အချစ်ဆိုတာကိုငါဟာ
အချိန်အတိုင်းအတာတစ်ခုမှာတွေ့ရှိခဲ့တယ်။
ငါမျှော်လင့်တာက
ငါ့ဘ၀မှာ နင်ဟာ
အရေးပါသူတစ်ယောက်ပေါ့။
ဝေဒနာတွေနဲ့
ပူဆွေးနေရမယ့်ဘ၀ကို
ငါမလိုချင်ဘူး။
ငါ့အဖြစ်အပျက်များကို
နားထောင်နှစ်သိမ့်
ဖြေသိမ့်ဆွေးနွေး
ဖြေရှင်းပေးတာလိုချင်တယ်။
အတ္တ၊ မာန၊ ဂုဏ်ပကာသနတွေနဲ့
ဘ၀ကိုမစချင်ဘူး။
ငါချစ်တဲ့နင်ဟာ
ငါ့ဘ၀မှာစံပြ
လမ်းပြသူဖြစ်ရမယ်။
ချစ်သူလေးနင့်ကို
ဖြူစင်တဲ့ အမြင်တွေနဲ့ပဲ
အမြဲတွေ့ချင်နေတယ်ကွာ။
မာယာဆိုတာကြီးနဲ့လဲ
တွဲတွဲပြီးမတွေ့ချင်ဘူး။
အမြဲချစ်ခင်နေမိတာက
ဖြူစင်တဲ့မင်းရဲ့အချစ်ကိုပါပဲ။
တကယ်လို့မင်းမုန်းမေ့မယ်ကြံခဲ့ရင်
ဖြူစင်တဲ့ ငါ့ရဲ့ နှလုံးသားကိုငဲ့ကွက်ပြီး
စာစာနာနာ ဆုံးဖြတ်ပါချစ်သူရာ။
ငါမှားခဲ့သမျှတွေဟာ
ကြင်နာသူမင်းအတွက်ပဲ
အမြဲဖြစ်နေမှာမို့ပါ။
Friday, September 3, 2010
ကောင်မလေးကိုချစ်မိချင်း
ကဗျာ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment