ်ဦးသည် အုန်းပင်တက်သူတစ်ယောက်ကို ခေါ်၍ သူ၏ အုန်းပင်မှ
အုန်းသီးခူးခိုင်းသည်။ အခကြေးငွေအဖြစ် အုန်းသီးပဲယူမည်ဟု အုန်းပင်တက်သူက
ဆိုသည်။ အတက်တစ်လုံး အဆင်းတစ်လုံးဖြစ်သည်။ သို့နှင့် အုန်းပင်ပေါ်တက်၍
အုန်းပင်ပိုင်ရှင်ခူးခိုင်းသော အုန်းခိုင်များ ခူးပေးသည်။ အကုန်ခူးပြီးသောအခါ
အုန်းပင်ပိုင်ရှင်က အုန်းသီးအားလုံးကို ယူ၍ သွားသည်။ အုန်းပင်ပိုင်ရှင်က..
`ဗျို့ ဆရာကြီး ၊ အုန်းပင်တက်ခအဖြစ် အုန်းသီးတစ်လုံး အောက်မှာ ထားခဲ့တယ်´
အုန်းပင်တက်သူက...
`ဟာ ဟေ့လူ၊ ခင်ဗျားပဲ အတက်တစ်လုံး အဆင်းတစ်လုံးပေးမယ်ဆို´
ထိုအခါ ပိုင်ရှင် ပြောလိုက်ပုံက..
`ခင်ဗျားကို အုန်းသီးတစ်လုံးပဲ ပေးနိုင်မယ်၊ ခင်ဗျားဖာသာ ဆင်းချင်ဆင်း
မဆင်းချင်နေ´ ဟူ၏  ။

Sunday, September 5, 2010

ချစ်သူလေးအိပ်ယာနိုးလာရင်အပျင်းပြေဖတ်ရန် ...:)

0

မာစတာကီး


စကားဝိုင်းတစ်ခုမှာ အမျိုးသမီးတစ်ဦးကပြောတယ်.. ရှင်တို့ယောကျာ်းတွေက မိန်းမတွေနဲ့ ထည်လဲအိပ်တော့ ”ယောကျာ်းကောင်း၊မောင်းမတစ်ထောင်” တဲ့ မိန်းမတွေက ယောကျာ်းတစ်ယောက်ထက်များပိုအိပ်မိရင်တော့ မကောင်းတဲ့မိန်းမတဲ့။ကြေးစားမတဲ့၊အတော်လည်းမတရားတာဘဲ။မိန်းမတွေကို နှိမ်ချင်ကြတယ် အဲဒီတော့ယောကျာ်းတစ်ယောက် ကပြန်ပြောတယ်.. ဒါကဒီလိုရှိတယ် အစ်မကြီးရယ်။သော့တစ်ချောင်းက သော့ခလောက်တွေ အများကြီး ဖွင့်နိုင် ရင်”မာစတာကီး” လို့ခေါ်တယ်၊ သော့ခလောက်တစ်ခု ကိုဘယ်သော့တံမဆို ဖွင့်နိုင်ရင်တော့ သုံးစားလို့မရ တဲ့သော့ခလောက်ဖြစ်သွား မှာပေါ့.......

မပြည့်နိုင်တဲ့ ဆန္ဒ

အမျိုးသမီးတစ်ဦးသည် မီးအိမ်တစ်လုံးကို ပွတ်လိုက်ရာ မီးခွက်စောင့်ဘီလူးထွက်လာသည်။
“ကျွန်မ ဆန္ဒပြုလို့ ရသလား”
“ဟုတ်ကဲ့ပါ၊ ဘာများပါလိမ့်”
“ဒီ မြေပုံကိုတွေ့လား၊ ကျွန်မ ဒီတိုင်းပြည်တွေကို အတိုက်အခိုက်တွေ ရပ်စေချင်တယ်” “သူတို့စစ်ဖြစ်လာတာ နှစ်ပေါင်းထောင်ချီနေပြီ။ ကျွန်တော် အဲဒီလောက် မတတ်နိုင်ဘူး။ တခြား ဘာများရှိပါသေးလဲ။”
“ကျွန်မ ယောက်ျားတစ်ယောက်လိုချင်တယ်။ ထောက်ထားညှာတာတတ်တဲ့၊ ကလေးတွေကို ချစ်တတ်တဲ့၊ အချက်အပြုတ်ဝါသနာပါတဲ့၊ တစ်နေ့လုံး အားကစားပွဲတွေ ထိုင်ကြည့်မနေတတ်တဲ့ လူမျိုးပါ”
မီးခွက်စောင့် ဘီလူးက သက်ပြင်းချကာ ပြောလိုက်သည်။
“အိုကေ..စောစောက မြေပုံလေး ပြန်ကြည့်ပါရစေ”

