Sunday, September 5, 2010

ချစ်သူလေးအိပ်ယာနိုးလာရင်အပျင်းပြေဖတ်ရန် ...:)

မာစတာကီး


စကားဝိုင်းတစ်ခုမှာ အမျိုးသမီးတစ်ဦးကပြောတယ်.. ရှင်တို့ယောကျာ်းတွေက မိန်းမတွေနဲ့ ထည်လဲအိပ်တော့ ”ယောကျာ်းကောင်း၊မောင်းမတစ်ထောင်” တဲ့ မိန်းမတွေက ယောကျာ်းတစ်ယောက်ထက်များပိုအိပ်မိရင်တော့ မကောင်းတဲ့မိန်းမတဲ့။ကြေးစားမတဲ့၊အတော်လည်းမတရားတာဘဲ။မိန်းမတွေကို နှိမ်ချင်ကြတယ် အဲဒီတော့ယောကျာ်းတစ်ယောက် ကပြန်ပြောတယ်.. ဒါကဒီလိုရှိတယ် အစ်မကြီးရယ်။သော့တစ်ချောင်းက သော့ခလောက်တွေ အများကြီး ဖွင့်နိုင် ရင်”မာစတာကီး” လို့ခေါ်တယ်၊ သော့ခလောက်တစ်ခု ကိုဘယ်သော့တံမဆို ဖွင့်နိုင်ရင်တော့ သုံးစားလို့မရ တဲ့သော့ခလောက်ဖြစ်သွား မှာပေါ့.......

မပြည့်နိုင်တဲ့ ဆန္ဒ

အမျိုးသမီးတစ်ဦးသည် မီးအိမ်တစ်လုံးကို ပွတ်လိုက်ရာ မီးခွက်စောင့်ဘီလူးထွက်လာသည်။
“ကျွန်မ ဆန္ဒပြုလို့ ရသလား”
“ဟုတ်ကဲ့ပါ၊ ဘာများပါလိမ့်”
“ဒီ မြေပုံကိုတွေ့လား၊ ကျွန်မ ဒီတိုင်းပြည်တွေကို အတိုက်အခိုက်တွေ ရပ်စေချင်တယ်” “သူတို့စစ်ဖြစ်လာတာ နှစ်ပေါင်းထောင်ချီနေပြီ။ ကျွန်တော် အဲဒီလောက် မတတ်နိုင်ဘူး။ တခြား ဘာများရှိပါသေးလဲ။”
“ကျွန်မ ယောက်ျားတစ်ယောက်လိုချင်တယ်။ ထောက်ထားညှာတာတတ်တဲ့၊ ကလေးတွေကို ချစ်တတ်တဲ့၊ အချက်အပြုတ်ဝါသနာပါတဲ့၊ တစ်နေ့လုံး အားကစားပွဲတွေ ထိုင်ကြည့်မနေတတ်တဲ့ လူမျိုးပါ”
မီးခွက်စောင့် ဘီလူးက သက်ပြင်းချကာ ပြောလိုက်သည်။
“အိုကေ..စောစောက မြေပုံလေး ပြန်ကြည့်ပါရစေ”

သက်သာတဲ့ဈေး

တည်းခိုခန်းတစ်ခုတွင်ဖြစ်သည်။
တည်းခိုခန်းပိုင်ရှင်။ ။အခန်းခက တစ်ည(၁၅)ဒေါ်လာပါ။ ကိုယ့်အိပ်ရာကိုယ်ပြင်ရင် ငါးဒေါ်လာပါ။ ဧည့်သည် ။ ။ကျွန်တော် ကိုယ့်အိပ်ရာကိုယ် ပြင်ပါ့မယ်။
တည်းခိုခန်းပိုင်ရှင်။ ။ကောင်းလိုက်တာဗျာ၊ ခင်ဗျားကို သံနဲ့သစ်တွေ ပေးပါ့မယ်။

