Tuesday, September 7, 2010

ချစ်သူလေးဖတ်ကြည့်ပြီးပျော်ရွှင်နိုင်ပါစေနော်

မှားပါတယ် ....... ကိုဘစီရယ်


ကိုဘစီတစ်ယောက် ၇ွာမှ၇ုပ်၇ှင်ကြည်.၇န်တက်လာသည်။ ရုပ်ရှင်ကြည့်ရန် လက်မှတ်ရုံတွင် လက်မှတ်ဖြတ်နေသည်။ တခဏ… အကြာတွင် ကိုဘစီ တစ်ယောက် လက်မှတ်လာ ဖြတ်ပြန်သည်။ သိပ်မကြာလိုက် လက်မှတ်ရုံသို့ ကိုဘစီ ပြန်ရောက်လာကာ လက်မှတ် ဖြတ်ပြန်သည်။ လက်မှတ်ရောင်းသူ- (အံသြ စွာဖြင့်) စောစောတုန်းက လက်မှတ်နှစ်ခါ လာဝယ်တာ နောင်ကြီးပဲ မဟုတ်လား၊ ဒါကောဆို သုံး ခါရှိသွားပြီနော်။ ဘာလို့လဲဗျ။
ကိုဘစီမှာစိတ်ညစ်နေဟန်ဖြင့် ...
ဘာဖြစ်ရမှာလဲဗျ။ ရုံပေါက်က လူပေါ့၊ တော်တော်ဆိုးတယ်ဗျာ… ကျုပ်လက်မှတ်ကို တောင်းပြီး စုတ်ဖြဲပစ်လိုက်တယ်။  .....

အလှူငွေ


             အောင်မြင်မှုအရဆုံးဟု အများကသတ်မှတ်ထားသည့် ရှေ့နေကြီးသည် ယခုချိန်ထိ အလှူငွေတစ်ပြား တစ်ချပ်မှ
ထည့်ဝင်ခြင်းမပြုသေးကြောင်း သတိထားမိသော ပရဟိတအသင်းတစ်ခုသည် မိမိဧ။် ကိုယ်စားလှယ် တစ်ဦးကို ရှေ.နေကြီး
ဧ။်အိမ်သို. စေလွတ်လိုက်သည်။ ရောက်သည်နှင့် အသင်းကိုယ်စားလှယ်က စကား စ သည်။
            " လူကြီးမင်းဟာ ...ဒီမြို.မှာ အောင်မြင်မှုအရဆုံး ရှေ.နေကြီးပါ။ ကျနော် တို. အသင်းအတွက် အလှူငွေ
               မထည့်နိုင်ဘူးလား ခင်ဗျာ။"
              ရှေ.နေကြီးက ပြန်ပြောသည်။
             "ကျနော့် အမေ ဟာ နာတာရှည်ရောဂါနဲ့ ဝေဒနာပြင်းပြင်းထန်ထန်ခံစားပြီး မနက်ဖြန် တဘက်ခါ
             သေတော့မယ်ဆိုတာ ခင်ဗျားသိသလား"
             ကိုယ်စားလှယ်သည် မျက်နှာပျက်ပျက်နဲ့ ရှေ့နေကြီးကို တောင်းပန်သည်။
             " ကျနော် တောင်းပန်ပါတယ်။ ကျနော် ...ဒါတွေကို ဘာမှ မသိပါဘူး"
              ရှေ.နေကြီး ဆက်ပြောသည်။
              "စစ်ပြန်ဖြစ်တဲ့ ကျနော့် ညီလေးဟာ မျက်လုံးကန်းနေတယ်။ အိပ်ရာထဲက မထနိုင်ဘူး။ သူ.မိန်းမ ကလေးခြောက်ယောက်နဲ့ ။
               အဲဒါကော ခင်ဗျားသိသလား။"
               " ကျနော် အထူးတောင်း...တောင်းပန်ပါတယ်။ ဒါတွေကို ကျနော် ဘာမှ မသိပါဘူး"
               အသံမြှင့်ပြီးေ၇ှ.နေကြီး ဆက်ပြောသည်။
              " ကျနော့် ညီမလေး ယောက်ျားဟာ ကားတိုက်ပြီး သေသွားတယ်။ ကျနော့်ညီမဟာ ကြွေးတွေ ပတ်လည် ၀ိုင်းပြီး
              ကလေး သုံးယောက်နဲ့ ကျန်ခဲ့တယ်ဆိုတာကော ခင်ဗျား သိသလား ဟင် "
             " ဘုရား...ဘုရား သနားစရာပါလား ခင်ဗျာ "
             ရှေ.နေကြီး စကားကို အဆုံးသတ်သည်။
              " အေး... အဲဒါတောင် သူတို.ကို ခုချိန်ထိ  ကျုပ် တစ်ပြားတစ်ချပ်မှ မပေးခဲ့ရင် ခင်ဗျားတို့ကိုတော့
                ကျနော် ပေးမှာပဲလို. ဘာလို.ထင်ရတာလဲဗျ ... ဟင် "


ကောင်းရော...