သက်သာတဲ့ဈေး

တည်းခိုခန်းတစ်ခုတွင်ဖြစ်သည်။
တည်းခိုခန်းပိုင်ရှင်။ ။အခန်းခက တစ်ည(၁၅)ဒေါ်လာပါ။ ကိုယ့်အိပ်ရာကိုယ်ပြင်ရင် ငါးဒေါ်လာပါ။ ဧည့်သည် ။ ။ကျွန်တော် ကိုယ့်အိပ်ရာကိုယ် ပြင်ပါ့မယ်။
တည်းခိုခန်းပိုင်ရှင်။ ။ကောင်းလိုက်တာဗျာ၊ ခင်ဗျားကို သံနဲ့သစ်တွေ ပေးပါ့မယ်။

သက်ရှည်ဘိုးဘိုး

အရက်ဆန့်ကျင်ရေးကော်မတီမှ အမှုဆောင်အဖွဲ့တစ်ဖွဲ့သည် အရက်သောက်ခြင်းကင်းဝေးလျှင် အသက်ရှည်နိုင်ကြောင်း သက်သေပြရန် အတွက် ကွင်းဆင်းလေ့လာကြသည်။ တစ်ရွာဝင် တစ်ရွာထွက် အသက်ရှည်သူများ တွေ့ရှိခဲ့ကြသည်။ အများစုမှာ အမျိုးသမီးများဖြစ်သည်။ ရွာတစ်ရွာတွင် အိမ်ရှေ့၌ ထင်းခွဲနေသော အသက် ၇၀၊၈၀ အရွယ် အဘိုးအိုတစ်ယောက်ကို တွေ့လိုက်ရသည်။ ထို့ကြောင့် အဖွဲ့သည် ထိုအဘိုးအိုအား အင်တာဗျူးရန် သွားရောက်ကြသည်။ “အဘိုး ခင်ဗျာ၊ အဘိုး ဒီအသက်အရွယ်အထိ ကျန်းကျန်းမာမာနေနိုင်တာ ဘာကြောင့်ပါလဲ” “အရက်ကို ရှောင်ရှားပြီး၊ ကျန်းမာတဲ့ အစားအစာတွေကို စားလို့ပေါ့ကွ”
ထိုစဉ် အိမ်ပေါ်မှ တဒုန်းဒုန်းနှင့် ပရိဘောဂများကို ထုရိုက်သံများကြားလိုက်ကြရသည်။ အဘိုးအိုက “နည်းနည်းသည်းခံကြပါကွာ၊ ငါ့အဖေက အရက်နည်းနည်းမူးလာရင် ဒီလိုပဲကွ” ဟု ပြောလိုက်လေသတည်း။

သူခိုးပါး

တရားခွင် တစ်ခု၌ ဖြစ်သည်။
“အကျဉ်းသား နာခံစေ၊ ဤရုံးတော်က သင်ဟာ ပေါင်ငွေ ၅၀၀၀ ခိုးယူခဲ့တယ်လို့ စွပ်စွဲထားခဲ့တယ်၊ ဒါပေမဲ့ သင့်မှာ အပြစ်ရှိကြောင့် သက်သေမပြနိုင်ခဲ့ပါဘူး။ ဒါကြောင့် သင့်ကို ယခုပဲ လွှတ်ပေးလိုက်ပါပြီ။ မောင်မင်းပြောစရာ တစ်စုံတစ်ရာများ ရှိပါသလား”
“ဒါဟာ ကျွန်တော်က ငွေတွေကို သိမ်းဆည်းထားနိုင်ပြီလို့ ယူဆနိုင်ပါသလား ခင်ဗျာ”