သက်ရှည်ဘိုးဘိုး

အရက်ဆန့်ကျင်ရေးကော်မတီမှ အမှုဆောင်အဖွဲ့တစ်ဖွဲ့သည် အရက်သောက်ခြင်းကင်းဝေးလျှင် အသက်ရှည်နိုင်ကြောင်း သက်သေပြရန် အတွက် ကွင်းဆင်းလေ့လာကြသည်။ တစ်ရွာဝင် တစ်ရွာထွက် အသက်ရှည်သူများ တွေ့ရှိခဲ့ကြသည်။ အများစုမှာ အမျိုးသမီးများဖြစ်သည်။ ရွာတစ်ရွာတွင် အိမ်ရှေ့၌ ထင်းခွဲနေသော အသက် ၇၀၊၈၀ အရွယ် အဘိုးအိုတစ်ယောက်ကို တွေ့လိုက်ရသည်။ ထို့ကြောင့် အဖွဲ့သည် ထိုအဘိုးအိုအား အင်တာဗျူးရန် သွားရောက်ကြသည်။ “အဘိုး ခင်ဗျာ၊ အဘိုး ဒီအသက်အရွယ်အထိ ကျန်းကျန်းမာမာနေနိုင်တာ ဘာကြောင့်ပါလဲ” “အရက်ကို ရှောင်ရှားပြီး၊ ကျန်းမာတဲ့ အစားအစာတွေကို စားလို့ပေါ့ကွ”
ထိုစဉ် အိမ်ပေါ်မှ တဒုန်းဒုန်းနှင့် ပရိဘောဂများကို ထုရိုက်သံများကြားလိုက်ကြရသည်။ အဘိုးအိုက “နည်းနည်းသည်းခံကြပါကွာ၊ ငါ့အဖေက အရက်နည်းနည်းမူးလာရင် ဒီလိုပဲကွ” ဟု ပြောလိုက်လေသတည်း။

သူခိုးပါး

တရားခွင် တစ်ခု၌ ဖြစ်သည်။
“အကျဉ်းသား နာခံစေ၊ ဤရုံးတော်က သင်ဟာ ပေါင်ငွေ ၅၀၀၀ ခိုးယူခဲ့တယ်လို့ စွပ်စွဲထားခဲ့တယ်၊ ဒါပေမဲ့ သင့်မှာ အပြစ်ရှိကြောင့် သက်သေမပြနိုင်ခဲ့ပါဘူး။ ဒါကြောင့် သင့်ကို ယခုပဲ လွှတ်ပေးလိုက်ပါပြီ။ မောင်မင်းပြောစရာ တစ်စုံတစ်ရာများ ရှိပါသလား”
“ဒါဟာ ကျွန်တော်က ငွေတွေကို သိမ်းဆည်းထားနိုင်ပြီလို့ ယူဆနိုင်ပါသလား ခင်ဗျာ”

ဥာဏ်စူးလိုက်ပုံများ

နာမည်ကျော်စုံထောက်ကြီး ရှားလော့ဟုမ်းသည် တစ်ခုသော မနက်တွင် သူ၏လက်ထောက် ဒေါက်တာဝတ်ဆန်ကို ခေါ်လိုက်၏ ။
“၀တ်ဆန်၊ ခင်ဗျား ဒီနေ့ ဘာကြောင့်များအတွင်းခံအနီ ၀တ်ဆင်ထားရတာလဲ”
“အံ့ချီးဘနန်းပါပဲ ဟုမ်းရယ်၊ ကျွန်တော့်ရဲ့ အတွင်းခံအရောင်ကို ထောက်လှမ်းနိုင်တဲ့အတွက် ခင်ဗျားကို ချီးကျူးရမှာပါ၊ ဒါပေမဲ့ ပြောပြစမ်းပါဦးဗျ။ ခင်ဗျား ဘယ်လို ထောက်လှမ်းသလဲ ဆိုတာကို” “အလွယ်ကလေးပါဗျာ ၀တ်ဆန်ရဲ့ ။ ခင်ဗျားက ဘောင်းဘီဝတ်ဖို့ မေ့ခဲ့တာပဲဟာ”

သက်သေပြချက်

ဂျော်နီ့ကို သူ့အဖွားက ဆုံးမနေသည်။
“သူတစ်ပါး ပစ္စည်းကို ခိုးမယူရဘူး၊ လုမယူရဘူး။ မခိုးဘူး၊ မ၀ှက်ဘူးဆိုတာ ပညတ်တော်(၁၀)ပါးထဲမှာ ပါတယ်”
“ဟုတ်ကဲ့ ဖွားဖွား”
တစ်ရက်တွင် ဂျော်နီးသည် သူ့အမေနှင့် ဈေးလိုက်သွားသည်။ အိမ်ပြန်ရောက်သော် သူ့အဖွားအခန်းထဲ ပြေးဝင်သွား၏ ။
“ဖွားဖွား၊ သားဒေါ်လာ(၅၀၀၀) ကောက်ရတယ်”
“ဟင် ဒီလောက်အများကြီးကို ကောက်ရတယ်ဟုတ်လား”
“ဟုတ်တယ် ဖွားဖွားရဲ့ ။ မေမေဈေးဝယ်နေတုန်း သားအပြင်မှာ ဆော့နေရင်း ကောက်ရတာ”
“မင်း ခိုးလာတာများလား”
“မခိုးပါဘူး”
“ဲကဲ ဒါဆို မင်းကောက်ရတယ်ဆိုတာ ဘယ်လိုသက်သေပြမလဲ”
“ဖွားဖွားကလဲ ပျောက်သွားတဲ့လူတွေ သူတို့ ပိုက်ဆံကို လိုက်ရှာနေတာ သားကိုယ်တိုင်တွေ့ခဲ့တာပဲ“