ဆေးကျောင်းတခုတွင် ဖြစ်သည်။
ဆရာပေါက် ၂ ယောက် က ကျောင်း သား ကျောင်း သူ များ အား စာမေး ပွဲ စစ်နေသည်။
ဆရာပေါက်စ ၂ ယောက် က ခွက် ပုံး ကစ် ရင်း စစ် နေ ကြခြင်းဖြစ် သည်။
စစ် တဲ့ ပုံ စံ က တော့... ကြွတ်ကြွတ် အိတ်လေး တခု စီထဲ မှာ. လူ့ ကိုယ် တွင်း မှာ ရှိတဲ့.. အင်္ဂါ အစိတ် အပိုင်း တ ခု စီထည့် ထား သည်... ပြီး တော့.
ကျောင်း သား၊ ကျောင်း သူများက မိ မိ စိတ် ကြိုက် အိတ်ကို ရွေး ချယ် ပြီး
ထို အစိတ်အပိုင်း သည် ဘာ ဖြစ် တယ်.. ဘယ် လို အလုပ် လုပ် တယ် ဆို တာ ကို ဖြေ ဆို ရမှာ ဖြစ် ပါတယ်..
အဲ ဒီလိုနဲ့..
ကျောင်း သား ကျောင်း သူ တွေ ဖြေဆို သွား လိုက် ကြတာ..
ကျေားင်းသူလေး တ ယောက် အလှည့် ကြတော့....
ကျွတ်ကျွတ် အိပ်ကို စမ်း ကြည့်ပြီး...
မျက်လုံး.. ပြူး မျက်စံ ပြူး နဲ့..
"ဟင် .. ဟင်.. ဒါ....ဒါ ... ဒါ .. ၀က် အူချောင်း...၀က် အူ ချောင်း" ..
လို့ ပြော ပါတယ်..
အဲဒီမှာ ဆရာ ၂ ယောက် က...
"သမီး ဒါ စာမေး ပွဲစစ် တာ လေ...သေချာစဉ်းစား သမီး... "
"သမီး မှာ chance ရှိ တယ် စဉ်းစား လို့ ရသေးတယ် "... လို့ ပြောပါတယ်..
အဲဒီမှာ.. ကျောင်းသူ လေး က...
"မ.. မဟုတ်ဘူး.. ဒါ ၀က်အူချောင်း မှ ၀က် အူချောင်း အစစ်.." လို့.. ပြောပါတယ်.
ထို အခါ ဆရာကလည်း.
"မဟုတ်သေးဘူးလေ သမီး... ဒါလူ့ ကိုယ် အင်္ဂါ အစိတ် အပိုင်း တွေ.. လေ"
"ဘယ်လို လုပ် ၀က် အူချောင်း ပါမှာလည်း... သေသေ ချာချာစဉ်းစား သမီး"
"ပြီးတော့ သမီးက ဆရာဝန်လုပ်မှာလေ.. မရှက် ရဘူး..." လို့ ပြော သတဲ့..
ကျောင်း သူလေး က လည်း..
"မဟုတ်ဘူး သမီး သိ တယ် ဒါ ၀က် အူချောင်း မှ ၀က် အူချောင်း အစစ်.."
ထိုအခါ ဆရာ ၂ ယောက် မှာ မနေသာတော့ပဲ.
"ကဲ ဒါဆို ဖွင့် ကြည့် ကြရအောင်" ဆို ပြီး ဖွင့် ကြည့်လိုက် တဲ့ အခါ...
တ ကယ် ပဲ.. ၀က် အူ ချောင်း ကြီး ထွက်လာ သတဲ့.....
ထို အခါ ဆရာ တစ် ယောက် ပြောလိုက် ပုံ က..
"ဟာ .. ခွီး တဲ့ မှ ပဲ... ငါ တို့.. ၀က် အူ ချောင်း နဲ့ မှား မြည်း မိပြီ"...တဲ့...