ဥာဏ်စူးလိုက်ပုံများ

နာမည်ကျော်စုံထောက်ကြီး ရှားလော့ဟုမ်းသည် တစ်ခုသော မနက်တွင် သူ၏လက်ထောက် ဒေါက်တာဝတ်ဆန်ကို ခေါ်လိုက်၏ ။
“၀တ်ဆန်၊ ခင်ဗျား ဒီနေ့ ဘာကြောင့်များအတွင်းခံအနီ ၀တ်ဆင်ထားရတာလဲ”
“အံ့ချီးဘနန်းပါပဲ ဟုမ်းရယ်၊ ကျွန်တော့်ရဲ့ အတွင်းခံအရောင်ကို ထောက်လှမ်းနိုင်တဲ့အတွက် ခင်ဗျားကို ချီးကျူးရမှာပါ၊ ဒါပေမဲ့ ပြောပြစမ်းပါဦးဗျ။ ခင်ဗျား ဘယ်လို ထောက်လှမ်းသလဲ ဆိုတာကို” “အလွယ်ကလေးပါဗျာ ၀တ်ဆန်ရဲ့ ။ ခင်ဗျားက ဘောင်းဘီဝတ်ဖို့ မေ့ခဲ့တာပဲဟာ”

သက်သေပြချက်

ဂျော်နီ့ကို သူ့အဖွားက ဆုံးမနေသည်။
“သူတစ်ပါး ပစ္စည်းကို ခိုးမယူရဘူး၊ လုမယူရဘူး။ မခိုးဘူး၊ မ၀ှက်ဘူးဆိုတာ ပညတ်တော်(၁၀)ပါးထဲမှာ ပါတယ်”
“ဟုတ်ကဲ့ ဖွားဖွား”
တစ်ရက်တွင် ဂျော်နီးသည် သူ့အမေနှင့် ဈေးလိုက်သွားသည်။ အိမ်ပြန်ရောက်သော် သူ့အဖွားအခန်းထဲ ပြေးဝင်သွား၏ ။
“ဖွားဖွား၊ သားဒေါ်လာ(၅၀၀၀) ကောက်ရတယ်”
“ဟင် ဒီလောက်အများကြီးကို ကောက်ရတယ်ဟုတ်လား”
“ဟုတ်တယ် ဖွားဖွားရဲ့ ။ မေမေဈေးဝယ်နေတုန်း သားအပြင်မှာ ဆော့နေရင်း ကောက်ရတာ”
“မင်း ခိုးလာတာများလား”
“မခိုးပါဘူး”
“ဲကဲ ဒါဆို မင်းကောက်ရတယ်ဆိုတာ ဘယ်လိုသက်သေပြမလဲ”
“ဖွားဖွားကလဲ ပျောက်သွားတဲ့လူတွေ သူတို့ ပိုက်ဆံကို လိုက်ရှာနေတာ သားကိုယ်တိုင်တွေ့ခဲ့တာပဲ“

အာဂအမေ

သမီးဖြစ်သူက သူ့အမေကြီးကို ဘိုးဘွားရိပ်သာမှာ နေချင်စိတ်ဖြစ်ပေါ်လာအောင်ဆိုပြီး ဘိုးဘွားရိပ်သာသို့ အလည်ခေါ်သွားသည်။ သို့သော် သူ၏ အမေက ဘိုးဘွားရိပ်သာ နေသင့်သည့် အရွယ်ရောက်နေသော်လည်း မနေချင်သေးပဲ လွတ်လွတ်လပ်လပ်နေချင်သည်။ ဘိုးဘွားရိပ်သာသို့ ရောက်သောအခါ သမီးဖြစ်သူက သူ့အမေကို ပြောလိုက်သည်။
“ဘယ်လိုလဲ အမေ...ပျော်စရာကောင်းတယ်မို့လား။ ဟိုမှာကြည့်စမ်းပါဦး။ ဖဲကစားနေကြတယ်လေ။ ဘယ်လောက်ပျော်စရာ ကောင်းလိုက်မလဲ။ ကျွန်မလဲ အဲဒီအဘိုးအဘွားတွေ အရွယ်ရောက်ရင် ဒီမှာလာနေမှာပဲ”
ထိုအခါ အမေဖြစ်သူ ပြောလိုက်ပုံမှာ...
“ကောင်းတယ်၊ ငါနင့်ဆီ လာလည်ရတာပေါ့”