အာဂအမေ

သမီးဖြစ်သူက သူ့အမေကြီးကို ဘိုးဘွားရိပ်သာမှာ နေချင်စိတ်ဖြစ်ပေါ်လာအောင်ဆိုပြီး ဘိုးဘွားရိပ်သာသို့ အလည်ခေါ်သွားသည်။ သို့သော် သူ၏ အမေက ဘိုးဘွားရိပ်သာ နေသင့်သည့် အရွယ်ရောက်နေသော်လည်း မနေချင်သေးပဲ လွတ်လွတ်လပ်လပ်နေချင်သည်။ ဘိုးဘွားရိပ်သာသို့ ရောက်သောအခါ သမီးဖြစ်သူက သူ့အမေကို ပြောလိုက်သည်။
“ဘယ်လိုလဲ အမေ...ပျော်စရာကောင်းတယ်မို့လား။ ဟိုမှာကြည့်စမ်းပါဦး။ ဖဲကစားနေကြတယ်လေ။ ဘယ်လောက်ပျော်စရာ ကောင်းလိုက်မလဲ။ ကျွန်မလဲ အဲဒီအဘိုးအဘွားတွေ အရွယ်ရောက်ရင် ဒီမှာလာနေမှာပဲ”
ထိုအခါ အမေဖြစ်သူ ပြောလိုက်ပုံမှာ...
“ကောင်းတယ်၊ ငါနင့်ဆီ လာလည်ရတာပေါ့”

 အမှန်ကိုပြောရရင်

တစ်နေ့တွင် အဘွားကြီးတစ်ဦးသည် တံခါးခေါက်သံကြား၍ ဖွင့်ပေးလိုက်ရာ ဖုန်စုပ်စက်တစ်လုံးကို ကိုင်ထားသော ကောင်းမွန်စွာ ၀တ်ဆင်ထားသည့် လူငယ်တစ်ဦးကို တွေ့လိုက်ရသည်။ “မဂ`်လာနံနက်ခင်းပါ၊ ကျွန်တော့်ကို အချိန်နှစ်မိနစ်၊ သုံးမိနစ်လောက်ပေးပါ။ နောက်ဆုံးပေါ် စွမ်းအားမြင့်မားတဲ့ ဖုန်စုပ်စက်ကို ပြချင်လို့ပါဗျာ”
“သွားစမ်းပါ၊ ငါ့မှာ ပိုက်ဆံမရှိဘူး”
 “အလျင်စလို မလုပ်ပါနဲ့ခင်ဗျာ၊ အနည်းဆုံး ကျွန်တော်ပြတာလေး ကြည့်ပါဦး”
ထို့နောက် လူငယ်သည် မြင်းချေးများထည့်ထားသော ပုံးကို စကြ`်န်တွင် ခင်းထားသည့် ကော်ဇောပေါ်သွန်ချလိုက်သည်။
“ဒီဖုန်စုပ်စက်က အမေ့ရဲ့ ကော်ဇောပေါ်က မြင်းချေးတွေကို ကုန်အောင်မရှင်းနိုင်ဘူးဆိုရင် ကျန်တာတွေကို ကျွန်တော်ကိုယ်တိုင်စားပြပါ့မယ်ဗျာ”
ထိုအခါ အဘွားကြီးပြောလိုက်တာကတော့...
“အေး... မင်းစားလို့ကောင်းမယ်လို့ မျှော်လင့်ပါတယ်၊ မနက်ကတည်းက မီးပျက်နေတယ်ကွဲ့”