ကားဖိုး

လူနာ       ။     ။ ဒေါက်တာ၊ ကျွန်တော့် ရောဂါကို ကုဖို့ ဘယ်လောက်ကုန်ကျမလဲ။
ဒေါက်တာ ။     ။ ဒေါ်လာ ၈၀၀၀၀ လောက်တော့ ကုန်လိမ့်မယ်။
လူနာ       ။     ။ ဗျာ၊ ဒေါ်လာ ၈၀၀၀၀၊ အဲဒီကုန်ကျငွေက ကားတစ်စီး
လောက်ဝယ်လို့ရတဲ့ဗျ။
ဒေါက်တာ ။     ။ သိပ်မှန်တာပေါ့ဗျာ၊ ကျုပ်စီစဉ်နေတာလဲ ဒီကိစ္စပဲလေ။

မျက်မမြင်ရဲ့ ဒုက္ခ
ဂေါ်ဒွန်သည် မျက်မမြင်ဖြစ်ပြီး သူ၏မျက်လုံးများနှင့် ပတ်သက်၍ ဒုက္ခရောက်နေသည်။
ထို့ကြောင့် ဆရာဝန်တစ်ယောက်အား အကူအညီတောင်းကြည့်သည်။
`ဆရာရယ်၊ ကျွန်တော့်မှာ ဒီထူးဆန်းတဲ့ ပြဿနာ ဖြစ်နေတယ်ဗျာ၊
ကော်ဖီတစ်ခွက်သောက်တိုင်း ကျွန်တော့် ညာဘက်မျက်လုံး နာတယ်ဗျ´
'နောက်တစ်ကြိမ်မသောက်ခင်မှာ ခွက်ထဲက ဇွန်းကို ထုတ်လိုက်ဖို့ အကြံပေးမယ်ဗျာ´

သိပ်မရှင်းလို့

တရားသူကြီးတစ်ဦးသည် အန္တရာယ်ဖြစ်လောက်သော ကားမောင်းနှင်မှုကြောင့်
ပြစ်ဒဏ်ခံရသည့် လူတစ်ယောက်အား စီရင်ချက်ချမှတ်ရန် လုပ်နေ၏ ။
`တရားခံမောင်မင်းက အရှိန်လွန် ကားမောင်းခဲ့ ပြင်းထန်တဲ့
ယာဉ်တိုက်မှုဖြစ်စေခဲ့တာကို ၀န်ခံတဲ့အတွက် ရုံးတော်က မောင်မင်းမှာ
အပြစ်ရှိကြောင်း တွေ့ရှိခဲ့တယ်။ ဒါကြောင့် ပြစ်ဒဏ်စီရင်ချက်ကတော့ ဒဏ်ငွေ ပေါင်
၅၀၀ သို့မဟုတ် ထောင်ဒဏ်ခြောက်လ ကျခံစေ´
`အဲ...ကျွန်တော်မျိုးကတော့ ဒီဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ သိပ်အကြာကြီး
စဉ်းစားနေစရာ မရှိပါဘူး တရားသူကြီးမင်းရယ်....၊ ကျွန်တော်မျိုး ပေါင်ငွေ ၅၀၀
ကိုပဲယူပါ့မယ်ခင်ဗျာ´

ကြွားတာတောင် မသိဘူးလား

ဘုရားကျောင်းသို့  အသက်၇၅နှစ် အရွယ်အဖိုးအိုတစ်ဦး ရောက်လာပြီး
အပြစ်ဖွင့်ဟ၀န်ခံရအခန်းသို့ သွား၍ ဘုန်းကြီးအား ပြောသည်။
'ကျွန်တော် အပြစ်ပြုမိခဲ့ပါတယ် ဖာသာ၊ ကျွန်တော့်ကို ခွင့်လွှတ်ပါ၊ ကျွန်တော်ဟာ
အသက်၂၀ အရွယ် မိန်းမပျိုလေးဦးကို တစ်ပြိုင်တည်း ချိန်းတွေ့ခဲ့ပါတယ်´
`ခင်ဗျားရဲ့ နောက်ဆုံးအပြစ်ဝန်ခံတာပြီးတဲ့နောက် ဘယ်လောက်အကြာမှာ