 အမှန်ကိုပြောရရင်

တစ်နေ့တွင် အဘွားကြီးတစ်ဦးသည် တံခါးခေါက်သံကြား၍ ဖွင့်ပေးလိုက်ရာ ဖုန်စုပ်စက်တစ်လုံးကို ကိုင်ထားသော ကောင်းမွန်စွာ ၀တ်ဆင်ထားသည့် လူငယ်တစ်ဦးကို တွေ့လိုက်ရသည်။ “မဂ`်လာနံနက်ခင်းပါ၊ ကျွန်တော့်ကို အချိန်နှစ်မိနစ်၊ သုံးမိနစ်လောက်ပေးပါ။ နောက်ဆုံးပေါ် စွမ်းအားမြင့်မားတဲ့ ဖုန်စုပ်စက်ကို ပြချင်လို့ပါဗျာ”
“သွားစမ်းပါ၊ ငါ့မှာ ပိုက်ဆံမရှိဘူး”
 “အလျင်စလို မလုပ်ပါနဲ့ခင်ဗျာ၊ အနည်းဆုံး ကျွန်တော်ပြတာလေး ကြည့်ပါဦး”
ထို့နောက် လူငယ်သည် မြင်းချေးများထည့်ထားသော ပုံးကို စကြ`်န်တွင် ခင်းထားသည့် ကော်ဇောပေါ်သွန်ချလိုက်သည်။
“ဒီဖုန်စုပ်စက်က အမေ့ရဲ့ ကော်ဇောပေါ်က မြင်းချေးတွေကို ကုန်အောင်မရှင်းနိုင်ဘူးဆိုရင် ကျန်တာတွေကို ကျွန်တော်ကိုယ်တိုင်စားပြပါ့မယ်ဗျာ”
ထိုအခါ အဘွားကြီးပြောလိုက်တာကတော့...
“အေး... မင်းစားလို့ကောင်းမယ်လို့ မျှော်လင့်ပါတယ်၊ မနက်ကတည်းက မီးပျက်နေတယ်ကွဲ့”

သားလိမ္မာလေး

 စာသင်ခန်း၌ ဆရာမတစ်ယောက်သည် ကျောင်းသားများကို မေးလိုက်သည်။
“ဘယ်သူ နိဗ္ဗာန်ကို လိုက်ချင်လဲ၊ သွားချင်တဲ့သူတွေ လက်ညှိုးထောင်”
ဤတွင် ကျောင်းသားအားလုံး လက်ညှိုးထောင်ကြသည်။ သို့သော် တစ်ယောက်သော ကျောင်းသားမျာမူ လက်ညှိုးမထောင်ပဲရှိနေသည်။ ဆရာမက အံ့သြစွာနှင့် ထိုကျောင်းသားကို မေးလိုက်သည်။
“မင်းရော တို့နဲ့အတူ နိဗ္ဗာန်ကိုမသွားချင်ဘူးလား လူလေး”
“သွားချင်ပါတယ် ဆရာမ”
“ဒါဆိုရင် ဘာဖြစ်လို့ လက်ညှိုးမထောင်တာလဲ”
“အမေက ပြောထားတယ်ဗျ၊ ကျောင်းဆင်းတဲ့အခါ အိမ်ကို တန်းတန်းမတ်မတ်ပြန်တဲ့”

နှစ်ခါမှား

အလုပ်သမားတစ်ယောက်သည် သူ၏လစာငွေအထုပ်ထဲတွင် ပိုက်ဆံဆယ်ပေါင် ပိုမိုရရှိခဲ့သည်။ သို့သော် ထိုကိစ္စကို သူ၏အထက်အရာရှိကို မပြောပြခဲ့ပါ။ မည်သို့ပင် ဖြစ်စေ အရာရှိလုပ်သူသည် သူ့အမှားကို နောက်ဆုံးတွင် သတိပြုမိခဲ့သည်။ နောက်တစ်ပတ်၌ သူကအလုပ်သမား၏ လုပ်ခငွေထဲမှ ဆယ်ပေါင်နှုတ်ယူထားလိုက်သည်။
“ဒီမယ်၊ ဒီအပတ် ကျွန်တော့်မှာ ဆယ်ပေါင်လျော့နေတယ်ဗျ”
“မင်းက ပြီးခဲ့တဲ့အပတ် ဆယ်ပေါင်ပိုရတုန်းကတော့ ဘာမှမပြောခဲ့ဘူးလေ”
 “မဟုတ်ဘူးလေ၊ ကျွန်တော်က ခင်ဗျားကို အများတစ်ကြိမ်လုပ်တာကို ခွင့်လွှတ်နိုင်ပါတယ်။ ဒါပေမဲ့ နှစ်ကြိမ်အမှားဖြစ်ပြီဆိုတော့ စကားပြောစရာ ဖြစ်လာတာပေါ့ဗျာ“ ဟုအလုပ်သမားက ပြန်ပြောလိုက်တော့သည်။