သားလိမ္မာလေး

 စာသင်ခန်း၌ ဆရာမတစ်ယောက်သည် ကျောင်းသားများကို မေးလိုက်သည်။
“ဘယ်သူ နိဗ္ဗာန်ကို လိုက်ချင်လဲ၊ သွားချင်တဲ့သူတွေ လက်ညှိုးထောင်”
ဤတွင် ကျောင်းသားအားလုံး လက်ညှိုးထောင်ကြသည်။ သို့သော် တစ်ယောက်သော ကျောင်းသားမျာမူ လက်ညှိုးမထောင်ပဲရှိနေသည်။ ဆရာမက အံ့သြစွာနှင့် ထိုကျောင်းသားကို မေးလိုက်သည်။
“မင်းရော တို့နဲ့အတူ နိဗ္ဗာန်ကိုမသွားချင်ဘူးလား လူလေး”
“သွားချင်ပါတယ် ဆရာမ”
“ဒါဆိုရင် ဘာဖြစ်လို့ လက်ညှိုးမထောင်တာလဲ”
“အမေက ပြောထားတယ်ဗျ၊ ကျောင်းဆင်းတဲ့အခါ အိမ်ကို တန်းတန်းမတ်မတ်ပြန်တဲ့”

နှစ်ခါမှား

အလုပ်သမားတစ်ယောက်သည် သူ၏လစာငွေအထုပ်ထဲတွင် ပိုက်ဆံဆယ်ပေါင် ပိုမိုရရှိခဲ့သည်။ သို့သော် ထိုကိစ္စကို သူ၏အထက်အရာရှိကို မပြောပြခဲ့ပါ။ မည်သို့ပင် ဖြစ်စေ အရာရှိလုပ်သူသည် သူ့အမှားကို နောက်ဆုံးတွင် သတိပြုမိခဲ့သည်။ နောက်တစ်ပတ်၌ သူကအလုပ်သမား၏ လုပ်ခငွေထဲမှ ဆယ်ပေါင်နှုတ်ယူထားလိုက်သည်။
“ဒီမယ်၊ ဒီအပတ် ကျွန်တော့်မှာ ဆယ်ပေါင်လျော့နေတယ်ဗျ”
“မင်းက ပြီးခဲ့တဲ့အပတ် ဆယ်ပေါင်ပိုရတုန်းကတော့ ဘာမှမပြောခဲ့ဘူးလေ”
 “မဟုတ်ဘူးလေ၊ ကျွန်တော်က ခင်ဗျားကို အများတစ်ကြိမ်လုပ်တာကို ခွင့်လွှတ်နိုင်ပါတယ်။ ဒါပေမဲ့ နှစ်ကြိမ်အမှားဖြစ်ပြီဆိုတော့ စကားပြောစရာ ဖြစ်လာတာပေါ့ဗျာ“ ဟုအလုပ်သမားက ပြန်ပြောလိုက်တော့သည်။

လင်မယား

သူစိမ်း အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက် အဝေးပြေးရထားတစ်စီး၏ နှစ်ယောက်ခန်းတွင် အတူသွားကျသည်။ အဆင်မပြေမှု အနည်းငယ်ရှိသော်လည်း မကြာမီပင် နှစ်ယောက်စလုံးအိပ်ရာဝင်ကြသည်။ အမျိုးသမီးက အိပ်စင်အပေါ်ထပ်တွင် နေရာယူ၍ အမျိုးသားက အောက်ထပ်၌ ၀င်အိပ်သည်။ ညနက်ပိုင်းရောက်လာသောအခါ အမျိုးသမီးက အိပ်စင်းအပေါ်မှ... “ကျွန်မ အိပ်လို့မရအောင် ချမ်းနေတယ်။ အဲဒါရှင် ကျွန်မကို နောက်ထပ်စောင်တစ်ထည်လောက် ပေးနိုင်မလား” ဟု အမျိုးသားအား မေးသည်။
အမျိုးသားက စောင်ထဲမှ ခေါင်းပြူထွက်ကာ အရည်လဲ့လဲ့ မျက်ဝန်းဖြင့်...
“ဒီလို လုပ်လေ၊ ဒီညအတွက် ငါတို့ လင်မယားလို့ ဟန်ဆောင်လိုက်ကြရအောင်” ဟုပြောလိုက်သည်။ အမျိုးသမီးက တစ်ချက်တွေသွားပြီး ရယ်ကျဲကျဲဖြင့် “စမ်းကြည့်လေ”ဟု အဖြေပေးသည်။
ဤတွင် အမျိုးသားက...
“သဘောတူပြီနော်... ဟေ့မိန်းမ မင်းခြုံမယ့်စောင် မင်းဘာသာ မင်းထယူလေကွာ” ဟုအော်ငေါက်ကာ ခေါင်းမြီးခြုံ ပြန်အိပ်လိုက်လေသည်။ 

0 comments:

Post a Comment