ဒီကိစ္စဖြစ်တာလဲ´
`ကျွန်တော် ဘယ်တုန်းကမှ အပြစ်ဝန်မခံခဲ့ပါဘူး၊ ကျွန်တော်ဂျူးပါ´
`ဒီလိုဆို ခင်ဗျားဘာလို့ ကျွန်တော့်ကို လာပြောနေရတာလဲ´
`ခင်ဗျားကို ပြောနေတယ်မဟုတ်လား၊ ကျွန်တော်က လူတိုင်းကို ပြောနေတာဗျ´

မိုက်လိုက်တဲ့ငါ

ကျွန်တော်၏ လုပ်ဖော်ကိုင်ဘက် အမျိုးသမီးတစ်ဦးသည် တစ်နေ့လုံး
မတော်တဆဖြစ်မှုများနှင့် အမှားအယွင်းများစွာ ကျူးလွန်ပြီးနောက်
အတော်စိတ်ကုန်သွားသည်။
သူမက စိတ်မရှည်နိုင်တော့ဘဲ အော်ပြောသည်။
`ဘယ်နှယ့်ကြောင့် လူနုံလူမိုက်တွေဖြစ်နေကျ ကိစ္စတွေမှ ငါ့မှာ လာဖြစ်နေရတာလဲ´

တစ်ဝက်ရရင်တော်ပါပြီ

ချမ်းသာသော လုပ်ငန်းရှင်တစ်ဦးသည် စားသောက်ဆိုင်တစ်ဆိုင်တွင် စားသောက်ရင်း
လည်ပင်းအတွင်း ငါးရိုးမျက်သွားသည်။ အနီးရှိစားပွဲတွင် ထိုင်နေသူ ဒေါက်တာတစ်ဦး
ထလာပြီး `ဟိန်းမ်လစ်ခ်ျ´နည်းစဉ်ဖြင့် ငါးရိုးကျသွားအောင် လုပ်ပေးလိုက်၍
သူအသက်ချမ်းသာရာရသွားသည်။
လုပ်ငန်းရှင်က ပြောသည်။
`ကျေးဇူးတင်ပါတယ်ဗျာ၊ တကယ်ကိုကျေးဇူးပါ၊ ခင်ဗျားကို ကျွန်တော်ပေးကို
ပေးမှဖြစ်မယ်၊ ဒီတော့ ကျေးဇူးပြုပြီး အဖိုးအခကို ပြောပါဗျာ´
ဒေါက်တာကပြောသည်။
`အိုကေ...ခင်ဗျားလည်ချောင်းထဲ ငါးရိုးစူးနေတုန်းက ပေးချင်နေတဲ့ ပိုက်ဆံရဲ့
တစ်ဝက်ပဲပေးပါ´

အတွေ့အကြုံရှိပါတယ်

အရောင်းဆိုင်ကြီးတစ်ဆိုင်အတွက် အလုပ်နေရာတစ်ခုကို လာလျှောက်သူလူငယ်တစ်ဦးအား
ကျွန်တော်က အင်တာဗျူးလုပ်သည်။
ကျွန်တော်က မေးသည်။
`ရည်မှန်းချက် ပန်းတိုင်းတစ်ခုကို ရောက်ဖို့ အသင်းလိုက်လှုပ်ရှားတစ်ခုမှာ
မင်းပါဝင်လုပ်ဆောင်ခဲ့ဖူးရင် အဲဒီတုန်းက အကြောင်းကို ပြောပြပါ´
`ကျွန်တော်တပ်ထဲမှာ သင်တန်းတက်တုန်းက မြစ်တစ်စင်းကို ဖြတ်ဖို့ ဖောင်တစ်စင်း
 ဖွဲ့တာလုပ်ဖူးပါတယ်´
`လက်တွေ့ကျတဲ့ နမူနာပဲ´ ဟုကျွန်တော်တွေးမိသည်။
`ဒီတော့ မင်းတို့အဖွဲ့အတွက် မင်းဘာလုပ်ပေးခဲ့သလဲ´
`ပေးထားတဲ့ ပစ္စည်းတွေနဲ့ ဖောင်တစ်စင်း ဖြစ်အောင် စုစည်းတပ်ဆင်ပါတယ်´
ဟုတ်တော့ ဟုတ်နေပြီ´ဟု ကျွန်တော်သဘောကျသွားသည်။
`ဒီတော့ ရလဒ်က ဘာဖြစ်လာတာလဲကွာ´
`ဖောင်မြုပ်သွားပါတယ်´