လင်မယား

သူစိမ်း အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက် အဝေးပြေးရထားတစ်စီး၏ နှစ်ယောက်ခန်းတွင် အတူသွားကျသည်။ အဆင်မပြေမှု အနည်းငယ်ရှိသော်လည်း မကြာမီပင် နှစ်ယောက်စလုံးအိပ်ရာဝင်ကြသည်။ အမျိုးသမီးက အိပ်စင်အပေါ်ထပ်တွင် နေရာယူ၍ အမျိုးသားက အောက်ထပ်၌ ၀င်အိပ်သည်။ ညနက်ပိုင်းရောက်လာသောအခါ အမျိုးသမီးက အိပ်စင်းအပေါ်မှ... “ကျွန်မ အိပ်လို့မရအောင် ချမ်းနေတယ်။ အဲဒါရှင် ကျွန်မကို နောက်ထပ်စောင်တစ်ထည်လောက် ပေးနိုင်မလား” ဟု အမျိုးသားအား မေးသည်။
အမျိုးသားက စောင်ထဲမှ ခေါင်းပြူထွက်ကာ အရည်လဲ့လဲ့ မျက်ဝန်းဖြင့်...
“ဒီလို လုပ်လေ၊ ဒီညအတွက် ငါတို့ လင်မယားလို့ ဟန်ဆောင်လိုက်ကြရအောင်” ဟုပြောလိုက်သည်။ အမျိုးသမီးက တစ်ချက်တွေသွားပြီး ရယ်ကျဲကျဲဖြင့် “စမ်းကြည့်လေ”ဟု အဖြေပေးသည်။
ဤတွင် အမျိုးသားက...
“သဘောတူပြီနော်... ဟေ့မိန်းမ မင်းခြုံမယ့်စောင် မင်းဘာသာ မင်းထယူလေကွာ” ဟုအော်ငေါက်ကာ ခေါင်းမြီးခြုံ ပြန်အိပ်လိုက်လေသည်။ 

Friday, September 3, 2010

ကောင်မလေးကိုချစ်မိချင်း

0

အချစ်ဆိုတာကိုငါဟာ
အချိန်အတိုင်းအတာတစ်ခုမှာတွေ့ရှိခဲ့တယ်။
ငါမျှော်လင့်တာက
ငါ့ဘ၀မှာ နင်ဟာ
အရေးပါသူတစ်ယောက်ပေါ့။
ဝေဒနာတွေနဲ့
ပူဆွေးနေရမယ့်ဘ၀ကို
ငါမလိုချင်ဘူး။

ငါ့အဖြစ်အပျက်များကို
နားထောင်နှစ်သိမ့်
ဖြေသိမ့်ဆွေးနွေး
ဖြေရှင်းပေးတာလိုချင်တယ်။
အတ္တ၊ မာန၊ ဂုဏ်ပကာသနတွေနဲ့
ဘ၀ကိုမစချင်ဘူး။

ငါချစ်တဲ့နင်ဟာ
ငါ့ဘ၀မှာစံပြ
လမ်းပြသူဖြစ်ရမယ်။
ချစ်သူလေးနင့်ကို
ဖြူစင်တဲ့ အမြင်တွေနဲ့ပဲ
အမြဲတွေ့ချင်နေတယ်ကွာ။

မာယာဆိုတာကြီးနဲ့လဲ
တွဲတွဲပြီးမတွေ့ချင်ဘူး။
အမြဲချစ်ခင်နေမိတာက
ဖြူစင်တဲ့မင်းရဲ့အချစ်ကိုပါပဲ။

တကယ်လို့မင်းမုန်းမေ့မယ်ကြံခဲ့ရင်
ဖြူစင်တဲ့ ငါ့ရဲ့ နှလုံးသားကိုငဲ့ကွက်ပြီး
စာစာနာနာ ဆုံးဖြတ်ပါချစ်သူရာ။
ငါမှားခဲ့သမျှတွေဟာ
ကြင်နာသူမင်းအတွက်ပဲ
အမြဲဖြစ်နေမှာမို့ပါ။