မှန်တာကို သစ္စာဆိုပါမည်

နှစ်ပေါင်းများစွာ ဆေးလိပ်သောက်လာခဲ့ခြင်းက နောက်ဆုံးတွင် နှိပ်စက်လိုက်သဖြင့်
ကျွန်တော့်သူငယ်ချင်းဂျွန်သည် တစ်နံနက်ခင်းတွင် အလုပ်ခွင်၌ ရင်ဘတ်ကို လက်ဖြင့်
အုပ်၍ လဲကျသွားသည်။ သူ့ကို ဆေးရုံသို့ အမြန်ပို့ကြသည်။ ဆေးရုံတွင်
သူမေးခွန်းများစွာ အမေးခံရသည်။
ဆေးအကူ ၀န်ထမ်းတစ်ဦးက မေးသည်။
`ခင်ဗျား ဆေးလိပ်သောက်သလား´
ဂျွန်က လေသံပျော့ပျော့ကလေးဖြင့် ဖြေသည်။
'မသောက်ပါဘူး၊ ကျွန်တော်ဖြတ်ထားပါတယ်´
`အဲဒါကောင်းတယ်၊ ဘယ်တုန်းက ဖြတ်လိုက်တာလဲ´
`ဒီ မနက်၉နာရီ ခွဲလောက်ကပါ´

မြင်ဆရာဆိုသော်လည်း

အိမ်ထောင်ကျကာစ သမီးထံသို့ ကျွန်တော်တို့ ဇနီး မောင်နှံအလည်သွားကြရာ သမီးကို
ညနေစာချက်ရန် စီစဉ်နေစဉ်တွေ့ရသည်။ ကြက်တစ်ကောင်ကို အေးခဲထားရာမှ
ပြန်လည်ပျော့ပြောင်းလာစေရန် မီးဖိုခန်းရှိ ကြွေခွက်ထဲတွင် ချထားသည်ကို
တွေ့ရသည်။ ကြက်အပေါ်တွင် ပန်းကန်များရေစစ်သောဆန်ခါ အုပ်ထားသေးသည်။
ကြက်အပေါ်တွင် ဆန်ခါဘာကြောင့် အုပ်ထားရသနည်း ဟု ကျွန်တော်ကမေးရာ
သမီးကပြန်ဖြေသည်။
'အမေပဲ အဲသလို အမြဲလုပ်ခဲ့လို့ လိုက်လုပ်တာလေ´
ကျွန်တော့်ဇနီးက ပြန်ပြောသည်။
`အေး...ငါအုပ်တာ ဟုတ်တယ်၊ ဒါပေမဲ့ ညည်းက ကြောင်မရှိဘဲနဲ့ ဘာလို့ အုပ်တာလဲ´

 အဖိုးအခ
အုန်းပင်ပိုင်ရှင်တစ်ဦးသည် အုန်းပင်တက်သူတစ်ယောက်ကို ခေါ်၍ သူ၏ အုန်းပင်မှ
အုန်းသီးခူးခိုင်းသည်။ အခကြေးငွေအဖြစ် အုန်းသီးပဲယူမည်ဟု အုန်းပင်တက်သူက
ဆိုသည်။ အတက်တစ်လုံး အဆင်းတစ်လုံးဖြစ်သည်။ သို့နှင့် အုန်းပင်ပေါ်တက်၍
အုန်းပင်ပိုင်ရှင်ခူးခိုင်းသော အုန်းခိုင်များ ခူးပေးသည်။ အကုန်ခူးပြီးသောအခါ
အုန်းပင်ပိုင်ရှင်က အုန်းသီးအားလုံးကို ယူ၍ သွားသည်။ အုန်းပင်ပိုင်ရှင်က..
`ဗျို့ ဆရာကြီး ၊ အုန်းပင်တက်ခအဖြစ် အုန်းသီးတစ်လုံး အောက်မှာ ထားခဲ့တယ်´
အုန်းပင်တက်သူက...
`ဟာ ဟေ့လူ၊ ခင်ဗျားပဲ အတက်တစ်လုံး အဆင်းတစ်လုံးပေးမယ်ဆို´
ထိုအခါ ပိုင်ရှင် ပြောလိုက်ပုံက..
`ခင်ဗျားကို အုန်းသီးတစ်လုံးပဲ ပေးနိုင်မယ်၊ ခင်ဗျားဖာသာ ဆင်းချင်ဆင်း
မဆင်းချင်နေ´ ဟူ၏  ။

0 comments:

Post a Comment